Cryptocurrency trading ဟာ အမြတ်အစွန်းရနိုင်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပေမယ့်၊ Risk လည်း များပါတယ်။ အထူးသဖြင့် ခုမှ စတင်မယ့် Beginner များအတွက် အောက်ပါအချက်များကို သိထားဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာ သင့်ကို အောင်မြင်တဲ့ trader တစ်ယောက်ဖြစ်လာစေဖို့ သိထားသင့်တဲ့ အချက် (၅) ချက်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ Risk Management

Crypto trading မှာ Risk တွေကို ကောင်းစွာစီမံခန့်ခွဲဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို သတ်မှတ်ပြီး၊ ဆုံးရှုံးနိုင်တဲ့ ပမာဏထက် ပိုမရင်းနှီးမိအောင် ဂရုပြုပါ။

- ဘတ်ဂျက်သတ်မှတ်ခြင်း: ကိုယ့်ရဲ့ လစာ(ဝင်ငွေ) ရဲ့ ဘယ်လောက် % အထိကို trading/investing အတွက် အသုံးပြုမလဲဆိုတာ ကြိုတင်သတ်မှတ်ထားပါ။

- ဆုံးရှုံးခံနိုင်တဲ့ ပမာဏ: ကိုယ်ဆုံးရှုံးခံနိုင်တဲ့ ပမာဏထက် ပိုမရင်းနှီးမိအောင် သတိထားပါ။ ဥပမာ၊ ကိုယ့်ရဲ့ စုဆောင်းငွေရဲ့ ၁၀% ထက် ပိုမလုပ်မိပါစေနဲ့။

- အရေးပေါ်စုငွေ: မမျှော်လင့်ထားတဲ့ ဈေးကွက်အခြေအနေတွေအတွက် အရေးပေါ် အရန်ငွေကို သီးသန့်ထားပါ။

၂။ FOMO (Fear of Missing Out) ကို ရှောင်ပါ

FOMO ဆိုတာက လူတွေကို အလျင်စလို ဆုံးဖြတ်ချက်တွေ ချမိစေတဲ့ စိတ်ခံစားချက်တစ်မျိုးပါ။ Crypto ဈေးကွက်မှာ ဈေးတက်နေတဲ့ Coin တစ်ခုကို လွတ်သွားမှာစိုးလို့ အလျင်စလိုဝယ်မိတာမျိုး မဖြစ်အောင် သတိထားပါ။

- စိတ်ရှည်ပါ: ဈေးကွက်မှာ အမြဲတမ်း အခွင့်အလမ်းတွေ ရှိနေပါတယ်။ အလျင်စလို မလုပ်ပါနဲ့။

- သုတေသနလုပ်ပါ: ကိုယ်ဝယ်မယ့် Coin ရဲ့ နောက်ခံအချက်အလက်တွေကို သေချာလေ့လာပါ။

- ဗျူဟာသတ်မှတ်ပါ: ကိုယ့်ရဲ့ trading plan ကို ကြိုတင်သတ်မှတ်ထားပြီး၊ စိတ်ခံစားချက်တွေနဲ့ မဆုံးဖြတ်မိပါစေနဲ့။

၃။ Stop-Loss ကို အသုံးပြုပါ

Stop-Loss ဆိုတာက ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပါ။ ဈေးနှုန်းက ကိုယ်သတ်မှတ်ထားတဲ့ ပမာဏထိ ကျဆင်းသွားရင် အလိုအလျောက် ရောင်းချပေးမှာဖြစ်ပြီး၊ ဤနည်းအားဖြင့် အရမ်းကျဆင်းတဲ့အတွက် အရမ်းရှုံးသွားနိုင်ချေကို ကာကွယ်ပေးပါတယ်။

- ဘယ်လိုအလုပ်လုပ်လဲ? ကိုယ်ဝယ်ထားတဲ့ Coin ရဲ့ ဈေးနှုန်းက ကိုယ်သတ်မှတ်ထားတဲ့ level ထက် ကျဆင်းသွားရင်၊ အလိုအလျောက် ရောင်းချပေးမှာဖြစ်ပါတယ်။

- ဘာကြောင့်အရေးကြီးလဲ? ဈေးကွက်မှာ မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေကြောင့် ဆုံးရှုံးမှုတွေကို ကာကွယ်ပေးပါတယ်။

၄။ Technical Analysis (နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု)

Technical Analysis ကို သေချာလေ့လာပါ။ ဈေးကွက်ရဲ့ လမ်းကြောင်းကို ခန့်မှန်းနိုင်ဖို့ chart တွေ၊ indicators တွေကို အသုံးပြုပါ။

Chart များကို လေ့လာပါ: Candlestick charts, line charts, နဲ့ bar charts တွေကို သေချာလေ့လာပါ။

Indicators အသုံးပြုပါ: Moving Averages, RSI, MACD လို indicators တွေကို အသုံးပြုပြီး၊ ဈေးကွက်ရဲ့ လမ်းကြောင်းကို ခန့်မှန်းပါ။

ဗျူဟာသတ်မှတ်ပါ: Technical analysis ကို အသုံးပြုပြီး၊ ကိုယ့်ရဲ့ trading plan ကို သတ်မှတ်ပါ။

၅။ Portfolio Diversification (ရင်းနှီးမြှုပ်နှံမှုကို ဖြန့်ထားခြင်း)

တစ်ခုတည်းသော Coin မှာ ရင်းနှီးမြှုပ်နှံမှုအားလုံးကို မစုစည်းမိပါစေနဲ့။ မတူညီတဲ့ Cryptocurrencies တွေကို ဖြန့်ဝေရင်းနှီးမြှုပ်နှံပြီး၊ Risk ကို လျှော့ချပါ။

- မတူညီတဲ့ Coin များ: Bitcoin, Ethereum, BNB နဲ့ တခြား altcoins တွေကို ဖြန့်ဝေရင်းနှီးမြှုပ်နှံပါ။

- မတူညီတဲ့ Sectors: DeFi, NFT, နဲ့ Metaverse လို မတူညီတဲ့ sectors တွေမှာ ဖြန့်ဝေရင်းနှီးမြှုပ်နှံပါ။

အခုပဲ Binance မှာ အကောင့်ဖွင့်ပြီး Trading စတင်ပါ!

Crypto trading ကို စတင်ဖို့ အကောင်းဆုံးနေရာက Binance ပါ။ ဈေးနှုန်းသက်သာပြီး၊ လုံခြုံစိတ်ချရတဲ့ Trading experience ကို Binance နဲ့ စတင်နိုင်ပါတယ်။

👉 Binance Account ဖွင့်ရန်