ကိုယ်က နိုင်ငံခြားရောက်နေတယ်၊ အိမ်မှာရှိတဲ့မိဘကို ပိုက်ဆံပို့ချင်တယ်ဆိုရင် ပုံမှန်အားဖြင့် Bank တွေကို အသုံးပြုရပါတယ်။ ဒါပေမယ့် နိုင်ငံမတူပဲ ငွေလွဲတာဖြစ်တာကြောင့် ကြားမှာ အနည်းဆုံး (၁) ပတ်ကနေ (၂)ပတ်လောက်တော့ ကြာပါတယ်။ အရေးကြီးကိစ္စတစ်ခုခုကြောင့် ချက်ချင်းရမှ အဆင်ပြေမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲပေါ့နော်။ ဒီပြဿနာကို ဖြေရှင်းပေးဖို့ Binance ရဲ့ Launchpool ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Huma Finance က ကူညီပေးမှာ ဖြစ်ပါတယ်။

Huma Finance ကဘာလဲ?

Huma Finance က ကမ္ဘာတဝှမ်းကလူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုလွယ်ကူပြီး မြန်ဆန်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ဆန်းသစ်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

ဒီ Huma Finance က PayFi လို့ခေါ်တဲ့ Payment Financing ရဲ့ ဆန်းသစ်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ကမ္ဘာတဝှမ်းက ငွေပေးချေမှုတွေကို (၂၄) နာရီလုံး ပိတ်ရက်မရှိ မြန်မြန်ဆန်ဆန် လုံလုံခြုံခြုံနဲ့ ကူညီပေးနိုင်မယ်လို့ ဆိုထားပါတယ်။ ဒီနည်းပညာက နိုင်ငံတကာကုန်သွယ်မှုတွေ အကြွေးကတ်တွေ မတူတဲ့နိုင်ငံတွေမှာရှိတဲ့ အဖွဲ့အစည်း Company ကြီးရဲ့ Transition တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကို blockchain နည်းပညာနဲ့ stablecoin တွေဖြစ်တဲ့ USDC လိုမျိုးကို အသုံးပြုပြီး လုပ်ဆောင်တာပါ။

ဘာကြောင့် Huma Finance က ထူးခြားတာလဲ?

Huma Finance က ပုံမှန်အသုံးပြုနေတဲ့ Traditional ဘဏ္ဍာရေးစနစ်ရဲ့ အားနည်းချက်တွေကို ပိုကောင်းတဲ့ နည်းပညာနဲ့ ဖြေရှင်းပေးမှာဖြစ်ပါတယ်။ ဆိုလိုတာက ရက်နဲ့ချီအကြာကြီးစောင့်နေရတဲ့ ငွေလွှဲစနစ်တွေ၊ ကုန်ကျစရိတ်များတဲ့ ဝန်ဆောင်မှုတွေကို ဆန်းသစ်တဲ့ နည်းပညာနဲ့ပြောင်းလဲပြီး ပိုမိုမြန်ဆန်၊ သက်သာပြီး လူတိုင်းအတွက် အဆင်ပြေတဲ့ စနစ်ကို ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။

Huma Finance က Solana blockchain ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး Solana ရဲ့ လျှပ်စီးလို မြန်ဆန်တဲ့ လုပ်ဆောင်မှုတွေနဲ့အတူ ကုန်ကျစရိတ်သက်သာမှုတွေကြောင့် ဒီလိုငွေပေးချေမှုတွေအတွက် ပိုအဆင်ပြေပါတယ်။ ပြီးတော့ Stripe၊ Shopify၊ PayPal တို့လိုကုမ္ပဏီကြီးတွေနဲ့လည်း ပူးပေါင်းထားတော့ လူအများရဲ့ ယုံကြည်စိတ်ချရမှုက ပိုမြင့်တယ်လို့ ပြောလို့ရပါတယ်။

ဒါ့အပြင် USDT ကိုထုတ်တဲ့ Circle Company တို့ Stell တို့စတဲ့ Company အကြီးကြီးတွေက ကျောထောက်နောက်ခံပြုထားပါတယ်လို့ သူ့ရဲ့ Website မှာ ဖော်ပြထားပါတယ်။

အကျဉ်းချုပ်ပြောရရင် Huma Finance က နိုင်ငံတွေကြားမှာ ငွေပေးချေမှုတွေကို မြန်ဆန်ပြီး လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်ဖို့ ဆန်းသစ်တဲ့ နည်းပညာနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနေတဲ့ ပလက်ဖောင်းတစ်ခုပါ။ ဒါပေမယ့် ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါ သေချာလေ့လာပြီးမှ အသုံးပြုသင့်ပါတယ်။

Huma Finance Launchpool Details

Huma Finance ရဲ့ Native Token က Huma ဖြစ်ပါတယ်။ Total Supply က 10 Billion ရှိပြီးတော့ Launchpool အတွက်က 250 Million ကို Airdrop ပေးသွားမယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ လည်ပတ်မယ့် Circulating Supply က 1.7 Billion ကျော်ကျော်လေး ဖြစ်ပါတယ်။

ဆိုတော့ ညီကိုတို့အနေနဲ့ Airdrop ဘယ်လောက်ရမယ်လို့ ထင်လဲ Comment မှာရေးခဲ့ပေးပါဦး။

အခုလို Launchpool ကနေ Airdrop ရချင်တယ်ဆိုရင် Binance အကောင့်ရှိဖို့ လိုပါတယ်။ Trading လုပ်တိုင်းမှာ 10% Discount ရတဲ့ Referral code ကို အောက်က Link ကနေဖွင့်လို့ရပါတယ်။

👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0

(သို့မဟုတ်)

👉 Binance Referral Code: KGUL8TE0