Binance ကတော့ Hodler Airdrop တွေကို တခုပြီးတခု မိတ်ဆက်ပေးလာပါတယ် အခုဆိုရင် 17 ခုမြောက်ကို ရောက်လို့လာခဲ့ပါပြီ။ ဒီတခါ မိတ်ဆက်သွားတာက တော့ StakeStone (STO) ဖြစ်ပါတယ်။
Hodler Airdrop ဆိုတာက BNB ကိုင်ထားတဲ့သူ တွေကို ပေးတာဖြစ်ပါတယ်။ BNB ကို Spot ထဲမှာ ကိုင်ထားရုံနဲ့တော့ မရပါဘူး။ Simple Earn ထဲမှာ ထည့်ထားမှ ရမှာဖြစ်ပါတယ်။ BNB ကိုင်ထားတဲ့ ပမာဏများရင် များသလို ပြန်ရတဲ့ Reward လည်းများပါတယ်။ BNB တွေအပေါ်မှာ အချိုးကျခွဲဝေပေးတာဖြစ်ပါတယ်။
ဒီတခါလာတဲ့ STO မှာ Total Supply အနေနဲ့ 1 Billion STO ရှိမှာဖြစ်ပါတယ်။ Hodler Airdrop အတွက် 1.5% of Total Supply ဖြစ်ပါတယ်။ ဒါကြောင့် 15,000,000 STO တွေကို Hodler Airdrop အနေနဲ့ ပေးသွားခဲ့တာပါ။ နောက်ထပ် 1.5% ကိုတော့ Listing ပြီးလို့ ၃ လကြာရင် Marketing Campaign တွေလုပ် ပေးသွားမှာဖြစ်ပါတယ်။
Hodler Airdrop တွေ ရဖို့က Task တွေ ထူးထွေပြီး လုပ်စရာမလိုပါဘူး။ BNB တွေကို Simple Earn ထဲမှာထည့်ထားဖို့ပဲလိုတာဖြစ်ပါတယ်။
*** BNB တွေကို Hodler Airdrop ရဖို့အတွက်ရည်ရွယ်ချက်တခုတည်းနဲ့ ဝယ်ကိုင်တာမျိုးတော့မလုပ်သင့်ပါဘူး။