မတည်ငြိမ်လှတဲ့ Crypto ငွေကြေးဈေးကွက်ထဲမှာ အောင်မြင်ဖို့ဆိုရင် ဈေးကွက်ရဲ့လမ်းကြောင်းတွေကို မှန်ကန်စွာခန့်မှန်းနိုင်ဖို့နဲ့ အချက်အလက်ကိုအခြေခံတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက် Support နဲ့ Resistance ဆိုတဲ့ အရေးပါတဲ့ သဘောတရားနှစ်ခုက Trader တွေအတွက် လမ်းညွှန်အလင်းရောင်ဖြစ်လာစေပါတယ်။ Support Levels ဆိုတာ ဈေးနှုန်းကျဆင်းမှုတွေရပ်တန့်ပြီး ပြန်တက်လာမယ့်အလားအလာရှိတဲ့ ဈေးနှုန်းရဲ့ 'ကြမ်းပြင်' သဖွယ်တည်ရှိနေတာကြောင့် ဝယ်လိုအားမြင့်တက်ပြီး ဈေးနှုန်းထပ်မကျအောင် တားဆီးပေးပါတယ်။ Resistance Levels ကတော့ ဈေးနှုန်းတွေအပေါ်တက်ဖို့ခက်ခဲပြီး ပြန်ကျနိုင်တဲ့ 'မျက်နှာကျက်' တစ်ခုလိုဖြစ်နေတဲ့အတွက် ရောင်းလိုအားများပြီးတော့ ဈေးနှုန်းပိုမတက်နိုင်အောင် ထိန်းချုပ်ထားပါတယ်။ ဒီ Support နဲ့ Resistance Levels တွေကို နားလည်မယ်ဆိုရင် ဈေးနှုန်းပြောင်းပြန်လှန်မှုတွေ ဒါမှမဟုတ် သိသာထင်ရှားတဲ့ ဈေးနှုန်းလှုပ်ရှားမှုတွေဖြစ်ပေါ်လာနိုင်တဲ့ အဓိကနေရာတွေကို Trader တွေအနေနဲ့ ခွဲခြားသိမြင်နိုင်ပါလိမ့်မယ်။
Support Resistance Levels တွေ ဘယ်လိုသတ်မှတ်မလဲ
Support နဲ့ Resistance Levels တွေကို ခွဲခြားသတ်မှတ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ အခြေခံအကျဆုံးနည်းလမ်းတစ်ခုကတော့ Historical Price Levels အချက်အလက်တွေကို ပြန်ကြည့်တာဖြစ်ပြီး အတိတ်ကာလက ဈေးနှုန်းတွေရပ်တန့်ခဲ့တဲ့၊ ဦးတည်ရာပြောင်းလဲခဲ့တဲ့ ဒါမှမဟုတ် ခေတ္တနားခဲ့တဲ့ Points တွေကိုပြန်လည်ရှာဖွေမယ်ဆိုရင် ခိုင်မာတဲ့ Support နဲ့ Resistance Zone တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Price Chart ပေါ်မှာ Trend Lines တွေဆွဲတာကလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ အပေါ်ဘက်ဦးတည်နေတဲ့ Trend Lines က Support အဖြစ် လုပ်ဆောင်နိုင်သလို အောက်ဘက်ဦးတည်နေတဲ့ Trend Lines က Resistance အဖြစ် ဆောင်ရွက်နိုင်ပါတယ်။
Psychological Price Levels တွေဖြစ်တဲ့ နံပါတ်တွေ (ဥပမာ 10 EUR၊ 50 EUR) ဟာလည်း Traders တွေရဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိတာကြောင့် အရေးပါတဲ့ Support/Resistance Levels တွေဖြစ်နိုင်ပါသေးတယ်။ ဒီ Levels တွေရဲ့ ခိုင်မာမှုကိုအတည်ပြုဖို့အတွက် အရောင်းအဝယ်ပမာဏ (Volume) ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်ပြီး အရောင်းအဝယ်ပမာဏများပြားတာဟာ Support/Resistance Levels တစ်ခုရဲ့အရေးပါမှုကိုမီးမောင်းထိုးပြနေတဲ့အတွက် မူလ Levels မှာ ဆက်ရှိနေမလား ဒါမှမဟုတ် ဖောက်ထွက်သွားမလားဆိုတာကို အတည်ပြုပေးနိုင်ပါတယ်။
ဘယ်လိုအဝယ်အရောင်း လုပ်ရမလဲ
