ကျွန်တော်တို့ရဲ့ Crypto ပိုင်ဆိုင်မှုအကုန်လုံးကို တစ်နေရာတည်းမှာ အပြည့်အဝထိန်းချုပ်ပြီးတော့ အသုံးပြုချင်တယ်ဆိုရင် KYC မလိုတဲ့ DEX လို DeFi Application တွေ ရှိပါတယ်။ ဒါပေမယ့် DeFi တွေက ပုံမှန်အားဖြင့် သာမန် အသုံးပြုသူတွေအတွက်တော့ အဆင်မပြေပါဘူး။

ဘာကြောင့်လဲဆိုတော့ Token တစ်ခုကနေတစ်ခုကို အပြောင်းလဲလုပ်တဲ့အခါ Transition တွေက အရမ်းနှေးသလို အချိန်လည်းကြာတယ်၊ Gas Fee တွေလည်းဈေးကြီးတယ်၊ ပြောင်းမယ့် Token တွေက Blockchain မတူရင်လည်း ပြောင်းလို့က မရပြန်ဘူး။ ဆိုတော့ DeFi တွေက လူတိုင်းအတွက် မဟုတ်ဘူးလို့ပြောရင် ပိုမှန်မယ်လို့ ထင်တယ်။

အခုလို DeFi တွေရဲ့ အဆင်မပြေမှုတွေကို ဖြေရှင်းပေးဖို့အတွက် Binance ကနေ 22nd ခုမြောက် HODLer Airdrop အနေနဲ့ မိတ်ဆက်လိုက်တဲ့ defi.app အကြောင်းကို ဒီ Video မှာ မျှဝေပေးပါ့မယ်။

What is defi.app?

Defi App ဆိုတာက Crypto နဲ့ပတ်သက် Feature တွေအကုန်လုံးကို တစ်နေရာတည်းမှာ သုံးလို့ရအောင် လုပ်ထားပေးပါတယ်။ ဘယ်လို Feature တွေလဲ ဆိုတော့ Token တွေကို ဘယ် Blockchain မဆို အချိန်ခဏအတွင်း Swap လုပ်လို့ရမယ်၊ Yeild Farming တွေရှာလို့ရမယ်၊ Leverage တွေလုပ်လို့ရမယ် ကိုယ့်ရဲ့ token တွေကို ချေးငှားလို့ရမယ် ဒါတွေကို Gas Fee တွေလည်းပေးစရာမလိုပဲနဲ့ အကုန်လုံးကို ဖုန်းထဲကနေ အလွယ်တကူ လုပ်လို့ရပါတယ်။ တကယ်လို့ ကိုယ်က app ကို အသုံးချင်တယ်ဆိုရင် Gamil အကောင့် တစ်ခုရှိရင် ရပါတယ်။ KYC လည်း မလိုဘူးလို့ ပြောထားပါတယ်။

သူတို့ရဲ့ official video မှာဆိုရင် အဖွားက အဲဒီ Feature အကုန်လုံးကို 45 seconds နဲ့ အကုန်သုံးပြမယ်ဆိုပြီးတော့ Challenge ခေါ်ထားပါတယ်။ ဒါပေမယ့် အဖွားက 25 seconds အတွင်း လုပ်ပြသွားပါတယ်။ အဲ့လောက်ထိကို လွယ်ပြီးတော့ မြန်တာပါ။ Centralized Exchange တွေက ဒီအချိန်လောက်ဆိုရင် မျက်ခုံးလုပ်နေလောက်ပြီလို့တော့ ထင်တယ်။ ဆိုတော့ နည်းပညာအားနည်းတဲ့ သူတွေတောင်မှ အသုံးပြုလို့ရအောင် သူတို့ရဲ့ app ကို Design လုပ်ထားတယ်လို့ ဆိုရပါမယ်ပေါ့နော်။

ပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင်ကပဲ အပြည့်အဝ ထိန်းချုပ်လို့ရတယ်။ နောက်ပြီး Jarvis နာမည်နဲ့ AI လည်းရှိပြီးတော့ သူ့ကို ကျွန်တော်တို့ရဲ့ Assistance တစ်ယောက်လို ခိုင်းလို့ရတယ်လို့လည်း ပြောထားပါတယ်။

Defi App မှာက $HOME ဆိုတဲ့ Native Token တစ်ခုရှိတယ်။ အဲဒီ Token ကို ကိုင်ထားတဲ့သူတွေက Gas Fee တွေပေးလို့ရမယ်၊ Project နဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ မဲပေးပိုင်ခွင့် ရှိမယ်၊ Yield Farming တွေ လုပ်လို့ရတယ်လို့လည်း ဆိုထားပါတယ်။

How to Join?

Binance အသုံးပြုတဲ့သူတွေဆိုရင် $HOME ကို HODLer Airdrop ကနေ ယူဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ 2025 June လ 6 ရက်ကနေ 9 ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရခဲ့လဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။

HOME HODLer Airdrop Detail

Defi App ရဲ့ Native Token က $HOME ဖြစ်ပြီး Total Supply က 10 Billion ရှိပါတယ်။ HODLer Airdrop အတွက်က 200 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 2.72 Billion ရှိပါတယ်။

ဆိုတော့ အကျဉ်းချုပ်ပြောရမယ်ဆိုရင် Defi App က နည်းပညာအားနည်းတဲ့ သူတွေတာင် Crypto ကို အလွယ်တကူအသုံးပြုလို့ရအောင် လုပ်ပေးထားတဲ့ Project လို့ ပြောလို့ရပါတယ်။

👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0

(သို့မဟုတ်)

👉 Binance Referral Code: KGUL8TE0

👉 App Download

👉 https://www.binance.com/en/download