USDC ဒါမှမဟုတ် DAI တွေလို Stablecoins တွေနဲ့ ပိုက်ဆံလည်းချေးမယ်၊ အတိုးလည်းရချင်တယ်ဆိုရင် Binance ကနေ HODLer Airdrop အနေနဲ့ မိတ်ဆက်လိုက်တဲ့ SPARK အကြောင်းကို မျှဝေပေးချင်ပါတယ်။

SPARK ဆိုတာ ဘာလဲ?

SPARK ဆိုတာက MakerDAO ရဲ့ Ecosystem အတွင်းကနေဖန်တီးထားတဲ့ ငွေချေးငှားတဲ့ DeFi Platform တစ်ခုဖြစ်ပါတယ်။ MakerDAO ဆိုတာက နာမည်ကြီးပြီးသားဖြစ်တဲ့ DAI stablecoin ကို ဖန်တီးထားတဲ့ Protocol တစ်ခုပါ။ Spark ကတော့ သူတို့ရဲ့ ငွေချေးငှားတာတွေနဲ့ ငွေဖြည့်သွင်းတာတွေကိုလုပ်ပေးတဲ့ Platform တစ်ခု ဖြစ်ပါတယ်။ USDC, USDS, DAI နဲ့ ETH လို ပိုင်ဆိုင်မှုတွေကို အသုံးပြုပြီးတော့ ငွေချေးငှားတာတွေ၊ ငွေစုတာတွေ၊ Yield Farming ရယူတာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးတယ်ဆို့ ဆိုထားပါတယ်။

Spark ရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုရင်?

Spark ကို MakerDAO ရဲ့ ecosystem အတွင်းမှာရှိတဲ့ Phoenix Labs ကနေ ဖန်တီးထားတာဖြစ်ပြီးတော့ $SPK က သူတို့ရဲ့ Native Token ဖြစ်ပါတယ်။ အဲဒီ Token ကို ecosystem အတွင်းမှာ staking, governance နဲ့ farming တွေလုပ်တဲ့နေရာတွေမှာ အသုံးပြုလို့ရပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ?

Spark မှာ အဓိက Feature သုံးခု ရှိပါတယ်။

ပထမကတစ်ခုက SparkLend ဖြစ်ပြီးတော့ သူက ငွေချေးငှားပြီး အတိုးရယူတဲ့ နေရာပါ။ ကျွန်တော်တို့က USDC ဒါမှမဟုတ် USDS လို stablecoin တွေကိုထည့်ပြီးတော့ အတိုးယူလို့ရသလို၊ ETH ဒါမှမဟုတ် wETH လို ပိုင်ဆိုင်မှုတွေကို အပေါင်ထားပြီးလည်း DAI ဒါမှမဟုတ် USDS လို stablecoin တွေကို ချေးယူလို့ ရပါတယ်လို့ ပြောထားပါတယ်။

ဒုတိယတစ်ခုက Spark Savings ပါ။ user တွေက stablecoin တွေကို deposit လုပ်ပြီးရင် Yield Farming တွေကို ယူလို့ရပါတယ်။ ပြီးတော့ USDC, DAI ဒါမှမဟုတ် USDS တွေနဲ့ အချိန်မရွေး slippage မရှိပဲနဲ့ withdraw ပြန်လုပ်လို့ ရတယ်ဆိုပြီးတော့လည်း ပြောထားပါတယ်။

နောက်ဆုံးတစ်ခုက Spark Liquidity Layer (SLL) ပါ။ သူက DeFi Platform တွေနဲ့ Real World Asset တွေဆီကို Liquidity တွေ ခွဲဝေပေးပြီးတော့ တည်ငြိမ်တဲ့ Yield Fraimg တွေ ပြန်ပေးတဲ့နေရာဖြစ်ပါတယ်။

သူ့မှာ Bug Bounty ဆိုတဲ့ Program လည်းပါဝင်ပါတယ်။ Bug Bounty ဆိုတာက application တစ်ခုမှာ လုံခြုံရေး အားနည်းချက် (Security Vulnerability) တွေကို ဖော်ထုတ်နိုင်တဲ့ White Hat Hackers and Security Experts တွေကို ဆုချီးမြင့်တာပါ။ Spark က အဲဒီ Program အတွက် $5 Million ကျော်ပေးမယ်လို့ ပြောထားပါတယ်။

How to Join?

Binance အသုံးပြုတဲ့သူတွေဆိုရင် $SPK ကို HODLer Airdrop ကနေ ယူဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ 2025 June လ 10 ရက်ကနေ 13 ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရခဲ့လဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။

SPK HODLer Airdrop Detail

Spark ရဲ့ Native Token က $SPK ဖြစ်ပြီး Total Supply က 10 Billion ရှိပါတယ်။ HODLer Airdrop အတွက်က 200 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 1.7 Billion ရှိပါတယ်။

ဆိုတော့ အကျဉ်းချုပ်ပြောရမယ်ဆိုရင် Spark.fi က ငွေချေးငှားလို့ရတဲ့ DeFi Lending Platform ဖြစ်သလို Yield Fariming platform တစ်ခုလည်း ဖြစ်ပါတယ်။

🚀 Trading လုပ်တိုင်း 10% Discount ရတဲ့ Binance အကောင့်ကို အောက်က လင့်ကနေဖွင့်ပါ

👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0

(သို့မဟုတ်)

👉 Binance Referral Code: KGUL8TE0

👉 App Download

👉 https://www.binance.com/en/download