အဝေးမှာရောက်နေတဲ့ ချစ်သူစုံတွဲတွေပဲဖြစ်ဖြစ် မိသားစုပဲဖြစ်ဖြစ် သူတို့ရဲ့ အချစ်တွေကို များသောအားဖြင့် Messenger တို့ Telegram တို့ကိုအသုံးပြုပြီး ပို့တာကများပါတယ်။ လုပ်ငန်းခွင်မှာဆိုရင်လည်း Data တွေပို့တဲ့အခါ အဲဒီ application တွေကိုပဲအသုံးပြုကြပါတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ပို့လိုက်တဲ့ data တွေက အဲဒီ Platform ပေါ်ရောက်သွားရင် ကျွန်တော်တို့ မပိုင်တော့သလို ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာလည်း မရှိပါဘူး။ တကယ်တော့ ကိုယ့်ရဲ့ Data ကို ကိုယ်ပိုင်ထိန်းချုပ်မှုတွေ၊ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေနဲ့ဆိုရင် ပိုကောင်းမယ်လို့ထင်ပါတယ်။
ဒီအတွက် ကိုယ်ပိုင်ထိန်းချုပ်မှုနဲ့ Community Space တွေဖန်တီးပြီး Data တွေပို့လို့ရမယ်၊ ကိုယ့်စိတ်ကြိုက်စည်းမျဉ်းတွေလည်း သတ်မှတ်ထားလို့ရမယ့် Binance HODLer Airdrop ကနေ မိတ်ဆက်ပေးလိုက်တဲ့ Towns Protocol ဆိုတဲ့ Project အကြောင်း မျှဝေပေးချင်ပါတယ်။
Towns Protocol ဆိုတာဘာလဲ?
Towns Protocol ဆိုတာက Blockchain နည်းပညာကိုအသုံးပြုထားတဲ့ Digital ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုပါ။ မြင်သာအောင် ပြောရရင် Messenger တို့ Telegram တို့လို စာပို့လို့ရတဲ့ app တွေလိုဖြစ်ပါတယ်။ ဒါပေမယ့် Messenger တို့ Telegram တို့က Centralized ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ပဲနဲ့ သက်ဆိုင်ရာ Company ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကိုသဘောမကျဘူးဆိုရင် Block တာတို့ Ban တာတို့ လုပ်လို့ရပါတယ်။ Centralized ကိုအသုံးပြုရင်တော့ တခြားသူထိန်းချုပ်တာ အမြဲခံနေရမှာက ကျွန်တော်တို့ပါ။
ဒါကြောင့် ဒီပြဿနာကို ကျော်လွှားဖို့က Decentralized လို့ခေါ်တဲ့ မည်သည့် ထိန်းချုပ်အောက်မှာမှ မရှိဖို့လိုပါတယ်။ ဒီအတွက် Towns ကို သုံးလို့ရပါတယ်။ Towns က Blockchain ပေါ်မှာတည်ဆောက်ထားတဲ့ Platform ပါ။ အဲဒီမှာ ကိုယ်ပိုင် Digital မြို့လေးလို့တင်စားရတဲ့ Community Space တွေကို ကိုယ့်စိတ်ကြိုက် စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖန်တီးလို့ရပါတယ်။ ပြီးတော့ တန်ဖိုးရှိတဲ့ Text, Video, Image စတဲ့ Content တွေတင်ပြီး Member တွေကို Free ဒါမှမဟုတ် လစဉ်ကြေးတွေနဲ့ Join လို့ရပါတယ်။ ပြီးတော့ ကိုယ်တိုင် Community ကို အပြည့်အဝထိန်းချုပ်ထားနိုင်မှာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ data တွေကိုလည်း end-to-end encryption တွေနဲ့ ကာကွယ်ထားတာကြောင့် လုံခြုံစိတ်ချလို့ရပါတယ်။ သူ့ရဲ့ UI ကည်း Discord လိုဖြစ်တာကြောင့် အသုံးပြုရတာ အရမ်းလွယ်ပါတယ်။ ဒါကြောင့် Towns က ရိုးရိုး Social Media Platform တွေလိုမဟုတ်ပဲနဲ့ ပိုမိုလွတ်လပ်ပြီး ကိုယ်ပိုင်ထိန်းချုပ်မှုတွေကိုပေးတဲ့ Platform ဖြစ်ပါတယ်။
ဘယ်ကနေအသုံးပြုလိုရလဲ
တကယ်လို့ အသုံးပြုချင်တယ်ဆိုရင် Towns Protocol ကို Computer ဒါမှမဟုတ် Phone ကနေ (https://www.towns.com) မှာ သုံးလို့ရပါတယ်။ ပြီးရင် Google နဲ့ Login ဝင်ပြီးသုံးလို့ရပါပြီ။
Towns Protocol မှာလက်ရှိ ဖန်တီးပြီးသား Spaces က 456,217 ကျော်ရှိပြီး Memberships အရေအတွက်က 1,638,181 ကျော်ရှိတယ်လို့ သူ့ရဲ့ Website မှာဖော်ပြထားပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် Towns Protocol ရဲ့ Community က အားကောင်းတဲ့ နေရာမှာရပ်တည်နေတယ်လို့ ဆိုရပါမယ်။
Towns Protocol မှာ $Towns ဆိုတဲ့ Native Token တစ်ခုရှိပြီး အဲ့တာကို Community Space တွေ Join တဲ့အခါ အသုံးပြုတာ၊ Gas Fee လို Utility အတွက်အသုံးပြုတာ၊ Governacne လို့ခေါ်တဲ့ Project နဲ့သက်ဆိုင်တဲ့ အရေးကြီးဆုံးဖြစ်ချက် ချတဲ့နေရာတွေမှာ မဲပေးတာတွေအတွက် အသုံးပြုလို့ ရပါတယ်။
How to Join?
Binance အသုံးပြုတဲ့သူတွေဆိုရင် $TOWNS Token ကို HODLer Airdrop ကနေ ယူဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ $BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ 2025 July လ 14 နေ့ရက်ကနေ 17 နေ့ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရခဲ့လဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။
TOWN HODLer Airdrop Detail
Towns Protocol ရဲ့ Native Token က $TOWN ဖြစ်ပြီး Genesis Total Supply က 10,128,177,374 TOWNS ပါ။ Max Token Supply က 15,327,827,980 TOWNS ရှိပါတယ်။ HODLer Airdrop အတွက်က 305,848,461 TOWNS ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 2,109,362,819 TOWNS ရှိပါတယ်။
ဆိုတော့ အကျဉ်းချုပ်ပြောရမယ်ဆိုရင် Towns Protocol က Community Space တွေကို ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ စိတ်ကြိုက်ဖန်တီးလို့ရပြီးတော့ Blockchain ပေါ်မှာ အပြန်အလှန်စာပို့လို့ရတဲ့ လွယ်လပ်ပြီး လုံခြုံတဲ့ Platform တစ်ခုဖြစ်တယ်လို့ အလွယ်မှတ်ထားလို့ရပါတယ်။
👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0
(သို့မဟုတ်)
👉 Binance Referral Code: KGUL8TE0
👉 App Download
👉 https://www.binance.com/en/download