Binance ရဲ့ Hodler Airdrop ထပ်လာပြန်ပါပြီ။ Hodler Airdrop ဆိုတာက BNB ကို Simple Earn ထည့်ထားတဲ့သူတွေအတွက် Airdrop ပေးတဲ့အစီအစဉ်တခုဖြစ်ပါတယ်။ BNB တွေများရင် များသလို Reward တွေပြန်ရလေ့ရှိပါတယ်။
ဒီတခါမှာတော့ NXPC ဆိုတဲ့ Token တွေကို ပေးသွားခဲ့တာပါ။ NXPC ဆိုတာက Nexpace ရဲ့ Native Token ဖြစ်ပါတယ်။ Native Token တွေရဲ့ သဘာဝအတိုင်း Gas Fee တွေ၊ Game ထဲက Item တွေ ဝဘ်တာမျိုးတွေ၊ Project နဲ့ပတ်သက်တဲ့ Voting ပေးတာတွေ၊ Staking လုပ်တာမျိုးတွေမှာ အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။
Nexpace က Web3 Gaming တွေအတွက် Design လုပ်ထားတဲ့ Blockchain Based project တခုဖြစ်ပါတယ်။ Avalanche Subnet ပေါ်မှာ တည်ဆောက်ထားတာဖြစ်လို့ Gas Fee သက်သာမယ်၊ Transaction speed လည်း မြန်မှာဖြစ်ပါတယ်။
NXPC ရဲ့ Total Supply က 1 Billion NXPC ရှိမှာပါ။ Max Supply လည်း အတူတူပါပဲ။ Hodler Airdrop အနေနဲ့ Total Supply ရဲ့ 3% ကို ပေးသွားမှာပါ။ Circulating Supply အနေနဲ့ကတော့ 16.9% ရှိနေမှာပါ။
အခုဆိုရင် NXPC ကို Binance မှာ စပြီး List လုပ်ထားပြီးပြီဖြစ်ပါတယ်။
#BNB #HODLerAirdrops #NXPC