Trump က February 1 ရက်နေ့မှာ ကနေဒါနဲ့ မက္ကဆီကိုမှ သွင်းကုန်များအပေါ် 25% ကုန်သွယ်ခွန် (ကနေဒါစွမ်းအင်ကို 10% ခွန်) နဲ့ တရုတ်သွင်းကုန်တွေကို 10% အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း Bitcoin နဲ့ Ether အပါအဝင် အခြား Crypto Assets တွေအကုန် ဈေးတွေကျဆင်းခဲ့ကာ Market ကြီးတစ်ခုလုံးနီရဲနေခဲ့ပါတယ်။
February 3 ရက်နေ့မှာတော့ ကနေဒါ၊ မက္ကဆီကိုနှစ်နိုင်ငံနဲ့ နယ်စပ်ကာကွယ်ရေးမြှင့်တင်ဖို့ Trump က သဘောတူခဲ့တဲ့အတွက် ကုန်သွယ်ခွန်တွေကို ရက် 30 ကြာရွှေ့ဆိုင်းခဲ့ပေမယ့်လည်း အခု ဖေဖော်ဝါရီလကုန်ပိုင်းမှာ အဆိုပါအခွန်တွေကို ပြန်လည်ကောက်ခံမယ်လို့ Trump က ပြင်သစ်သမ္မတ Emmanuel Macron နဲ့ February 24 ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲ့ဒီအချိန်ကစလို့ Crypto စျေးကွက်ဟာ ကြောက်ရွံ့မှုတွေနဲ့အတူ အောက်အထိထိုးဆင်းခဲ့ကာ Crypto Fear & Greed Index အရ စျေးကွက်စိတ်ခံစားမှုက 25 Point အထိရောက်ရှိနေပြီး Extreme Fear ကို ညွှန်းဆိုလျက်ရှိနေပါတယ်။
အဆိုပါသတင်းကြောင့် လွန်ခဲ့တဲ့၂၄ နာရီအတွင်းမှာ Bitcoin ဟာ 4.5% ထိကျဆင်းခဲ့ပြီး $92,000 အောက်ကို ရောက်ရှိသွားခဲ့ကာ CoinGecko အရ စုစုပေါင်း Crypto စျေးကွက်တန်ဖိုးဟာလည်း $3.31 Trillion ကနေ $3.09 Trillion အထိ 8% ခန့်ကျဆင်းသွားခဲ့ပါတယ်။
Trump ရဲ့ကုန်သွယ်ခွန်ခြိမ်းခြောက်မှုတွေနဲ့အတူ Crypto စျေးကွက်ရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုတွေက ကုန်သွယ်ရေးစစ်ပွဲအရိပ်အယောင်ကို ထင်ဟပ်နေပြီး February လအတွင်း ကြေညာချက်များ၊ ရွှေ့ဆိုင်းမှုများ၊ ပြန်လည်စတင်မယ့် ခြိမ်းခြောက်သံတွေကြားမှာ စျေးကွက်ဟာ မရေရာမှုကို ကြောက်ရွံ့လျက်ရှိနေပါတယ်။ ဒီလိုအရှိန်အဟုန်တွေက ကုန်သွယ်ရေးစစ်ပွဲကို ဦးတည်နေတာလား ဒါမှမဟုတ် ညှိနှိုင်းမှုတွေနဲ့ပဲပြေလည်သွားနိုင်မလားဆိုတဲ့အခြေအနေဟာ လာမယ့်လတွေရဲ့ စီးပွားရေးနဲ့ Crypto စျေးကွက်အရှိန်အဟုန်ကို ဆုံးဖြတ်ပေးမယ့် အဓိကသော့ချက်ဖြစ်လာမှာပါ။