Blockchain တစ်ခုတည်ဆောက်ဖို့ဆိုတာ နှစ်နဲ့ချီကြာသလို ကုန်ကျစရိတ်လည်း များပါတယ်။ ဒါပေမယ့် အခုတော့ နာရီပိုင်းအတွင်း ကိုယ်ပိုင်စိတ်ကြိုက် Blockchain တွေဖန်တီးလို့ ရပါပြီ။ ပြီးတော့ ကိုယ့် Blockchain ကို တခြားမတူညီတဲ့ Blockchain တွေနဲ့ပါချိတ်ပြီးတော့ data တွေလည်း ပေးပို့လို့ရပါသေးတယ်။

Caldera ဆိုတာ ဘာလဲ? (What)

Caldera ဆိုတာက developer တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စွမ်းဆောင်ရည်မြင့်တဲ့ကိုယ်ပိုင် blockchain ဒါမှမဟုတ် “rollups” ကို  တွေတည်ဆောင်လို့ရမယ့် platform တစ်ခုဖြစ်ပါတယ်။ Rollup ဆိုတာက Ethereum ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ Layer-2 ဖြေရှင်းချက်တစ်ခုပါ။ သူက Ethereum ရဲ့ အဓိကပြဿနာတွေဖြစ်တဲ့ gas fee ဈေးကြီးတာနဲ့ transaction နှေးကွေးတာတွေကိုဖြေရှင်းပေးဖို့ Design ထုတ်ထားတဲ့ နည်းပညာဖြစ်ပါတယ်။

Why

Caldera က Ethereum ပေါ်မှာအလုပ်လုပ်တာဖြစ်ပြီးတော့ Blockchain တွေတည်ဆောက်တဲ့အခါ No-Code လို့ခေါ်တဲ့ Code တစ်လုံးမှရေးစရာမလိုပဲနဲ့ ကျွန်တော်တို့ Project ရဲ့ သီးသန့်လိုအပ်ချက်အလိုက် Feature တွေကို စိတ်ကြိုက်ပြင်ဆင် တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က နည်းပညာမကျွမ်းရင်တောင်မှ ကိုယ့်စိတ်ကြိုက် Blockchain ကို ဖန်တီးလို့ရမှာဖြစ်ပြီးတော့ မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေ၊ ကုန်ကျစရိတ်သက်သာတာတွေနဲ့ Project အကြီးတွေမှာပါ အသုံးပြုနိုင်သလို လုံခြုံရေးကလည်း Ethereum အတိုင်း ရမှာဖြစ်ပါတယ်။

ဒါကိုမြင်သာအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့က Game ဖန်တီးချင်တယ်။ အဲဒီ Game အတွက် ငွေပေးငွေယူတာတွေကို မြန်မြန်ဆန်ဆန် ဖြစ်ချင်တယ်၊ ကုန်ကျစရိတ်သက်သာတဲ့ blockchain လိုချင်တယ်ဆိုရင် ကိုယ်စိတ်ကြိုက် Blockchain ကို Caldera နဲ့ နာရီပိုင်းအတွင်းဖန်တီးနိုင်သလို ဂိမ်းကိုလည်း ပိုကောင်းအောင် တည်ဆောက်နိုင်ပါတယ်။

Caldera က Ethereum blockchain ပေါ်မှာဆိုပေမယ့် Optimism, Arbitrum, zkSync, နဲ့ Polygon CDK လို rollup နည်းပညာတွေနဲ့လည်း ဖန်တီးနိုင်ပါတယ်။ ပြီးတော့ ကိုယ်ပိုင် Blockchain နဲ့ ကိုယ့် app ကိုတည်ဆောက်ကြမှာဆိုတော့ blockchain မတူရင် data ပေးပို့လို့မရတဲ့ ပြဿနာအတွက်  Caldera မှာ အသင့်ပါတဲ့ Metalayer လို့ခေါ်တဲ့ System က blockchain အချင်ချင်း ချိတ်ဆက်ပေးပြီး ပိုင်ဆိုင်မှု data တွေကို blockchain တစ်ခုကနေ တခြားတစ်ခုကို လွှဲပြောင်းဖို့ ကူညီပေးပါတယ်။

ဘယ်သူတွေအတွက်လဲ? (Who)

Caldera က blockchain developer တွေ၊ AI developer တွေ၊ web3 နည်းပညာကိုအသုံးပြုပြီး စီးပွားရေးလုပ်ချင်သူတွေအတွက် သက်ဆိုင်ရာ Project တစ်ခုချင်းစီရဲ့ လိုအပ်ချက်အလိုက် မြန်နှုန်းမြင့်ပြီး ကိုယ့်စိတ်ကြိုက် Blockchain တွေ ဖန်တီးလို့ရပါတယ်။

Caldera ကို 2023 မှာမိတ်ဆက်ခဲ့ပြီး Funding အနေနဲ့  $15 million ရရှိထားပါတယ်။ သူ့မှာ $ERA ဆိုတဲ့ Native Token တစ်ခုရှိပြီး အဲ့တာကို Gas Fee လို Utility အတွက်အသုံးပြုတာတွေ၊ Governacne လို့ခေါ်တဲ့ Project နဲ့သက်ဆိုင်တဲ့ အရေးကြီးဆုံးဖြစ်ချက် ချတဲ့နေရာတွေမှာ မဲပေးတာတွေအတွက် အသုံးပြုလို့ ရပါတယ်။

How to Join?

Binance အသုံးပြုတဲ့သူတွေဆိုရင် $ERA ကို HODLer Airdrop ကနေ ယူဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ 2025 July လ 1 နေ့ရက်ကနေ 5 နေ့ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရခဲ့လဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။

Caldera HODLer Airdrop Detail

Caldera ရဲ့ Native Token က $ERA ဖြစ်ပြီး Total Supply က 1Billion ရှိပါတယ်။ HODLer Airdrop အတွက်က 20 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 148.5 Million ရှိပါတယ်။

Summary

ဆိုတော့ အကျဉ်းချုပ်ပြောရမယ်ဆိုရင် Caldera က developer တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စွမ်းဆောင်ရည်မြင့်တဲ့ ကိုယ်ပိုင် blockchain တွေကို အလွယ်တကူတည်ဆောင်ပေးပြီးတော့ စိတ်ကြိုက်ပြင်ဆင်လို့ရတဲ့ dApp တွေ ဖန်တီးဖို့လည်း ကူညီပေးပါတယ်။

👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0

(သို့မဟုတ်)

👉 Binance Referral Code: KGUL8TE0

👉 App Download

👉 https://www.binance.com/en/download