2025 ခုနှစ် April လ ရောက်ရှိလာတာနဲ့အမျှ Cryptocurrency စျေးကွက်ဟာ သိသာထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့ကြုံတွေ့နေရပါတယ်။ ကမ္ဘာ့စီးပွားရေးအခြေအနေတွေ၊ ပြောင်းလဲလာတဲ့စည်းမျဥ်းဥပဒေတွေအပါအဝင် အဖွဲ့အစည်းကြီးတွေရဲ့ Crypto အပေါ် စိတ်ဝင်စားမှုပိုမိုမြင့်တက်လာတာတွေကြောင့် စျေးကွက်ကိုလှုပ်ခတ်စေပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်တွေကိုဖန်တီးပေးလျက်ရှိနေပါတယ်။ အခုလိုအချိန်အခါမျိုးမှာ ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့အလားအလာကောင်းပြီး စျေးကွက်ရဲ့မတည်ငြိမ်မှုကိုကျော်လွှားနိုင်မယ့် Cryptocurrency တွေကိုရှာဖွေလေ့ရှိကြပါတယ်။
Bitcoin ($BTC )
အဆိုပါ Cryptocurrency တွေထဲမှာ Digital Gold လို့တင်စားခေါ်ဝေါ်ကြတဲ့ Bitcoin (BTC) က Crypto စျေးကွက်ရဲ့အခြေခံအုတ်မြစ်အဖြစ် ထိပ်ဆုံးမှာခိုင်မာစွာရပ်တည်နေဆဲဖြစ်ပြီး မကြာသေးမီကဖြစ်ပွားခဲ့တဲ့ Bitcoin Halving ကြောင့် miner တွေရဲ့ rewards တန်ဖိုးကိုလျော့ကျသွားစေခဲ့တဲ့အတွက် Bitcoin ရှားပါးမှုကိုပိုမိုဖြစ်ပေါ်စေပြီးတော့ အနာဂတ် Bitcoin တန်ဖိုးမြင့်တက်လာဖို့ အားပေးလျက်ရှိနေပါတယ်။ ဒါ့အပြင် Spot Bitcoin ETF တွေကိုလည်း အမေရိကန်မှာအတည်ပြုခဲ့တာကြောင့် အဖွဲ့အစည်းကြီးတွေရဲ့ရင်းနှီးမြှုပ်နှံမှုကို ပိုမိုလွယ်ကူချောမွေ့စေခဲ့ပြီး စျေးကွက်ရဲ့ငွေဖြစ်လွယ်မှု (Liquidity) နဲ့ တည်ငြိမ်မှုကိုများစွာအထောက်အကူပြုခဲ့ပါတယ်။
ETH ($ETH )
Bitcoin ကို Digital Gold လို့တင်စားကြသလိုမျိုး Ethereum (ETH) ကိုလည်း Digital Oil အဖြစ်တင်စားကြပြီး လက်ရှိမှာ DApps နဲ့ Smart Contracts တွေအတွက် ဦးဆောင် Platform အဖြစ်ရပ်တည်နေကာ ဒုတိယ Market Cap အကြီးဆုံးအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ကွန်ရက်ကို Proof-of-Stake (PoS) စနစ်သို့ အောင်မြင်စွာ ကူးပြောင်းခဲ့တဲ့ Ethereum 2.0 က ကွန်ရက်ရဲ့ချဲ့ထွင်နိုင်စွမ်း (Scalability)၊ လုံခြုံရေးနဲ့ စွမ်းအင်ထိရောက်မှုကို သိသိသာသာမြှင့်တင်ပေးနိုင်ခဲ့ပြီး Pectra hard fork နဲ့ proto-danksharding တို့လို နောင်လာမယ့်အဆင့်မြှင့်တင်မှုတွေကလည်း ကွန်ရက်ရဲ့လုပ်ဆောင်နိုင်စွမ်း (Throughput) ကို ထပ်မံတိုးမြှင့်ဖို့နဲ့ အရောင်းအဝယ်ကုန်ကျစရိတ်တွေကိုလျှော့ချဖို့ရည်ရွယ်ထားတဲ့အတွက် Ethereum ဂေဟစနစ်ရဲ့ကြီးထွားမှုနဲ့တူ Ethereum ဟာလည်း ဆွဲဆောင်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ်တည်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း Bitcoin နဲ့ Ether အပြင် Binance Coin ($BNB )၊ Solana (SOL) နဲ့ Ripple (XRP) တို့ကလည်း အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ Cryptocurrencies တွေအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ Binance Coin (BNB) ဆိုတာ ကမ္ဘာ့အကြီးဆုံး Binance Exchange ရဲ့ Native Token ဖြစ်ပြီးတော့ သူ့ကို Trading fee discounts တွေ၊ Token sales မှာပါဝင်နိုင်တာတွေအပါအဝင် Staking ပြုလုပ်တဲ့ ကဏ္ဍအမျိုးမျိုးမှာအသုံးပြုကြပါတယ်။ နောက်ပြီး Binance Smart Chain (BSC) ကလည်း ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ Applications တွေကိုဆွဲဆောင်လျက်ရှိနေပြီး အခါအားလျော်စွာပြုလုပ်တဲ့ Token burn စနစ်နဲ့ Token အရေအတွက်ကိုလျှော့ချလေ့ရှိတဲ့အတွက် BNB တန်ဖိုးကိုမြင့်တက်လာစေနိုင်တဲ့ အလားအလာတွေရှိနေတာဖြစ်ပါတယ်။
Solana (SOL) ကတော့ သူ့ရဲ့မြန်နှုန်းမြင့်ပြီး ကုန်ကျစရိတ်သက်သာတဲ့ အရောင်းအဝယ်တွေကြောင့် DeFi နဲ့ Non-Fungible Tokens (NFTs) နယ်ပယ်တွေမှာနှစ်သက်ခံရတဲ့ Platform တစ်ခုဖြစ်ပြီးတော့ မကြာသေးမီကပြုလုပ်ခဲ့တဲ့ ကွန်ရက်အဆင့်မြှင့်တင်မှုတွေကြောင့် အရင်တုန်းကကြုံတွေ့ခဲ့ရတဲ့ တည်ငြိမ်မှုဆိုင်ရာပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့တဲ့အပြင် Gaming နဲ့ Decentralized Applications ကဏ္ဍတွေမှာလည်း Projects အသစ်တွေနဲ့ သူတို့ရဲ့ဂေဟစနစ်ကို ချဲ့ထွင်လျက်ရှိနေပါတယ်။ နောက်ပြီး Solana ETF ဖြစ်ပေါ်လာနိုင်ခြေကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကို ပိုမိုမြင့်တက်လာနေစေပါတယ်။
Ripple (XRP) ကိုတော့ နိုင်ငံဖြတ်ကျော်ငွေပေးချေမှုတွေမှာ ထိရောက်မြန်ဆန်စွာပြုလုပ်နိုင်စေဖို့ ဒီဇိုင်းထုတ်ထားတဲ့အတွက် ဘဏ္ဍာရေးအဖွဲ့အစည်းတွေအကြား ပိုမိုရေပန်းစားလာတာကိုတွေ့ရပြီး ဥပဒေရေးရာအရ ပိုမိုတည်ငြိမ်တဲ့အနေအထားရရှိလာတာနှင့်အမျှ Ripple က သူတို့ရဲ့ Global Network ကိုတိုးချဲ့နေကာ လျင်မြန်ပြီးတော့ ကုန်ကျစရိတ်သက်သာတဲ့ငွေပေးချေမှုတွေကို လွယ်ကူချောမွေ့စေဖို့လုပ်ဆောင်လျက်ရှိနေပါတယ်။ ဒါ့အပြင် XRP ကိုအခြေခံတဲ့ ETF ဆွေးနွေးမှုတွေနဲ့ on-chain အရောင်းအဝယ်ပမာဏတိုးလာတာတွေကလည်း အဖွဲ့အစည်းကြီးတွေရဲ့ စိတ်ဝင်စားမှုတိုးပွားလာနေကြောင်း ညွှန်ပြနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
အချုပ်ဆိုရရင် Bitcoin (BTC)၊ Ethereum (ETH)၊ Binance Coin (BNB)၊ Solana (SOL) နဲ့ Ripple (XRP) ဆိုတဲ့ Crypto 5 ခုစလုံးက စျေးကွက်ထဲမှာ သူ့နေရာနဲ့သူ သူတို့ရဲ့နယ်ယ်ကိုခိုင်မာစွာရယူထားနိုင်ပြီးတော့ ဆန်းသစ်တီထွင်မှုတွေကိုလည်းပြသနေတဲ့အတွက် ရင်းနှီးမြှုပ်နှံလို့ကောင်းမယ့် အခွင့်အလမ်းတွေပေးအပ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ Assets တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ မိမိရင်းနှီးမြှုပ်နှံမယ့် Assets အကြောင်းကို သေသေချာချာကိုယ်တိုင်လေ့လာသုံးသပ်ဖို့လိုအပ်ပြီး ကြုံတွေ့လာနိုင်တဲ့အန္တရာယ်တွေကိုလည်း အမြဲတမ်းထည့်သွင်းစဥ်းစားဖို့အရေးကြီးတယ်ဆိုတာကို သတိပြုသင့်ပါတယ်။