သေချာစဉ်းစားကြည့်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းစာသင်တယ်။ အဲအတွက် စာအုပ်ထဲက data အချက်အလက် လိုပါတယ်။ ကောင်မလေးကို ရည်းစားစကားပြောချင်တယ် ဒီအတွက်လည်း data ရှိမှ ဆွဲဆောင်မှုအပြည့်နဲ့ ကြွေအောင်ပြောလို့ရမှာပါ။ အခုနာမည်ကြီးနေတဲ့ ChatGPT တို့ Gemini တို့ Grok AI တို့ဆိုတာကလည်း data တွေပေါ်မှာမှီခိုပြီး တည်ဆောက်ထားကြတာပါ။
Data တွေက ဒီနေ့ခေါတ်မှာ ရွှေလိုအဖိုးတန်ပြီး အရမ်းအရေးကြီးပါတယ်။ Data မရှိရင် ဘာမှဖြစ်ဖြစ်မြောက်မြောက် လုပ်လို့ရမှာမဟုတ်ဘူးလို့တော့ မြင်တယ်။ ဒါပေမယ့် စိတ်မကောင်းတာက အဲဒီ data တွေက ဟိုတစ်စ ဒီတစ်စနဲ့ ပြန့်ကျဲနေတာပါ။
ဒီနေ့ Post မှာ အဲဒီ ပြန့်ကျဲနေတဲ့ Data တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားပြီး အဆင်သင့် ယူသုံးလို့ရအောင်လုပ်ပေးတဲ့ Binance HODLer Airdrop ကနေ မိတ်ဆက်ပေးလိုက်တဲ့ Chainbase ဆိုတဲ့ Project အကြောင်း မျှဝေပေးချင်ပါတယ်။
Chainbase ဆိုတာဘာလဲ? (What)
Chainbase ဆိုတာက blockchain ပေါ်က ဒေတာတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းသိမ်းထားပေးပြီးတော့ အရည်အသွေးမြင့်တဲ့ AI တွေတည်ဆောက်ဖို့ အဆင်သင့်သုံးလို့ရအောင် လုပ်ပေးတဲ့ Platform တစ်ခုပါ။ ဒါကို Hyperdata Network for AI လို့လည်း ခေါ်ပါတယ်။
ဒါကို ကျွန်တော်ရဲ့ decentralized application တွေ၊ AI Model တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာအသုံးပြုလို့ရအောင် data တွေကို အဆင့်သင့်ယူစားလို့ရအောင် Chainbase က လုပ်ပေးပါတယ်။
ဥပမာ အဖေက ခြံထဲမှာ သရက်သီးပင်စိုက်ထားမယ်။ အချိန်တန်လို့ အသီးတွေက ဝင်းမှည့်လာတဲ့အခါ ကျွန်တော်တို့က အဆင်သင့် ခူးစားလိုက်ရုံပါပဲ။ ကျွန်တော်တို့က အပင်လည်း စိုက်စရာမလိုသလို ရေလည်း လောင်းစရာမလိုဘူး၊ ဘာမှလည်း ပင်ပန်းစရာလည်း မလိုဘူးပေ့ါနော်။ အားလုံးက အဆင့်သင့်ပဲ။
Chainbase ကလည်း အဲ့လိုပါပဲ။ blockchain ပေါ်က ဒေတာတွေကို ကျွန်တော်တို့အနေနဲ့ ဘာမှပင်ပင်ပန်းပန်းအားစိုက်စရာမလိုပဲနဲ့ အဆင့်သင့် ယူသုံးလို့ရအောင်လုပ်ပေးတဲ့ Data Infrastructure လို့ အလွယ်မှတ်ထားရင်လည်း ရပါတယ်။
Data Infrastructure ဆိုတာက ဒေတာတွေကို စုဆောင်းသိမ်းဆည်းပေးတာ၊ စီမံခန့်ခွဲပေးတာ ဒါမှမဟုတ် ပိုမိုကောင်းအောင်လုပ်ပေးနိုင်တဲ့နည်းပညာတွေဖြစ်ပါတယ်။
