ကျွန်တော်တို့မှာ မြန်မာငွေ 10000 MMk လောက်ရှိရုံနဲ့ Bank မှာ လစဉ်၊ နှစ်စဉ်အပ်ပြီးတော့ အတိုးပြန်ယူလို့ ရပါတယ်။ ဒီအတွက် ကိုယ့် Bank အကောင့်ထဲကို ပိုက်ဆံထည့်ထားလိုက်ရင် ရပါပြီး။ ဒါပေမယ့် တစ်ဖက်မှာ Bank တစ်ခုနဲ့တစ်ခု အတိုးပေးတာ အနည်းအများကွာဟတာတွေ၊ လုံခြုံရေးအားနည်းတာတွေလည်း ရှိတာကြောင့် ရွေးချယ်ရခက်တာတွေလည်း ရှိနေပြန်ပါတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင် ဥပမာ ညီကိုတို့က ကောင်မလေးများတယ်ပဲ ဆိုပါစို့။ ဒါပေမယ့် တစ်ယောက်ကိုပဲရွေးပါဆိုရင် တိုင်ပတ်နေတဲ့ ပုံစံမျိုးပါ။ ဘယ်သူမဆို ကောင်းတာကိုမှ ပိုကြိုက်ကြတာ သဘာဝဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီ video မှာ အတိုးလည်းများများရမယ်၊ လုံခြုံရေးလည်းအားကောင်းတဲ့ Binance HODLer Airdrop ကနေ မိတ်ဆက်ပေးလိုက်တဲ့ Treehouse Finance ဆိုတဲ့ Project အကြောင်း မျှဝေပေးချင်ပါတယ်။

Treehouse Finance ဆိုတာ ဘာလဲ? (What)

Treehouse Finance ဆိုတာက fixed income solutions လို့ခေါ်တဲ့ DeFi Platform တစ်ခုဖြစ်ပါတယ်။ Fixed income solutions ဆိုတာက** ရင်းနှီးမြှုပ်နှံသူတွေအတွက် ဝင်ငွေတစ်ခုကို ပုံသေပေးနိုင်တဲ့ Product ဒါမှမဟုတ် Strategy တွေကို ပြောတာမျိုးပါ။ ပုံမှန်အားဖြင့် fixed income ဆိုတာက ငွေတိုက်စာချုပ်လို့ခေါ်တဲ့ bonds တွေလို ရင်းနှီးမြှုပ်နှံတာတွေကနေ အတိုးပုံမှန်ပြန်ရတာကို ပြောတာဖြစ်ပါတယ်။ DeFi နယ်ပယ်မှာဆိုရင် blockchain နည်းပညာနဲ့ smart contracts တွေကိုအသုံးပြုပြီးတော့ ETH လို digital assets တွေကနေ အတိုးပြန်ရတာကို ပြောတာမျိုးပါ။

အဲလို fixed income ရဖို့အတွက် Treehouse မှာ tAssets နဲ့ DOR ဆိုတဲ့ အဓိကအစိတ်အပိုင်း နှစ်ခုရှိပါတယ်။

- tAssets ဆိုတာက ဥပမာ Ethereum ကို Stake လုပ်လိုက်ရင် tETH လို liquid staking tokens တွေ ပြန်ရပါတယ်။ ရလာတဲ့ tETH တွေကို Treehouse က အတိုးများများပေးတဲ့ Project တွေလိုက်ရှာပြီးတော့ နောက်တစ်ခါအတိုရအောင် Stake ထပ်လုပ်ပေးပါတယ်။ ဆိုတော့ ရှယ်ပဲပေါ့နော်။

- နောက်တစ်ခုက Decentralized Offered Rates လို့ခေါ်တဲ့ DOR ပါ။ သူက Blockchain ပေါ်က Data တွေယူပြီး အဆင့်မြင့် Algorithm တွေနဲ့စစ်ဆေးပြီးတော့ အတိုးနှုန်းဘယ်လောက်ထားရမလဲ ဆိုတာကို အဖြေတွေကိုထုတ်ပေးပါတယ်။ ဒါကြောင့် ယုံကြည်စိတ်ချရပြီးတော့ တည်ငြိမ်တဲ့ အတိုးနှုန်းတွေကို DOR ကနေ ယူလို့ရပါတယ်။

မြင်သာအောင်ပြောမယ်ဆိုရင် fixed income solutions ဆိုတာက ကျွန်တော်တို့ရဲ့ crypto တွေကို stake လုပ်ပြီးတော့ ပုံမှန်ဝင်ငွေများများရအောင်လုပ်ပေးသလို လုံခြုံရေးအားကောင်းပြီး စမတ်ကျတဲ့ နည်းလမ်းတွေကို ပေးတာမျိုးဖြစ်ပါတယ်။ ဒါက ပုံမှန်ဘဏ္ဍာရေးစနစ်က ငွေတိုင်စာချုပ်တွေရဲ့သဘောသဘာဝကို DeFi နယ်ပယ်မှာ ပြန်ပြီးအသုံးပြုထားပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ထိန်းချုပ်မှုနဲ့  ပွင့်လင်းမြင်သာမှုရှိတဲ့ အားသာချက်တွေကို ရမှာဖြစ်ပါတယ်။

Treehouse က decentralized ecosystem တစ်ခုကိုတည်ဆောက်နေပြီးတော့ လူတိုင်းကို DeFi မှာ ယုံကြည်စိတ်ချစွာနဲ့ပါဝင်နိုင်အောင် ကြိုးစားနေပါတယ်လို့ ဆိုထားပါတယ်။ ပြီးတော့ Binance နဲ့ MassMutual Ventures လို နာမည်ကြီးတွေရဲ့ ထောက်ပံ့မှုနဲ့ $18M ကိုလည်း ရန်ပုံငွေရထားတယ်လို့လည်း သိရပါတယ်။

Treehouse မှာ $TREE ဆိုတဲ့ Native Token တစ်ခုရှိပြီး အဲ့တာကို Gas Fee လို Utility အတွက်အသုံးပြုတာ၊ Governacne လို့ခေါ်တဲ့ Project နဲ့သက်ဆိုင်တဲ့ အရေးကြီးဆုံးဖြစ်ချက် ချတဲ့နေရာတွေမှာ မဲပေးတာတွေအတွက် အသုံးပြုလို့ ရပါတယ်။

How to Join?

Binance အသုံးပြုတဲ့သူတွေဆိုရင် $TREE Token ကို HODLer Airdrop ကနေ ယူဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ $BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ 2025 July လ 10 နေ့ရက်ကနေ 13 နေ့ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရခဲ့လဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။

TREE HODLer Airdrop Detail

Treehouse ရဲ့ Native Token က TREE ဖြစ်ပြီး Total Supply က 1Billion ရှိပါတယ်။ HODLer Airdrop အတွက်က 12.5 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 156,122,449 Token ရှိပါတယ်။

ဆိုတော့ အကျဉ်ချုပ်ပြောရမယ်ဆိုရင် Treehouse က fixed income solutions ကိုအသုံးပြုပြီးတော့ ကျွန်တော်တို့ရဲ့ crypto တွေကို stake လုပ်ပြီးတော့ ပုံမှန်ဝင်ငွေများများရအောင်လုပ်ပေးသလို လုံခြုံရေးအားကောင်းပြီး စမတ်ကျတဲ့ Platform လို့အလွယ်မှတ်ထားလို့ရပါတယ်။

👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0

(သို့မဟုတ်)

👉 Binance Referral Code: KGUL8TE0

👉 App Download

👉 https://www.binance.com/en/download