Binance ပေါ်မှာ 67 ခုမြောက် Launchpool အနေနဲ့ WalletConnect WCT ကို မိတ်ဆက်သွားခဲ့ပါပြီ။ အခုဆိုရင် Farming ကာလလည်း ပြီးတော့မှာဖြစ်ပါတယ်။ Launchpool တွေရဲ့ ထုံးစံအတိုင်း BNB, FDUSD, USDC စတဲ့ Token တွေကိုသုံးပြီး WCT Token တွေ Farming လုပ်လို့ရခဲ့ပါတယ်။
စုစုပေါင်း Total Supply 1B WCT Token တွေရှိတဲ့အထဲကမှ 4% ကို Binance Launchpool အတွက် ပေးသွားခဲ့တာဖြစ်ပါတယ်။ Binance မှာ စပြီး Token List တဲ့အချိန်မှာ Circulating Supply အနေနဲ့ 18.62% ရှိမှာဖြစ်ပါတယ်။
Listing ကတော့ Apr 15 ရက်နေ့ မြန်မာအချိန်နဲ့ ဒီနေ့ ညနေ ၅ နာရီခွဲမှာ စပြီး အရောင်းအဝယ်လုပ်လို့ရမှာဖြစ်ပါတယ်။
Launchpool ကနေ WCT Token တွေ ဘယ်လောက်ရခဲ့ကြလဲဆိုတာ Comment ပေးသွားဖို့ဖိတ် ခေါ်ပါတယ်ဗျာ။