ကျွန်တော်တို့ နေ့တိုင်အသုံးပြုနေတဲ့ Software တွေ Bank application တွေရဲ့ လုံခြုံမှု၊ မြန်ဆန်မှု၊ အလုပ်တွေကိုထိထိရောက်ရောက်လုပ်နိုင်ဖို့က အရေးကြီးလာပါတယ်။ ဥပမာ ကိုယ်သုံးနေတဲ့ Bank Software က မြန်မြန်ဆန်ဆန်နဲ့ လုံခြုံမှုမရှိဘူးဆိုရင် ကျွန်တော်တို့ပိုင်ဆိုင်တာတွေ ဆုံးရှုံးနိုင်ပါတယ်။
ဒီ Post မှာ Software တွေရဲ့ အလုပ်လုပ်တာတွေက သေချာမှန်ကန်ပါတယ်၊ မြန်မြန်ဆန်ဆန်နဲ့ လုံလုံခြုံခြုံ အလုပ်လုပ်နေပါတယ် ဆိုတာကို သက်သေပြပေးနိုင်မယ့် Binance HODLer Airdrop ကနေ မိတ်ဆက်လိုက်တဲ့ Succinct ဆိုတဲ့ Project အကြောင်း မျှဝေပေးပါမယ်။
Succinct ဆိုတာ ဘာလဲ?
Succinct ဆိုတာက Zero-Knowledge Proofs လို့ခေါ်တဲ့နည်းပညာကိုသုံးပြီးတော့ Software တွေရဲ့ နောက်ကွယ်ကအလုပ်လုပ်တာတွေက မှန်ကန်ကြောင်း သက်သေပြပေးတဲ့ Platform ပါ။ မြင်သာအောင် ပြောရရင် မိတ်ဆွေရဲ့လက်ထဲမှာ မီးခံသေတ္တာကိုဖွင့်နိုင်တဲ့ သော့ရှိတယ်။ မိတ်ဆွေက သူငယ်ချင်းကို “ဒီမီးခံသေတ္တာငါဖွင့်နိုင်တယ်” ဆိုတာကို သက်သေပြချင်တယ်။ ဒါပေမယ် ဘယ်လိုဖွင့်လိုက်တာလဲ ဆိုတဲ့အသေးစိတ်ကို မပြောပြဘူးဆိုတာမျိုးပါ။
Software တစ်ခုရဲ့ “မှန်ကန်မှု” ဆိုတာက Software ကလုပ်ရမယ့် အလုပ်တွေကို မှန်မှန်ကန်ကန်နဲ့ လုပ်တာကို ဆိုလိုတာပါ။ ဥပမာ
1. ကျွန်တော်က Ethereum ပေါ်ကနေ လူတစ်ယောက်ကို ပိုက်ဆံလွှဲလိုက်တယ်။ အဲဒီလွှဲပြောင်းမှုက မှန်မှန်ကန်ကန် လုပ်လား မလုပ်လားဆိုတာကို Succinct ကသက်သေပြပေးနိုင်ပါတယ်။ ဒီလိုသက်သေပြတဲ့အခါ အသေးစိတ်အချက်အလက်တွေဖြစ်တဲ့ ဘယ်သူ့ကို ဘယ်လောက်လွှဲလိုက်ပါတယ်ဆိုတာကိုက ပြဖို့မလိုပါဘူး။
2. နောက်ဥပမာတစ်ခုပြပေးပါဆိုရင် မိတ်ဆွေက ဆေးရုံတစ်ခုမှာ လူနာဒေတာတွေကို စီမံဆောင်ရွက်ပေးတဲ့ Software တစ်ခုကို အသုံးပြုနေတယ်ဆိုပါစို့။ Succinct က အဲဒီဒေတာတွေက မှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်နေတယ်ဆိုတာကို သက်သေပြပေးနိုင်ပါတယ်။ ဒါပေမယ့် လူနာရဲ့ နာမည်၊ ရောဂါအချက်အလက်တွေလို အရေးကြီးတဲ့အချက်အလက်တွေကို ပြဖို့မလိုပဲနဲ့ မှန်ကန်ပါတယ်ဆိုတာကို သက်သေပြပေးနိုင်ပါတယ်။
ဒီလို သေချာအောင် အလုပ်လုပ်နိုင်ဖို့က သူ့မှာ SP1 လို့ခေါ်တဲ့ Zero-Knowledge Virtual Machine (zkVM) ဆိုတဲ့ Tool တစ်ခုရှိပါတယ်။ ဒါက Software တွေရဲ့ နောက်ကွယ်ကအလုပ်လုပ်တာတွေကို အသေးစိတ်ပြစရာမလိုပဲနဲ့ Software ရဲ့အလုပ်လုပ်တာတွေက မှန်ကန်ပါတယ်ဆိုတာကို သက်သေပြပေးနိုင်ပါတယ်။ ဒါကို Rust ဆိုတဲ့ Programming Laguage ကိုလေ့လာထားသူအနေနဲ့ ZK proof တွေအဖြစ် ပြောင်းလို့ရပါတယ်။ ဒါအပြင် သူ့ရဲ့ Decentralized Prover Network က မြန်မြန်ဆန်ဆန်နဲ့ သက်သေပြတာတွေလုပ်နိုင်ပြီးတော့ ကုန်ကျစရိတ်သက်သာအောင်လည်း လုပ်ပေးနိုင်ပါတယ်။
