🔥 Crypto ဈေးကွက်ဟာ အတက်အကျကြမ်းတယ်ဆိုတာ အားလုံးအသိပါပဲ။ တစ်ခါတလေ ဈေးတွေအရမ်းတက်ပြီး လူတွေအလုအယက်ဝယ်ကြသလို၊ တစ်ခါတလေကျတော့လည်း ဈေးတွေထိုးကျပြီး အားလုံးထိတ်လန့်တကြား ရောင်းထုတ်ကြပါတယ်။
ဒီလိုအချိန်မှာ လူအများစုက "ကြောက်နေလား" ဒါမှမဟုတ် "လောဘတက်နေလား" ဆိုတဲ့ ဈေးကွက်ရဲ့ ခံစားချက်ကို တိုင်းတာပေးတဲ့ ကိရိယာတစ်ခုရှိပါတယ်။ အဲဒါကို Fear & Greed Index ကြောက်ရွံ့မှုနှင့် လောဘ အညွှန်းကိန်း လို့ခေါ်ပြီး 0 ကနေ 100 အထိ အမှတ်ပေးပြီး ဖော်ပြပါတယ်။
🔴 Fear ကြောက်ရွံ့ခြင်း
0 မှ 49 အထိ အမှတ်အရမ်းနိမ့်နေရင် လူတွေက ဈေးကွက်အပေါ် စိုးရိမ်ပြီး သူတို့ရဲ့ Crypto တွေကို ရောင်းထုတ်တတ်ကြပါတယ်။ ဒါကြောင့် ဈေးနှုန်းတွေက အများအားဖြင့် ကျဆင်းနေတတ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူအများစုကတော့ ဒီလိုအချိန်ကို ဈေးကျနေချိန်မှာဝယ်ဖို့ အခွင့်အလမ်းကောင်း လို့ မြင်ကျပါတယ်
🟢 Greed - လောဘတက်ခြင်း
50 မှ 100 ကြား အမှတ်အရမ်းမြင့်နေရင် ဒါဟာ လောဘကြီးတဲ့ အခြေအနေကို ပြပါတယ်။ လူတွေက ဈေးကွက်အပေါ် အလွန်အမင်း အကောင်းမြင်ပြီး အကျိုးအမြတ်ကျန်မှာစိုးတဲ့စိတ် (FOMO - Fear Of Missing Out) နဲ့ အလုအယက် ဝယ်ယူနေကြပါတယ်။
ဒီလိုအချိန်တွေမှာ Crypto တွေရဲ့တန်ဖိုးက ဖြစ်သင့်တာထက် ပိုများနေနိုင်ပြီး မကြာခင် Market Correction လုပ်ကာ ဈေးပြန်ကျနိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
နောက်ပြီးဒီအညွှန်းကိန်းကို အခုပြောပြမယ့်အချက်တွေ အပါအဝင် တခြား အချက်အလက်မျိုးစုံကို ပေါင်းစပ်ပြီး တွက်ချက်ထားပါတယ်
🔸ဈေးနှုန်းတွေ ဘယ်လောက် ပြင်းပြင်းထန်ထန် အတက်အကျဖြစ်နေသလဲ။
🔸ပုံမှန်ထက် အရောင်းအဝယ်တွေ အများကြီးဖြစ်နေသလား။
🔸Facebook, Twitter တို့လို နေရာတွေမှာ Crypto အကြောင်း ဘယ်လောက်တောင် ပြောဆိုနေကြသလဲ။
🔸ဈေးကွက်တစ်ခုလုံးမှာ Bitcoin က ဘယ်လောက်လွှမ်းမိုးနေသလဲ
Index ကိုကြည့်ပြီး Crypto ဝယ်သင့်လား၊ စောင့်သင့်လား?
🚫 Fear & Greed Index ဟာ ဆုံးဖြတ်ချက်ချဖို့ အကူအညီရပေမဲ့ သူ့တစ်ခုတည်းကိုပဲ အားကိုးလို့တော့မရပါဘူး
Index က Extreme Fear ကို ပြနေချိန်မှာတော့ ဈေးတွေကျနေတဲ့အတွက် ကိုယ်စိတ်ဝင်စားတဲ့ Crypto ကို နည်းနည်းချင်း စတင်ဝယ်ယူစုဆောင်းဖို့ အချိန်ကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
Index က Extreme Greed ကို ပြနေရင် ဝယ်ဖို့ အလျင်မလိုဘဲ သတိထားသင့်ပါတယ်။ ကိုယ့်မှာ အမြတ်ရနေတဲ့ Crypto တွေရှိရင် အချို့ကို ရောင်းထုတ်ပြီး အမြတ်ယူထားတာမျိုး ဒါမှမဟုတ် ဈေးပြန်ကျတဲ့အချိန်ကို စောင့်ဆိုင်းတာမျိုး လုပ်နိုင်ပါတယ်။
📌 နောက်ဆုံးပြောရရင် Fear & Greed Index ဆိုတာ Crypto ဈေးကွက်ရဲ့ စိတ်အခြေအနေကိုပြတဲ့ ခန့်မှန်းချက်တစ်ခုပါပဲ။ ဈေးကွက်က ကြောက်နေလား၊ လောဘတက်နေလား သိနိုင်တဲ့အတွက် ကိုယ် ဘယ်အချိန်မှာ ဝယ်သင့်၊ ရောင်းသင့်တယ်ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်တဲ့ လမ်းညွှန်တစ်ခုပါ
ဒါပေမဲ့ ဒီ Index တစ်ခုတည်းကိုပဲ မျက်စိမှိတ်ပြီး မယုံကြည်သင့်ပါဘူး။ ကိုယ်တိုင်လေ့လာမှု (Do Your Own Research - DYOR) လုပ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ အကြံပြုလိုပါတယ်။
Disclaimer ⚠️
🔴🔴 Crypto မှာ ရင်းနှီးမြှုပ်နှံတာက တော်တော်လေးကို အန္တရာယ်များပါတယ်။ စျေးနှုန်းတွေက အရမ်းကို အပြောင်းအလဲမြန်တော့ ဆုံးရှုးနိုင်တဲ့ ပမာဏထက် ပိုပြီး မရင်းနှီးပါနဲ့ခင်ဗျာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် သေချာလေ့လာတာ အကောင်းဆုံးပါ။ ဒီဆောင်းပါးက ရင်းနှီးမြှုပ်နှံဖို အကြံပေးတာ မဟုတ်ပါဘူးနော်။ Crypto ရဲ့ စျေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပြီး မမျှော်လင့်တဲ့ အရာတွေလည်း ဖြစ်လာနိုင်လို သတိထားပြီး ရင်းနှီးမြှုပ်နှံဖို အရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့။
#fear&greed
#GreedIndex #trading