Haedal က Sui blockchain ပေါ်မှာတည်ဆောက်ထားတဲ့ liquid staking protocol တစ်ခုဖြစ်ပါတယ်။ liquid staking protocol ဆိုတာက ဥပမာ Bank မှာ ငွေစုထားသလို သတ်မှတ်ရက်ပြည့်တာနဲ့ အတိုးရော အရင်းပါ ပြန်ရတဲ့သဘောပါ။ Crypto နယ်ပယ်မှာက Crypto တွေကို stake လုပ်ပြီး အတိုးရအောင် လုပ်တာကို ခေါ်တာ ဖြစ်ပါတယ်။
သူကို SUI Blockchain မှာ တည်ဆောက်ထားတာဖြစ်ပြီး SUI နဲ့ WAI Token နှစ်မျိုးကို Stake လို့ရပါတယ်။ SUI ကို stake လုပ်မယ်ဆိုရင် haSUI ကို ပြန်ရမှာဖြစ်ပြီး WAI ကို Stake လုပ်မယ်ဆိုရင် haWAI ကို ပြန်ရမှာပါ။ ရလာတဲ့တိုကင်တွေကို တခြားသော Sui ရဲ့ DeFi Project တွေမှာ ပြန်သုံးလို့ရတယ်၊ အရောင်းအဝယ်လုပ်လို့ရတယ်၊ တခြားသူကို ချေးငှားလို့ရတယ်၊ ဒါမှမဟုတ် တခြား အခွင့်လမ်းရှိတဲ့ နေရာတွေမှာ ပြန်ပြီးအသုံးပြုလို့ ရပါတယ်။
တခြားသော liquid staking protocol တွေမှာ အခုလိုပြန်ရလာတဲ့ liquid staking token တွေကို ပြန်သုံးလို့မရအောင် ပိတ်ထားတာတွေ ရှိပါတယ်။ ဒါပေမယ့် Haedal မှာက အခုပြန်သုံးလို့ရနေတယ်ဆိုတော့ ကျွန်တော်တို့အတွက် အခွင့်အလမ်းကောင်းတစ်ခုလို့ ဆိုရပါမယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ Asset တွေက တစ်နေရာမှာ သောင်တင်နေတာမျိုးမဟုတ်ပဲနဲ့ တခြားသောအခွင့်အလမ်းရှိတဲ့ နေရာတွေမှာလည်း ပြန်သုံးလို့ရနေတော့ တစ်နေရာထက်ပိုတဲ့ ခံစားခွင့်တွေရတာပေါ့လေ။
Haedal မှာ SUI တွေကို stake ထားမယ်ဆိုရင် Sui blockchain ရဲ့လုံခြုံရေးကို ပိုကောင်းလာအောင် ကူညီပေးနိုင်မှာဖြစ်ပြီး ဒါက ကျွန်တော်တို့အတွက်ရော၊ ecosystem အတွက်ပါ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ Stake လုပ်ထားတဲ့ SUI Token တွေကနေ Staking Reward တွေက နေ့စဉ် တစ်ဖြည်းဖြည်းနဲ့ အလိုလျောက် တိုးနေမယ်လို့လည်း ပြောထားပါတယ်။
ကျွန်တော် လေ့လာကြည့်ရသလောက် သူ့ Platform မှာ SUI တွေကို Staking လုပ်ထားတဲ့ပမာဏက 52 Million ကျော်ကျော်လေးရှိနေတာကို တွေ့ရပါတယ်။
How to Join?
Binance အသုံးပြုတဲ့သူတွေဆိုရင် Haedal တိုကင်ကို HODLer Airdrop ကနေ ရဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ ၂၀၂၅ မေလ 10 ရက်ကနေ 14 ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရလဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။
Haedal HODLer Airdrop Detail
Haedal ရဲ့ Native Token က Haedal ဖြစ်ပြီးတော့ သူ့ရဲ့ Total Supply က 1 Billion ရှိပါတယ်။ HODLer Airdrop အတွက် 30 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 195 Million ရှိပါတယ်။
အကျဉ်ချုပ်ပြောရမယ်ဆိုရင် Haedal က SUI တွေကို Stake လုပ်ပြီးတော့ Staking Reward တွေပေးတဲ့ Platform တစ်ခုလို့ဆိုရပါမယ်။
ဒီ Video မှာပါဝင်တဲ့အကြောင်းအရာတွေက Education Purpose အတွက်ပဲ ဖြစ်တာကြောင့် Crypto တွေ အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ ကိုယ်တိုင်လေ့လာပြီးမှ လုပ်ဖို့ အကြုံပြုပါတယ်။
👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0
(သို့မဟုတ်)
👉 Binance Referral Code: KGUL8TE0