June လရဲ့ ပထမဆုံး HODLer Airdrop ပြန်လာပါပြီ။ BNB Holder တွေ အတွက် မိုးရာသီပထမဆုံး မုန့်ဖိုးဆိုလည်း မမှားပါဘူး။ ဒီတခေါက်မှာကတော့ Resolv ဆိုတဲ့ DeFi protocol ကို မိတ်ဆက်လာပါတယ်။
Resolv
Resolv ဟာ USR ဆိုတဲ့ stablecoin တခုလည်း ထုတ်ထားပြီး BTC နဲ့ ETH တို့လို cryptocurrency တွေနဲ့ ပြန်ပြီး ကျောထောက်နောက်ခံပြုထားပါတယ်။ တဖက်မှာ Hyperliquid လိုမျိုး platform တွေမှာ ETH ဒါမှမဟုတ် BTC လိုမျိုး crypto တွေကို SHORT ထားသလို တဖက်မှာတော့ ETH နဲ့ BTC တွေကို lock လုပ်ပြီး mint လိုက်တဲ့ USR တွေကို အဓိကထားလည်ပတ်တဲ့ပုံစံနဲ့ သွားနေတဲ့ Resolv protocol ဟာ အပြင်လောကငွေကြေးတွေကို မှီခိုနေစရာမလိုဘဲ censorship တွေကိုလည်း ခံနိုင်ရည်ရှိစေမှာဖြစ်ကြောင်း Resolv ဖက်က ဆိုထားပါတယ်။
.
Resolv မှာ USR stablecoin အပြင် RSV ဆိုတဲ့ vault token လည်း ရှိပြီး ဒီ RSV ကတော့ liquidity provider တွေအတွက် သီးသန့် vault token ပါ။
Liquidity
Liquidity နဲ့ပတ်သက်လို့ Resolv ရဲ့ ထူးခြားချက်နောက်တခုကတော့ Resolv ဟာ သူ့ရဲ့ liquidity pool တွေကို သေချာထိန်းချုပ်နိုင်စေဖို့ POL (Protocol-Owned Liquidity) စနစ်နဲ့ လည်ပတ်နေပြီး ရေရှည်မှာ အဆင်ပြေသလို protocol ပေါ်မှာ လုပ်တဲ့အရာတွေအတွက် fees တွေ အရမ်းများသွားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
.
အခု HODLer Airdrop မှာ မိတ်ဆက်လာတဲ့ RESOLV ကတော့ Resolv Protocol ရဲ့ native token ဖြစ်ပြီး holder တွေအနေနဲ့ ဆုတွေယူလို့ရနိုင်၊ protocol နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ရှိတာ၊ protocol ကနေ ရတဲ့ fees တွေကို ပြန်ခွဲယူခွင့်ရှိတာ စတဲ့ အကျိုးခံစားခွင့်တွေ ရနိုင်မှာပါ။
Resolv ရဲ့ funding အနေနဲ့ကတော့ $10 million ရှိပြီး Coinbase Ventures၊ Maven 11 Capital တို့လို လုပ်ငန်းစုကြီးတွေကနေ ပါဝင်ရင်းနှီးမြှုပ်နှံထားကြပါတယ်။
.
RESOLV ရဲ့ total supply ကတော့ 1 billion သာရှိပြီး Binance မှာ list ပြီးနောက် circulating supply ဟာ 155.75 million ရှိပါတယ်။
.
Binance HODLer Airdrop တွေဟာ user တွေကို surprise တိုက်တာဖြစ်ပြီး Simple Earn product တွေထဲမှာ BNB အမြဲ stake ထားသူတွေအတွက် လက်ဆောင်တခုလိုပါပဲ။ အခု RESOLV အတွက် airdrop တွက်ပုံကတော့ May လ 28 ရက်နေ့ကနေ 31 ရက်နေ့အတွင်း Simple Earn product တွေထဲ BNB stake ထားသူတွေကို airdrop ပေးသွားခဲ့တာပါ။ ဒါကြောင့် HODLer Airdrop လိုချင်ရင် BNB တွေကို Simple Earn ထဲ ထည့် HODL ထားရုံကလွဲပြီး ဘာမှလုပ်စရာမလိုပါဘူး။
.
ဒီတခေါက်မှာ BNB တွေ Simple Earn ထဲ မထည့်ထားမိလို့ RESOLV မရလိုက်သူတွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့။ အခုတည်းက BNB တွေကို Flexible ဒါမှမဟုတ် Locked Staking တွေထဲ ထည့်ထားရင်း နောက်တခါ HODLer airdrop အတွက် ကြိုတင်ပြင်ဆင်လို့ရသလို Megadrop ရော၊ Launchpool တွေရောအတွက်ပါ တခါတည်း ပြင်ဆင်ပြီးသားဖြစ်သွားမှာပါ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL