Binance ကို စွဲဆိုထားသမျှ အမှုများ ရှုတ်သိမ်း

Binance ကို စွဲဆိုထားသမျှ အမှုများ ရှုတ်သိမ်း

US SEC က Binance ကို တရားစွဲထားတတွေ ရုတ်သိမ်းပေးလိုက်ပါပြီ။ 2 နှစ်နီးပါးကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် Trump လက်ထက် US SEC ဟာ Binance အပေါ် စွဲဆိုထားတဲ့ အမှုတွေအားလုံးကို ရုတ်သိမ်းပေးလိုက်ပြီဖြစ်တာကြောင့် Biden လက်ထက်မှာ crypto company တွေအပေါ် စွဲဆိုထားခဲ့တဲ့ အမှုတွေအားလုံး အဆုံးသတ်သွားခဲ့ပါပြီ။ Binance CEO ဟောင်း CZ ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး Trump နဲ့ US SEC ဥက္ကဌ Paul Atkins တို့ကို ကျေးဇူးတင်စကားဆိုထားသလို SEC ဥက္ကဌဟောင်း Gary Gensler ကို လူရွှင်တော်အဖြစ် ပြောင်းလဲထားတဲ့ပုံကို X ပေါ်မှာ တင်ပြီးတော့လည်း လှောင်ပြောင်ခဲ့ပါတယ်။
.
Trump ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ပေးထားခဲ့တဲ့ကတိတွေအတိုင်း US အစိုးရ agency တွေဟာ Trump လက်ထက်မှာ crypto company တွေနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေ လုပ်ပေးလာတာကိုတွေ့ရပါတယ်။ US DoJ (Department of Justice) ဟာလည်း crypto နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး crypto နဲ့ဆိုင်တဲ့ကိစ္စအဝဝကို US SEC ကို လွှဲအပ်ထားပါတယ်။
.

ရှေ့ဆက်ဘာဆက်ဖြစ်မလဲ?

US SEC အနေနဲ့လည်း Gary Gensler လက်ထက်မှာ စွဲဆိုခဲ့သမျှ crypto အမှုတွေအားလုံးကို ဖြည်းဖြည်းချင်း ပယ်ဖျက်လာခဲ့တာ တွေ့ရသလို အခု Binance အမှုကတော့ နောက်ဆုံးကျန်နေတဲ့ crypto အမှုလည်းဖြစ်ပါတယ်။
Binance ဖက်ကို ပြန်ကြည့်ရင်တော့ Trump မိသားစုပိုင် DeFi (Decentralized Finance) platform ဖြစ်တဲ့ World Liberty Financial နဲ့လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေရှိနေသလို Pakistan၊ Kyrgyzstan နဲ့ Bhutan နိုင်ငံအစိုးရတွေနဲ့လည်း crypto ပိုင်းဆိုင်ရာ ပူးပေါင်းမှုတွေ ရှိနေတာကြောင့် ကမ္ဘာ့အကြီးဆုံး crypto exchange အဖြစ် ဆက်ပြီး အဓွန့်ရှည်သွားဖို့၊ အရှိန်အဝါကြီးသွားဖို့ ရှိနေပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL