February 15 ရက်နေ့မှာ ဘဏ္ဍာရေးသတင်းအယ်ဒီတာ Seán Murray က X မှာ စာတန်းရှည်ကြီးတစ်ခုတင်ပြီး Twitter Co-Founder Jack Dorsey နဲ့ Bitcoin ဖန်တီးသူ Satoshi Nakamoto ဟာ တစ်ယောက်တည်းလားဆိုပြီး ဆက်စပ်နိုင်တဲ့ အထောက်အထားတွေကို စုစည်းဖော်ပြခဲ့ပါတယ်။ 


Murray ရဲ့ သီအိုရီက Dorsey ရဲ့ဘဝနဲ့ Bitcoin ရဲ့ အစောပိုင်းဖွံ့ဖြိုးမှုကြား ဆင်တူမှုတွေကို အခြေခံထားတာဖြစ်ပြီး သူ့ရဲ့စုံစမ်းချက်အရ ပထမဆုံး Bitcoin Transaction လုပ်တဲ့နေ့အဖြစ်မှတ်တမ်းတင်ခဲ့တဲ့ January 11 ရက်နေ့ဟာ Dorsey ရဲ့မိခင်မွေးနေ့ဖြစ်ပြီး Satoshi ရဲ့ နောက်ဆုံး Block Mined လုပ်ချိန် 2010 March 5 ရက်နေ့က‌ Dorsey ရဲ့ဖခင်မွေးနေ့ဖြစ်ပါတယ်။


ဒါ့အပြင် Satoshi က Bitcoin Forum မှာ November 19 ရက်နေ့က စာရင်းသွင်းခဲ့ပြီး အဆိုပါနေ့ဟာ Jack Dorsey ရဲ့မွေးနေ့ဖြစ်နေပါတယ်။ နောက်ပြီး Bitcoin ရဲ့ Original Source Code မှာ မနက် 4 နာရီကို အမြဲဖော်ပြထားတဲ့ အချိန်မှတ်တမ်းကို Dorsey ရဲ့ Twitter Profile မှာ အရင်က ဖော်ပြခဲ့ဖူးတယ်လို့ Murray က ထောက်ပြခဲ့ပါတယ်။


အခုလို Bitcoin ရဲ့ ပထမဆုံးသမိုင်းနဲ့ Dorsey ရဲ့ ကိုယ်ရေးရာဇဝင်က ဆက်စပ်မှုရှိနေပြီး အတော်လေးလည်းတိုက်ဆိုင်နေပါတယ်။


ဇာတ်လမ်းကို နောက်ထပ်ဆက်စပ်မှုတွေနဲ့ ပိုပြီးစိတ်ဝင်စားစေတဲ့အချက်တစ်ခုက ဒေသဆိုင်ရာ ချိတ်ဆက်မှုတွေဖြစ်ပြီး 2014 ခုနှစ်က Satoshi ရဲ့ Email ကို Hack လုပ်ထားခဲ့တဲ့ Hacker က St. Louis, Missouri (Dorsey ရဲ့ မွေးရပ်မြေ) နဲ့ဆက်စပ်တဲ့ အချက်အလက်တွေကို ဖော်ထုတ်ကာ Bitcoin ဖန်တီးသူကို ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။


ပြီးတော့ 2009 ခုနှစ် January 10 ရက်နေ့မှာ Satoshi က IRC (Internet Relay Chat) ကိုမတော်တဆဝင်ရောက်ခဲ့ရာ California မှာရှိတဲ့ IP Address တစ်ခုကို ဖော်ထုတ်ခံခဲ့ရပြီး အဆိုပါ ဒေသက Dorsey ရဲ့ Twitter ဌာနချုပ်တည်ရှိရာ နေရာဖြစ်နေပါတယ်။

-

ဒါပေမယ့် သီအိုရီကို လက်မခံတဲ့သူတွေကတော့ Murray ရဲ့ သီအိုရီမှာ ချို့ယွင်းချက်များစွာရှိနေကြောင်း ထောက်ပြထားကြပြီး Censorship-Resistant Money ကို ဖန်တီးခဲ့တဲ့ Satoshi က ဘာလို့ Content Moderation Policies အောက်က Twitter ကို တည်ထောင်မှာလဲလို့ ဝေဖန်သူတွေကဆိုပါတယ်။ (Satoshi သာ Jack Dorsey ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ Bitcoin ဖန်တီးတဲ့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ဆိုလိုတာပါ)


Blockchain researcher Jameson Lopp ကတော့ တစ်စုံတစ်ယောက်ကို Satoshi လို့ခန့်မှန်းကာ လူအများသိအောင် ပြုလုပ်နေတာဟာ ခန့်မှန်းခံရသူနဲ့ သူ့မိသားစုအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုပြီး Murray ရဲ့ သီအိုရီကို ပြင်းပြင်းထန်ထန်ကို ဝေဖန်နေခဲ့ပါတယ်။


အဆိုပါ သီအိုရီက အရင် Satoshi အဖြစ် ခန့်မှန်းခံရတဲ့ Hal Finney, Adam Back, Nick Szabo တို့အဖြစ်နဲ့ဆင်တူပြီး Satoshi ဖြစ်ကြောင်း သက်သေအထောက်အထားမရှိတာကြောင့် အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။


Satoshi ရဲ့ Bitcoin ပိုင်ဆိုင်မှုက BTC 1 Million (လက်ရှိဈေးအရ $96 Billion ကျော်) အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် Satoshi ဘယ်သူလဲဆိုတဲ့ ပဟေဠိရဲ့အရေးပါမှုက အလွန်မြင့်မားပြီး Crypto လောကမှာ ရေရှည်တည်တံ့နေမယ့် ဒီပြဿနာက သီအိုရီအသစ်ထွက်လာတိုင်း နည်းပညာကဏ္ဍရဲ့ အဆက်မပြတ်မေးခွန်းတစ်ခုအဖြစ်ရှိနေဦးမှာပဲဖြစ်ပါတယ်။

Binance Account ဖွင့်ရန်