Binance ပေါ်မှာ BNB ကိုင်ထားသူတွေအတွက် ၁၉ ခုမြောက် Hodler Airdrop ပေးသွားခဲ့ပြန်ပါပြီ။ ဒီတခါပေးသွားတာကတော့ Haedal Protocol (HAEDAL) Token တွေပေးသွားခဲ့တာပါ။
Hodler Airdrop ရဖို့အတွက် ထူးထူးခြားခြားလုပ်ရတာမျိုးမရှိပါဘူး။ ကိုယ့်ရဲ့ BNB တွေကို Simple Earn လုပ်ထားရုံနဲ့ ရနိုင်တာဖြစ်ပါတယ်။ Simple Earn ထဲမှာ ထည့်ထားတဲ့ BNB များရင် များသလို Airdrop ပြန်ရတာလည်း များနိုင်ပါတယ်။ HAEDAL Token တွေပေးဖို့အတွက် 5 လပိုင်း 10 ရက်နေ့ကနေ 13 ရက်နေ့အတွင်း Simple Earn ထဲမှာ BNB ကိုင်ထားတဲ့သူတွေကို Snapshot ယူသွားခဲ့တာပါ။
Haedal Protocol ဆိုတာကတော့ Sui Blockchain ပေါ်က Liquid Staking Protocol တစ်ခုဖြစ်ပါတယ်။ Haedal မှာ SUI တွေ Stake ထားရင် haSUI ဆိုတဲ့ Token တွေကို Liquid Staking Token တွေအဖြစ်ပြန်ပေးထားမှာပါ။ အဲ့ဒီအတွက် ကိုယ့်ရဲ့ SUI တွေက Lock ဖြစ်နေတာမျိုးမဟုတ်တော့ဘဲ တခြားနေရာတွေမှာပါ သုံးလို့ရနေတော့မယ့် သဘောဖြစ်ပါတယ်။ ဥပမာ haSUI တွေနဲ့ Defi တွေပေါ်မှာ Trading လုပ်တာမျိုး၊ Landing လုပ်တာမျိုး၊ borrowing လုပ်တာမျိုးတွေမှာ သုံးနိုင်အုံးမှာပါ။
လက်ရှိအချိန်မှာ Total Value Locked (TVL) အနေနဲ့ ဒေါ်လာ သန်း ၂၀၀ နီးပါး ရရှိထားတဲ့ project တစ်ခုလည်းဖြစ်ပါတယ်။ Hashed, OKX Ventures, Animoca Ventures, Sui Foundation တို့လိုအဖွဲ့အစည်းတွေကလည်း Haedal မှာ Investor တွေအနေနဲ့ ပါဝင်အားဖြည့်ထားကြပါသေးတယ်။ HAEDAL Token ကို Governance Token တစ်ခုအနေနဲ့ အသုံးပြုသွားမှာဖြစ်တာကြောင့် Project နဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ Token Hodler တွေက Voting ပေးခွင့်ရရှိမှာဖြစ်ပါတယ်။
စုစုပေါင်း Total Supply အနေနဲ့ 1 Billion HAEDAL Token တွေရှိမှာဖြစ်ပြီးတော့ ဒီထဲက 3% ဖြစ်တဲ့ 30 Million HAEDAL Token တွေကို Hodler Airdrop အနေနဲ့ ပေးသွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Binance ပေါ်မှာ HADEL Token တွေကို စတင် အရောင်းအဝယ်လုပ်လို့ရနေပါပြီ။
#HAEDALToken #HODLerAirdrops #BNB