၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ mainnet launch ပြီးနောက်၊ cryptocurrency ဈေးကွက်ထဲမှာ စိတ်ဝင်စားမှု ပိုရလာခဲ့တာက Pi Coin ပါ။ ၂၀၂၅ ခုနှစ် မတ်လ ၉ ရက်နေ့ Data အရ Pi Coin က CoinMarketCap မှာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး၊ လူစိတ်ဝင်စားမှု များလာတာကို ပြနေပါတယ်

US Crypto Reserve ထဲ ပါဝင်နိုင်မှုနဲ့ ပတ်သက်တဲ့ မှန်းဆချက်တွေ

၂၀၂၅ ခုနှစ် မတ်လ ၂ ရက်နေ့မှာ၊ သမ္မတ Donald Trump က Bitcoin (BTC), Ethereum (ETH), XRP, Solana (SOL) နဲ့ Cardano (ADA) လို cryptocurrencies တွေပါဝင်တဲ့ ဗျူဟာမြောက် Crypto Reserve ထူထောင်မယ်လို့ ကြေညာခဲ့ပါတယ်။ Pi Coin ကို ထည့်သွင်းဖော်ပြခြင်းမရှိပေမယ့်၊ Pi ရဲ့ လျင်မြန်စွာ ကြီးထွားလာမှု နဲ့ လူစိတ်ဝင်စားမှုက အနာဂတ်မှာ Crypto Reserve ထဲ ပါဝင်နိုင်မှုနဲ့ ပတ်သက်တဲ့ မှန်းဆချက်တွေထွက်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Crypto Summit ကလည်း ဒီဆွေးနွေးမှုတွေကို ပိုမိုမြှင့်တင်ပေးခဲ့ပေမယ့်၊ Pi Coin ရဲ့ ပါဝင်နိုင်မှုနဲ့ ပတ်သက်ပြီး တရားဝင်အတည်ပြုချက်တွေတော့ မရှိသေးပါဘူး။

Exchange Listings အတွက် Community-Driven Campaigns

Pi Network ကတော့ Pi Coin ကို Binance လို cryptocurrency exchanges တွေမှာ စာရင်းသွင်းဖို့ တက်ကြွစွာ လှုပ်ရှားနေကြပါတယ်။ #ListPiOnBinanceNow ဆိုတဲ့ hashtag နဲ့ လူသိများတဲ့ campaign တစ်ခုက social platforms တွေမှာ Trending ဖြစ်လာနေခဲ့တာပါ။ ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့၊ Binance က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၇ ရက်အထိ Pi Coin ကို List ဖို့ စိတ်ဝင်စားမှုကို အကဲဖြတ်ဖို့ စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပြီး၊ List ဖို့ ထောက်ခံမှုများစွာနဲ့ မဲပေးသူ ၂၃၂,၆၇၆ ဦး ရှိခဲ့ပါတယ်။ ဒါပေမယ့်၊ Binance က Pi Coin ကို မ list သေးတာကြောင့်၊ Community ထဲမှာ မကျေမနပ် ဖြစ်နေခဲ့ပြီး app stores တွေမှာ Binance အတွက် 1 star ပေးမှုတွေ မြင့်တက်လာခဲ့ပါတယ်။

Main Exchange Listings တွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ သက်ရောက်မှုတွေ

Binance လို Main exchanges တွေမှာ List ခြင်းက Pi Coin ရဲ့ Market ကို တကယ်ကို သက်ရောက်မှု ရှိစေမှာဖြစ်ပါတယ်

- Access : main platforms တွေမှာ List ခြင်းက Pi Coin ကို ကမ္ဘာလုံးဆိုင်ရာ trader တွေအတွက် ပိုမိုလက်လှမ်းမီလာစေပြီး၊ Trading Volume ကို မြင့်တက်စေနိုင်ပါတယ်။

- Trust : နာမည်ကြီး exchanges တွေနဲ့ ဆက်စပ်မှုက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးပြီး၊ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပါတယ်။

- Price Increasing : Analysis တွေအဆိုအရ Binance မှာ List ခြင်းက Pi Coin ရဲ့ ဈေးနှုန်းကို $10 အထိ မြင့်တက်စေနိုင်တယ်လို့ မှန်းဆထားကြပါတယ်။

ဈေးနှုန်း ခန့်မှန်းချက်တွေနဲ့ ဈေးကွက်အမြင်

Anslysis တွေက Pi Coin ရဲ့ ဈေးနှုန်းအတွက် အမျိုးမျိုးသော ခန့်မှန်းချက်တွေထုတ်ထားကြတာ ရှိပါတယ်

- Short-term : လက်ရှိ အတိုင်း ဈေးဆက်တက်နေမယ်ဆိုရင် ၊ Pi Coin ဟာ ၂၀၂၅ ခုနှစ် ဧပြီလလောက်မှာ $5 ထိ ရောက်ရှိနိုင်ပါတယ်။

- Exchange Listings တွေရဲ့ သက်ရောက်မှု: Main exchanges တွေမှာ List နိုင်ခြင်းအားဖြင့် ဈေးနှုန်းကို ပိုမိုမြင့်တက်စေနိုင်ပြီး၊ အချို့တွေက $8–$10 အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

- Long-term : အပြင်မှာ အသုံးတကယ်ဝင်လာမှုလိုမျိုး အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရင်တော့၊ Pi Coin ဟာ ဒီထက်ပိုမြင့်တဲ့ ဈေးတန်းကို ရောက်နိုင်မယ်လို့ မှန်းထားကြပါတယ်

Pi Coin ရဲ့ mainnet launch ပြီးနောက် လူစိတ်ဝင်စားမှုနဲ့ market ထဲမှာ နေရာရလာမှုက cryptocurrency လောကထဲမှာ Potential ရှိကြောင်း ပြနေပါတယ်။ US Crypto Reserve ထဲ ပါဝင်နိုင်ချေက မသေချာပေမယ့်၊ main exchange listings အတွက် community ရဲ့ activites တွေက ကောင်းကောင်း push နေတာကို တွေ့ရပါတယ် ။ Investor တွေအနေနဲ့ သေချာစောင့်ကြည့်ပြီး invest လုပ်ဖို့ ဆုံးဖြတ်ချက်ချတာ ပိုကောင်းမယ်လို့ အကြံပေးပါရစေ။

Binance Account ဖွင့်ရန်