ဥပမာ မိတ်ဆွေက AI developer ဆိုရင် ကိုယ့်ရဲ့ AI Model ကို အဆင့်မြင့်သထက်မြင့်အောင် ကောင်းသထက်ကောင်းအောင် လေ့ကျင့်ပေးဖို့အတွက် အရည်အသွေးမြင့်တဲ့ blockchain ဒေတာတွေကို Chainbase က ပေးနိုင်ပါတယ်။ အဲဒီ data ယူသုံးဖို့အတွက်က Chainbase ရဲ့ native token ဖြစ်တဲ့ $C token ပေးပြီး အလွယ်တကူ ယူသုံးလို့ရပါတယ်။ တဖက်မှာ Data တွေထည့်ပေးတဲ့ ပိုင်ရှင်တွေအနေနဲ့က $C Token ကို ပြန်ရမယ်လို့ Chainbase ဘက်က ဆိုထားပါတယ်။ ဒါကြောင့် Chainbase က ဒီနေ့ခောတ် Blockchain နဲ့ AI နယ်ပယ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
Chainbase မှာ Funding အနေနဲ့ $18 million ရရှိထားပြီးတော့ တရုတ်နည်းပညာ Giant Company ဖြစ်တဲ့ Tencent လည်းပါဝင်နေတာဆိုတော့ အလားအလာရှိတဲ့ Project လို့ယူဆလို့ရပါတယ်။
Chainbase မှာ $C ဆိုတဲ့ Native Token တစ်ခုရှိပြီး အဲ့တာကို Data တွေယူသုံးဖို့အတွက် အသုံးပြုတာ၊ Gas Fee လို Utility အတွက်အသုံးပြုတာ၊ Governacne လို့ခေါ်တဲ့ Project နဲ့သက်ဆိုင်တဲ့ အရေးကြီးဆုံးဖြစ်ချက် ချတဲ့နေရာတွေမှာ မဲပေးတာတွေအတွက် အသုံးပြုလို့ ရပါတယ်။
Summary
အကျဉ်းချုပ်ပြောရမယ်ဆိုရင် Chainbase က အရည်အသွေးမြင့်တဲ့ Blockchain ပေါ်က ဒေတာတွေကို တစ်နေတည်းမှာ စုထားပေးပြီး ကျွန်တော်တို့ရဲ့ AI Model တွေမှာ ဘာမှပင်ပင်ပန်းပန်းအားစိုက်စရာမလိုပဲနဲ့ အဆင့်သင့် ယူသုံးလို့ရအောင်လုပ်ပေးတဲ့ Data Infrastructure လို့ အလွယ်မှတ်ထားလို့ ရပါတယ်။
How to Join?
Binance အသုံးပြုတဲ့သူတွေဆိုရင် $C Token ကို HODLer Airdrop ကနေ ယူဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ 2025 July လ 6 နေ့ရက်ကနေ 9 နေ့ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရခဲ့လဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။
Chainbase HODLer Airdrop Detail
Chainbase ရဲ့ Native Token က $C ဖြစ်ပြီး Total Supply က 1Billion ရှိပါတယ်။ HODLer Airdrop အတွက်က 20 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 160 Million ရှိပါတယ်။ Binance မှာ Listing မလုပ်ခင် သူ့ရဲ့ဈေးက $0.14 သာခဲ့ပြီး Listing လုပ်ပြီးတာတဲ့ $0.47 အထိကို ခုန်တက်သွားခဲ့တာဆိုတော့ Binance ရဲ Power ကိုလည်း တွေ့မြင်နိုင်ပါတယ်။
👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0
(သို့မဟုတ်)
👉 Binance Referral Code: KGUL8TE0
👉 App Download
👉 https://www.binance.com/en/download