Stablecoin လို့ပြောလိုက်ရင် ငွေစက္ကူ ဒါမှမဟုတ် ရွေတွေကို Bank မှာအပ်ပြီး Coin ထုတ်တာက များပါတယ်။ ဥပမာ USDT, USDC လိုမျိုးပေါ့။ ဒီ Video မှာက အဲ့လို Stablecoin ထုတ်ဖို့အတွက် ငွေစက္ကူနဲ့မဟုတ်ပဲ Bitcoin, Ethereum လို Crypto အားကိုးနဲ့တည်ဆောက်ထားပြီး အကျိုးခံစားခွင့်ပေးတဲ့ Binance ကနေ အသစ်မိတ်ဆက်လိုက်တဲ့ 21th ခုမြောက် HODLer Airdrop Project အကြောင်း မျှဝေပေးပါ့မယ်။

What is Resolv?

"Resolv ဆိုတာက USR လို့ခေါ်တဲ့ Stablecoin တစ်ခုကို ထိန်းသိမ်းထားတဲ့ DeFi Protocol တစ်ခုပါ။ အဲဒီ USR ကို Bitcoin, Ethereum နဲ့ အပြည့်အဝထောက်ပံ့ထားပြီး အမေရိကန်ဒေါ်လာနဲ့ 1:1 တန်ဖိုးတူညီအောင် ဒီဇိုင်းထုတ်ထားပါတယ်။"

"Bitcoin, Ethereum က ဈေးအတက်အကျရှိတော့ USR ကို တန်ဖိုးတည်ငြိမ်အောင်ထိန်းနိုင်ဖိုက “True Delta-Neutral Architecture” ကို အသုံးပြုထားပါတယ်။ Delta-neutral ဆိုတာက ဈေးကွက်ရဲ့ အတက်အကျကို ဟန်ချက်ညီအောင် ထိန်းညှိပေးတဲ့ နည်းဗျူဟာပါ။ Resolv က USR အတွက် ETH နဲ့ BTC ကို အာမခံအဖြစ် ထားရှိပါတယ်။ ဒီပိုင်ဆိုင်မှုတွေရဲ့ဈေးက အတက်အကျဖြစ်တဲ့အခါ Resolv က Future Contract တွေမှာ ဆန့်ကျင်ဘက် Position တွေ ဖွင့်လိုက်ပါတယ်။ ဥပမာ၊ ETH က ဈေးတက်သွားရင် futures မှာ short position က အမြတ်ရပြီး ဈေးကျရင်တော့ အာမခံပိုင်ဆိုင်မှုတွေက တန်ဖိုးကို ထိန်းပေးပါတယ်။ ဒီလိုနည်းနဲ့ USR ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာတစ်ဒေါ်လာနဲ့ အမြဲတည်ငြိမ်နေပါတယ်။ ဒါက ငွေသား ဒါမှမဟုတ် အစိုးရစာချုပ်တွေလို Traditional ဘဏ္ဍာရေးစနစ်တွေကို ကျောခိုင်းပြီး Crypto-native ပိုင်ဆိုင်မှုတွေနဲ့ လုပ်ဆောင်တာမို့ 'True' Delta-Neutral လို့ ခေါ်တာပါ။"

"Resolv မှာ အကျိုးခံစားခွင့်တွေလည်း ယူလို့ရပါတယ်။ အဲဒီအတွက် USR ကိုကိုင်တာနဲ့ Resolv Liquidity Pool လို့ခေါ်တဲ့ RLP မှာ ပါဝင်တာဆိုပြီး နည်းလမ်းနှစ်ခု ရှိပါတယ်။ USR ကိုင်တဲ့သူက အဲဒါကို stake လုပ်ပြီး stUSR ဆိုတဲ့ yield-bearing token ကို ပြန်ရပါတယ်။ USR ကို USDC ဒါမှမဟုတ် USDT လို Stablecoin တွေနဲ့ 1:1 အချိုးနဲ့ လဲလှယ်လို့ ရပါတယ်။"

"နောက်တစ်ခုက RLP ပါ။ သူက USR ကို ထောက်ပံ့ပေးတဲ့ အာမခံရန်ပုံငွေတစ်ခုဖြစ်ပြီး ဈေးကွက်အန္တရာယ်တွေကို ကာကွယ်ပေးပါတယ်။ RLP ကိုင်တဲ့သူတွေက ဈေးအတက်အကျရှိပြီး Pool ထဲမှာ ထည့်ထားတဲ့ ပမာဏပေါ်မူတည်ပြီး အကျိုးခံစားခွင့်တွေ ယူလို့ရတယ်လို့ ဆိုပါတယ်"

"Resolv မှာ Points Program တစ်ခုလည်း ရှိပါတယ်။ USR ဒါမှမဟုတ် RLP ကိုင်တာ နဲ့ တခြားသူတွေကို invite လုပ်ရင် အမှတ်တွေ ရပြီးတော့ ရလာတဲ့အမှတ်တွေကို $RESOLV တိုကင်တွေနဲ့ လဲလှယ်နိုင်ပါတယ်။"

"Resolv က Fireblocks နဲ့ Ceffu လို ယုံကြည်စိတ်ချရတဲ့ အာမခံထိန်းသိမ်းပေးတဲ့သူတွေနဲ့ ပူးပေါင်းထားပြီး Binance, Hyperliquid လို ပလက်ဖောင်းတွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။ ၂၀၂၃ ခုနှစ်မှာ Fedor Chmilev၊ Ivan Kozlov နဲ့ Tim Shekikhachev တို့မှ စတင်တည်ထောင်ခဲ့ပြီးတော့ ၂၀၂၅ မှာ ဒေါ်လာ ၁၀ သန်းကို Coinbase Ventures, Delphi Labs, Cyber.Fund, Arrington Capital နဲ့ Maven 11 လို ထိပ်တန်း VC တွေဆီက ရန်ပုံငွေ ရရှိခဲ့ပါတယ်။ ဆိုတော့ Funding နဲ့တင် ကြွေရလောက်တဲ့ ပရောဂျက်လို့ဆိုရပါမယ်။ ကျွန်တော်လေ့လာကြည့်ရသလောက် သူ့ Website မှာ TVL က $350 million ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။"

How to Join?

Binance အသုံးပြုတဲ့သူတွေဆိုရင် Resolv ကို HODLer Airdrop ကနေ ယူဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ ၂၀၂၅ မေလ 28 ရက်ကနေ 31 ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရခဲ့လဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။

Resolv HODLer Airdrop Detail

Resolv ရဲ့ Native Token က $RESOLV ဖြစ်ပြီးတော့ Total Supply က 1 Billion ရှိပါတယ်။ HODLer Airdrop အတွက်က 20 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 155.750 Million ရှိပါတယ်။

အခုလို HODLer Airdrop ကနေ Airdrop ရချင်တယ်ဆိုရင် Binance အကောင့်ရှိဖို့ လိုပါတယ်။ Trading လုပ်တိုင်းမှာ 10% Discount ရတဲ့ Referral code ကို အောက်က Link ကနေဖွင့်လို့ရပါတယ်။

👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0

(သို့မဟုတ်)

👉 Binance Referral Code: KGUL8TE0