Succinct ရဲ့ website မှာပြထားတဲ့ “Prove the World’s Software” ဆိုတဲ့အတိုင်း Software တွေရဲ့ မှန်မှန်ကန်ကန်အလုပ်လုပ်တာတွေကို Zero-Knowledge Proofs နဲ့ သက်သေပြပြီး လူတိုင်းအတွက် အလွယ်တကူ အသုံးပြုနိုင်အောင် လုပ်ထားပေးပါတယ်။ Ethereum, Solana နဲ့ အခြား Layer 2 Rollup တွေ၊ Mobile app တွေ website တွေနဲ့ပါ အသုံးပြုနိုင်ပါတယ်။
Succinct မှာ Funding အနေတဲ့ $55M ရရှိထားပြီးတော့ Polygon၊ Celestia၊ Avail တို့လို နာမည်ကြီး ပရောဂျက်တွေကတောင် Succinct ရဲ့ နည်းပညာကို အသုံးပြုနေကြပါတယ်။ ဒီအချက်အလက်တွေအရ Succinct က ဘယ်လောက်ထိ အားကောင်းလဲဆိုတာ သိသာစေပါတယ်။
Succinct က သက်သေပြပေးတဲ့ Project ဆိုတော့ သူ့ရဲ့ Native Token ကိုလည်း $PROVE ဆိုတဲ့ နည်မည်ကိုပေးထားပါတယ်။ အဲဒီ Token ကို Software တွေရဲ့မှန်ကန်ကြောင်း သက်သေပြတဲ့အခါလိုအပ်တဲ့ Fee တွေမှာအသုံးပြုတာ၊ Gas Fee လို Utility အတွက်အသုံးပြုတာ၊ Governacne လို့ခေါ်တဲ့ Project နဲ့သက်ဆိုင်တဲ့ အရေးကြီးဆုံးဖြစ်ချက် ချတဲ့နေရာတွေမှာ မဲပေးတာတွေအတွက် အသုံးပြုလို့ ရပါတယ်။
How to Join?
Binance အသုံးပြုတဲ့သူတွေဆိုရင် $PROVE Token ကို HODLer Airdrop ကနေ ယူဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ $BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ 2025 July လ 9 နေ့ရက်ကနေ 12 နေ့ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရခဲ့လဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။
PROVE HODLer Airdrop Detail
Succinct ရဲ့ Native Token က $PROVE ဖြစ်ပြီး Total Supply က 1 Billion ရှိပါတယ်။ HODLer Airdrop အတွက်က 15 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 195 Million ရှိပါတယ်။
ဆိုတော့ အကျဉ်းချုပ်ပြောရမယ်ဆိုရင် Succinct က Software တွေရဲ့ အလုပ်လုပ်တာတွေကို မှန်ကန်ကြောင်း သက်သေပြပေးတဲ့ Project တစ်ခုဖြစ်တယ်လို့ အလွယ်မှတ်ထားလို့ရပါတယ်။
👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0
(သို့မဟုတ်)
👉 Binance Referral Code: KGUL8TE0
👉 App Download
👉 https://www.binance.com/en/download