AI ကို အခုဆိုရင် စာသင်ကျောင်းတွေ၊ အလုပ်တွေကအစ နိုင်ငံတော်ကာကွယ်ရေးတွေမှာပါ အသုံးပြုလာကြပြီဆိုတော့ AI ပေးလိုက်တဲ့အဖြေတွေက ကျွန်တော်တို့အတွက် မှန်ကန်ပြီး ယုံကြည်စိတ်ချရဖို့ အရေးကြီးပါတယ်။ တချို့က AI ကြောင့် အလုပ်လက်မဲ့ ဖြစ်မှာကို စိုးရိမ်နေကြသလို၊ တချို့က AI ရဲ့အကူအညီနဲ့ အလုပ်အကိုင် ပိုပြီးအဆင်ပြေလာတာလည်း ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ဘုရင့်ထိုင်ခုံ ခွေးလုထားတာဆိုတော့ကာ AI နဲ့ ပညာရေး ကျန်းမာရေးတွေမှာ အသုံးပြုဖို့က အခုချိန် မဆင်မပြေဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ အိမ်နိးချင်းနိုင်ငံတွေမှာဆိုရင် AI နဲ့ လူသားအကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ စာသင်တာ၊ ကျန်းမာရေးစောင့်ရှောက်တာ၊ မိုးလေဝါသခန့်မှန်းတာ၊ ပြီးတော့ ကာကွယ်ရေး လုပ်ငန်းတွေမှာပါ အသုံးပြုလာကြတာကို တွေ့ရပါတယ်။
AI မှာ ကောင်းတာတွေလည်း ရှိသလို တဖက်မှာ မကောင်းတာတွေလည်း ရှိနေပြန်ပါတယ်။ ဒီနေ့ Post မှာ အဲ့ဒီမကောင်းတာတွေကို စစ်ဆေးပြီးတော့ ကောင်းတာတွေပဲ လုပ်ပေးမယ့် Binance ကနေ HODLer Airdrop အဖြစ်မိတ်ဆက်လိုက်တဲ့ Lagrange ဆိုတဲ့ AI အကြောင်း မျှဝေပေးပါ့မယ်။
Lagrange ဆိုတာဘာလဲ?
Lagrange က နည်းပညာ Company တစ်ခုဖြစ်ပြီးတော့ Zero-Knowledge Proof** လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုကာ AI နဲ့ Blockchain နှစ်ခုကိုပေါင်းစပ်ပြီးတော့ Data တွေကို လုံလုံခြုံခြုံနဲ့ စွမ်းဆောင်ရည်မြင့်စွာ အသုံးပြုနိုင်ဖို့ ပြုလုပ်ထားတဲ့ Platform တစ်ခုဖြစ်ပါတယ်။ သူ့မှာ DeepProve လို့ခေါ်တဲ့ စနစ်တစ်ခုရှိပြီးတော့ AI ရဲ့ မမှန်ကန်တဲ့ ရလဒ်တွေနဲ့ Data လုံခြုံရေးဆိုင်ရာပြဿနာတွေကို စစ်ပေးပြီးတော့ AI ကနေရလာတဲ့အဖြေတွေက လုံခြုံစိတ်ချရပြီး၊ တိကျမှန်ကန်ကြောင်း သက်သေပြပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးလည်းမြင့်၊ စွမ်းဆောင်ရည်းလည်းမြင့်၊ ပြီးတော့ ယုံကြည်စိတ်ချရတဲ့ AI ကို တည်ဆောက်လိုတဲ့သူတွေအတွက် Lagrange က အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
ဘာလို့အသုံးပြုသင့်လဲ?
အဲဒီနည်းပညာကို AI နှင့် Blockchain Software ရေးတဲ့သူတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ ဒရုန်းတွေ၊ စစ်ရေးဆိုင်ရာ AI စနစ်တွေနဲ့ Cyber လုံခြုံရေးအတွက် လုံခြုံစိတ်ချရမှု လိုအပ်နေတဲ့သူတွေ၊ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ AI အေးဂျင့်တွေရဲ့ လုပ်ဆောင်ချက်တွေကိုစစ်ဆေးပြီးတော့ လုံခြုံစွာ အသုံးပြုလိုတဲ့သူတွေက အဓိက အသုံးပြုကြပါတယ်။
အခုဆိုရင် ကျွန်တော်တို့ အရှေ့တောင်အာရှဒေသတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် အခြားနိုင်ငံတွေမှာ လက်ရှိ လူထုအခြေပြု ပရောဂျက်တွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနေကြပါတယ်။
Lagrange ကို Lagrange Labs က တည်ထောင်ခဲ့ပြီး 2024 ခုနှစ်မှာ Founders Fund ဦးဆောင်တဲ့ ရန်ပုံငွေ ဒေါ်လာ 13.2M ရရှိခဲ့ပါတယ်။
DeepProve ရဲ့လုပ်ဆောင်ချက်တွေက မြန်ဆန်တယ်၊ လိုအပ်သလိုလည်း တိုးချဲ့နိုင်ပြီး LLaMA, Claude AI, Gemini စတဲ့ နာမည်ကြီး AI Model တွေနဲ့ ပေါင်စပ်အလုပ်လုပ်နိုင်ဖို့ Design ထုတ်ထားပါတယ်။ ပြီးတော့ ZK Coprocessor 1.0 က ကြီးမားတဲ့ Blockhain Data တွေကို စီမံဆောင်ရွက်ပြီး ကိုယ့် App တွေမှာ ပြန်ပြီးအသုံးပြုလို့ရအောင်လည်း Design ထုတ်ထားပါတယ်။
How to Join HODLer Airdrop?
Binance အသုံးပြုတဲ့သူတွေဆိုရင် Lagrange ကို HODLer Airdrop ကနေ ယူဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ 2025 June လ 22 ရက်ကနေ 26 ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရခဲ့လဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။
Lagrange HODLer Airdrop Detail
Lagrange ရဲ့ Native Token က $LA ဖြစ်ပြီး Total Supply က 1 Billion ရှိပါတယ်။ HODLer Airdrop အတွက်က 15 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 193 Million ရှိပါတယ်။
Summary
ဆိုတော့ အကျဉ်းချုပ်ပြောရမယ်ဆိုရင် Lagrange က AI နဲ့ Blockchain နှစ်ခုကို ပေါင်းစပ်ပြီး လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို တည်ဆောက်နေတဲ့ ဆန်းသစ်တဲ့ ပရောဂျက်တစ်ခုပါ။
👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0
(သို့မဟုတ်)
👉 Binance Referral Code: KGUL8TE0
👉 App Download
👉 https://www.binance.com/en/download