Binance ရဲ့ Launchpool အစီအစဉ် ထပ်လာနေပါတယ်။ ဒီတခါမှာတော့ Huma Finance ရဲ့ HUMA Token တွေကို Farming လုပ်လို့ရမှာဖြစ်ပါတယ်။ Launchpool တွေရဲ့ ထုံးစံအတိုင်း BNB, FDUSD, USDC ဆိုတဲ့ Token ၃ ခုကို အသုံးပြုပြီး Farm ရမှာဖြစ်ပါတယ်။ Airdrop ပေးသွားမယ့် ပမာဏ အနေနဲ့ 250 Million HUMA Token တွေကိုပေးသွားမှာပါ။ ဒါဟာ Total Token Supply ရဲ့ 2.5% ဖြစ်ပါတယ်။ ဒီ 2.5% ကိုမှ BNB နဲ့ Farming လုပ်မယ့်သူတွေအတွက် 85%, FDUSD အတွက် 5%, USDC အတွက် 10% စီ အသီးသီး ပြန်ခွဲပေးသွားမှာပါ။ Farming ကာလကတော့ ၃ ရက်တိတိအချိန်ရမှာဖြစ်ပါတယ်။ ဒီနေ့မနက်မြန်မာ အချိန် ၆ နာရီခွဲမှာ စပြီးတော့ Farming လုပ်လို့ရနေပါပြီ။
ဘယ်လိုမျိုးပါဝင်ရမလဲ မပြောခင် Huma Finance အကြောင်းအနည်းငယ် ပြောပြပေးချင်ပါတယ်။ Huma Finance ဆိုတာကတော့ ပထမဆုံး PayFi Network တစ်ခုဖြစ်ပါတယ်။ အရင်က DeFi, SciFi ဆိုတာတွေ ကြားဖူးကြမှာပါ။ အဲ့ဒီလိုမျိုးပဲ ဒီတခါတော့ PayFi ဖြစ်ပါတယ်။ Blockchain အခြေပြု Payment Finance Project တခုဖြစ်ပါတယ်။
Stablecoin တွေနဲ့ on-chain liquidity တွေအတွက် payment နဲ့သက်ဆိုင်တာတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ နားလည်လွယ်အောင်ပြောပြရရင် PayPal လိုမျိုးပုံစံကိုမှ Blockchain အခြေပြုဖြစ်လို့ ပုံမှန်ထပ်ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ Payment တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော် ငွေလွှဲမှုတွေမှာလည်း အသုံးဝင်လာနိုင်ပါတယ်။ ပထမဆုံး PayFi Project ဖြစ်လို့ ဆန်းသစ်တဲ့ project တခုဖြစ်ပါတယ်။ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာတော့ ဆက်လက်စောင့်မျှော်ကြည့်ရမှာပါ။
Launchpool မှာပါဝင်ဖို့အတွက် -
*Binance Account ကို Login ဝင်ပါ
*Home page ထဲက More ကို နှိပ်ပါ
*Launchpool Icon လေးကိုရှာပါ
*ကိုယ်ကြိုက်ရာ Pool ကိုရွေးပြီး Token ထည့် Lock လုပ်လိုက်ရုံပါပဲ
ဒီနေရာမှာ BNB သမားတွေကတော့ အခုလို တကူးတကသွားထည့်စရာမလိုပါဘူး။ Simple Earn ထဲမှာ Flexible ပဲဖြစ်ဖြစ်၊ Lock ပဲဖြစ်ဖြစ် လုပ်ထားရုံနဲ့ Launchpool Reward တွေ ရနိုင်မှာဖြစ်ပါတယ်။
#Binance #Launchpool #HumaFinance #HUMA #BNB
