လူကြိုက်များတဲ့ NFT Marketplace OpenSea က သူတို့ရဲ့ Platform အသစ်ဖြစ်တဲ့ OS2 ဆိုတဲ့ Trading Platform ကို February 13 ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ Platform က အခြား Marketplace က အရောင်းအဝယ်တွေကို တစ်နေရာတည်းမှာစုစည်းပေးထားနိုင်ပြီးတော့ Cross-chain ဝယ်ယူမှုတွေကိုလည်း လုပ်ဆောင်ခွင့်ပေးတဲ့အပြင် OS2 Platform စတင်အသုံးပြုသူတွေအတွက် အစောပိုင်းမှာ Lower Fees နဲ့ ဝန်ဆောင်မှုတွေကို ရယူနိုင်မယ်လို့ဆိုပါတယ်။


ဒါဟာ OpenSea ကို NFT စျေးကွက်တစ်ခုကနေ Digital Assets အားလုံးကိုကုန်သွယ်နိုင်တဲ့ Platform ကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်တာဖြစ်ကြောင်း OpenSea ရဲ့ Co-founder နဲ့ CEO Devin Finzer ကပြောခဲ့ပြီး Cayman Islands အခြေစိုက် OpenSea Foundation အဖွဲ့ကလည်း OS2 Platform မှာ Utility (အသုံးဝင်မှု) ဖြစ်မယ့် SEA Tokens တွေကို Airdrop ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။  


Airdrop အသေးစိတ်နဲ့ ရက်စွဲကို မဖော်ပြထားပေမယ့် OpenSea က Active Users ‌တွေနဲ့ Platform စတင်ကတည်းက ပါဝင်ခဲ့သူတွေကို SEA Tokens တွေပေးသွားမယ်လို့ဆိုပြီး SEA Token ရဲ့ Utility က ရေတိုအမြတ်ထုတ်မှုထက် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ထားတယ်လို့ OpenSea က ပြောကြားခဲ့ပါတယ်။


OpenSea ရဲ့ OS2 Platform အသစ်ဟာ NFT နဲ့ Cryptocurrency တွေကိုကုန်သွယ်နိုင်တဲ့ စွယ်စုံသုံး Digital Assets စျေးကွက်တစ်ခုဖြစ်ပြီး SEA Tokens ဖြန့်ဝေမှုနဲ့အတူ အသုံးပြုသူတွေအတွက် ရေရှည်မှာ Utility ကောင်းတစ်ခုပေးဖို့ ရည်ရွယ်ထားတဲ့ အဆိုပါအစီအစဉ်ဟာ Crypto နဲ့ NFTစျေးကွက်အနာဂတ်ကို ကောင်းမွန်အောင်လုပ်နိုင်တဲ့ အလားအလာရှိပေမယ့် လက်ရှိစျေးကွက်ရဲ့ ယှဉ်ပြိုင်မှုတွေနဲ့ Platform ရဲ့လျော့ကျနေတဲ့ Trading Volume ကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာကတော့ OpenSea အတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေပါတယ်။



Binance Account ဖွင့်ရန်