ဒါ့အပြင် Support နဲ့ Resistance Levels တွေကိုအခြေခံပြီး အမျိုးမျိုးသော အရောင်းအဝယ်ဗျူဟာတွေကို ချမှတ်နိုင်တဲ့အတွက် ဈေးနှုန်းဟာ Support Levels နီးပါးကိုရောက်လာပြီး ဈေးနှုန်းတည်ငြိမ်လာတဲ့လက္ခဏာတွေ (ဥပမာ-ဝယ်အားပြန်ကောင်းလာတာမျိုး) မြင်တွေ့ရရင် ဒါဟာဝယ်ယူဖို့ကောင်းတဲ့ အခိုက်အတန့်ဖြစ်နိုင်သလို ဆန့်ကျင်ဘက်အနေနဲ့ ဈေးနှုန်းဟာ Resistance Levels နီးပါးကိုရောက်လာပြီး ဈေးနှုန်းကျဆင်းနိုင်တဲ့လက္ခဏာတွေ (ဥပမာ ရောင်းအားပြန်ကောင်းလာတာမျိုး) မြင်တွေ့ရရင် ဒါဟာရောင်းချဖို့စဉ်းစားသင့်တဲ့ အချိန်ဖြစ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း Support ဒါမှမဟုတ် Resistance Levels တွေဟာ အမြဲတမ်းခိုင်မာနေတာမဟုတ်ဘဲ ကျိုးပေါက်နိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။
ဈေးနှုန်းက Resistance ကိုကျော်လွန်သွားရင် Breakout လို့ခေါ်ပြီး Support အောက်ကိုကျဆင်းသွားရင်တော့ Breakdown လို့ခေါ်ပါတယ်။ Breakout တွေကို အရောင်းအဝယ်လုပ်ရာမှာ Resistance ကျိုးပေါက်တဲ့အခါဝယ်ပြီး ဆက်တက်မယ်လို့မျှော်လင့်သလို Breakdown တွေကို အရောင်းအဝယ်လုပ်ရာမှာ Support ကျိုးတဲ့အခါ ရောင်းပြီး ဆက်ကျမယ်လို့မျှော်လင့်ကြပါတယ်။ Support နဲ့ Resistance ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်က ခိုင်မာတဲ့ Resistance ဈေးနှုန်းကိုကျော်လွန်သွားရင် အရင် Resistance က Support အသစ်အဖြစ်ပြောင်းလဲသွားနိုင်သလို ခိုင်မာတဲ့ Support ဈေးနှုန်းအောက်ကိုကျဆင်းသွားရင်တော့ အရင် Support က Resistance အသစ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
Risk & Reward Management
Crypto အရောင်းအဝယ်မှာ အရေးကြီးဆုံးဖြစ်တဲ့ Risk & Reward Management မှာ Support နဲ့ Resistance Levels တွေက အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့အတွက် အရောင်းအဝယ်တစ်ခုကိုစတင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့အရှုံးတွေကို ကန့်သတ်နိုင်ဖို့ Stop-loss order တွေကို Support ဒါမှမဟုတ် Resistance Levels တွေအနီးမှာထားနိုင်ပါတယ် (ဝယ်ယူထားတဲ့အခြေအနေအတွက်ဆိုရင် Stop-loss ကို Support Levels ရဲ့အောက်နားလေးမှာထားပြီး ရောင်းထားတဲ့အခြေအနေအတွက်ဆိုရင် Resistance Levels ရဲ့အပေါ်နားလေးမှာထားနိုင်ပါတယ်)။ ဒါ့အပြင် ဒီ Levels တွေက မိမိ Entry စတင်ဝင်ရောက်တဲ့နေရာနဲ့ အနီးဆုံး Support ဒါမှမဟုတ် Resistance Levels ကြား အကွာအဝေးကိုကြည့်ပြီး Risk-Reward ratio ကို တွက်ချက်ရာမှာလည်း အကူအညီပေးမှာဖြစ်တဲ့အတွက် မတည်ငြိမ်တဲ့ Crypto ဈေးကွက်ထဲမှာ Traders တွေကိုလမ်းညွှန်ပေးပြီးတော့ အရောင်းအဝယ်စွမ်းဆောင်ရည်ကို မြှင့်တင်စေနိုင်မှာဖြစ်ပါတယ်။