Binance HODLer Airdrop ထပ်လာပြန်ပါပြီ။ ဒီတခါမှာတော့ မီးပွားလေးကို မိတ်ဆက်လာပါတယ်။

မီးပွားလေး

Spark Protocol ဟာ DAI stablecoin ဖန်တီးရှင် MakerDAO ရဲ့ ငွေချေး platform တခုလည်းဖြစ်သလို DAI၊ USDS နဲ့ ETH တို့လို asset တွေကို‌ချေးလို့ရနိုင်တဲ့ platform တခုလည်းဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ Spark ကိုသုံးနေရုံနဲ့ user တွေဟာ SPK token တွေရနေနိုင်မှာဖြစ်ပြီး DAI တို့ USDS တို့ကို ချေးယူတာပဲဖြစ်ဖြစ် ETH liquidity ထည့်ပေးတာပဲဖြစ်ဖြစ်၊ ဒီလိုမျိုး activity တွေအတွက် user incentive တွေ ပြန်ပေးနေတာပါ။
.
တကယ်တော့ Spark Protocol ဟာ crypto နယ်ပယ်တွင်းမှာ နာမည်ရထားပြီးသား MakerDAO ရဲ့ ငွေချေးတဲ့အပိုင်း အထူးပြု platform အနေနဲ့ ခွဲထွက်လာတာဖြစ်သလို activity တွေလာလုပ်ရင် နှစ်ရှည်စီမံကိန်းနဲ့ ဖန်တီးထားတဲ့ airdrop ရမယ်ဆိုတဲ့အချက်တွေကို အဓိကအားကိုးထားတာကိုလည်းတွေ့ရပါတယ်။
.
နောက်တချက်ကတော့ Spark protocol ဟာ MakerDAO ရဲ့ liquidity pool တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် ငွေချေးရာမှာ အခြား protocol တွေထက် ပိုသက်သာတဲ့ နှုန်းထားနဲ့ ချေးလို့ရနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ layer 2 blockchain တွေပေါ်မှာပါ အချေးအငှားလုပ်လို့ရနိုင်အောင် တိုးချဲ့သွားဖို့ရှိနေကြောင်း ဆိုထားပါတယ်။

Funding

Spark Protocol ရဲ့ funding ကတော့ ကနဦး development ပိုင်းနဲ့ ဥပဒေရေးရာ ကုန်ကျငွေတွေအတွက် 50,000 DAI၊ Spark Lend ကို launch လုပ်ဖို့အတွက်နဲ့ ပထမနှစ် လုပ်ငန်းလည်ပတ်ဖို့တွေအတွက် 347,100 DAI နဲ့ D3M (Direct Deposit Dai Module) Facility အတွက် 200 million DAI စီ အသီးသီး MakerDAO ဖက်ကနေ ခွင့်ပြုပေးထားပါတယ်။
.
D3M ဆိုတာကတော့ MakerDAO ဟာ DAI stablecoin တွေကို mint ပြီးတာနဲ့ Spark Protocol ရဲ့ ငွေချေး protocol ပေါ်တင်ပေးလိုက်တာကြောင့် DAI reserve တွေကို လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် အမြဲရနိုင်နေမှာဖြစ်ပြီး ငွေချေးသူတွေဟာလည်း DAI ကို အတိုးနှုန်းသက်သက်သာသာနဲ့ ချေးယူနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်လို့ရနိုင်ဖို့အတွက် DAI 200 million အထိ လောလောဆယ်မှာ ခွင့်ပြုပေးထားမှာဖြစ်ပါတယ်။
Spark Protocol ရဲ့ native token ကတော့ SPK ဖြစ်ပြီး total supply အနေနဲ့ 10 billion ရှိသလို circulating supply ကတော့ 1.7 billion ရှိပါတယ်။
.
Binance HODLer Airdrop တွေဟာ user တွေကို surprise တိုက်တာဖြစ်ပြီး Simple Earn product တွေထဲမှာ BNB အမြဲ stake ထားသူတွေအတွက် လက်ဆောင်တခုလိုပါပဲ။ အခု SPK အတွက် airdrop တွက်ပုံကတော့ June လ 10 ရက်နေ့ကနေ 13 ရက်နေ့အတွင်း Simple Earn product တွေထဲ BNB stake ထားသူတွေကို airdrop ပေးသွားခဲ့တာပါ။ ဒါကြောင့် HODLer Airdrop လိုချင်ရင် BNB တွေကို Simple Earn ထဲ ထည့် HODL ထားရုံကလွဲပြီး ဘာမှလုပ်စရာမလိုပါဘူး။
.
ဒီတခေါက်မှာ BNB တွေ Simple Earn ထဲ မထည့်ထားမိလို့ SPK မရလိုက်သူတွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့။ အခုတည်းက BNB တွေကို Flexible ဒါမှမဟုတ် Locked Staking တွေထဲ ထည့်ထားရင်း နောက်တခါ HODLer airdrop အတွက် ကြိုတင်ပြင်ဆင်လို့ရသလို Megadrop ရော၊ Launchpool တွေရောအတွက်ပါ တခါတည်း ပြင်ဆင်ပြီးသားဖြစ်သွားမှာပါ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL