24 နာရီ၊ 7 ရက်ပတ်လုံးလည်ပတ်တဲ့ ဈေးကွက်တွေထဲမှာ 711 အပြင် cryptocurrency ဈေးကွက်လည်းပါဝင်ပါတယ်။ စီးပွားရေးလုပ်ငန်းအတော်များများ၊ internet ပေါ် အခြေပြုလည်ပတ်တဲ့ ငွေကြေးဈေးကွက်တွေအတော်များများဟာ ဈေးကွက်ဖွင့်ချိန်၊ ပိတ်ချိန်ရှိသလို ဈေးကွက်ဖွင့်ချိန်ကို စောင့်ပြီး အရောင်းအဝယ်လုပ်ကြရပါတယ်။ ဒါပေမယ့် crypto ဈေးကွက်မှာကတော့ အရှေ့ခြမ်းကလူတွေ အိပ်ရင် အနောက်ခြမ်းကလူတွေ trade ကြပြီး အနောက်ခြမ်းကလူတွေအိပ်ရင်တော့ အရှေ့ခြမ်းကလူတွေ ပြန် trade ကြပါတယ်။
.
ဒီအချိန်မှာ အရှေ့ခြမ််းကလူတွေ အိပ်နေချိန် အနောက်ခြမ်းက ပွဲကြိုက်မောင်တွေက ပွဲလေးတပွဲကလိုက်ပြီဆိုတာနဲ့ Bitcoin အမှူးပြုတဲ့ crypto ဈေးကွက်ကြီးတခုလုံး အနီချောင်းတွေ ထိုးဆင်းသွားတတ်တာဟာလည်း ပုံမှန်လိုကို ဖြစ်နေပါပြီ။
ဒါကြောင့် အချို့ trader တွေဆို ညမအိပ်ကြဘဲ ပွဲရှိန်အတက်အကျအလိုက် လိုက်ပြီး trade ကြတာမျိုးတွေကိုလည်း တွေ့ရပါတယ်။
Trading
Risk ယူရဲကြသူတွေကတော့ BTC ရဲ့ အရှိန်နဲ့ 50% လောက်အထိကို ထိုးတက်ထိုးကျဖြစ်တတ်တဲ့ altcoin အသေးလေးတွေကို လိုက် trade တတ်ကြပြီး risk ကို နည်းနိုင်သမျှ အနည်းဆုံး လျှော့ချထားချင်သူတွေကတော့ Bitcoin နဲ့ Ethereum တို့လိုမျိုး marketcap ကြီးကြီးနဲ့ coin တွေကို ဦးစားပေး trade တတ်ကြပါတယ်။
.
ဒီနေရာမှာ အဓိကသိထားသင့်တဲ့အချက်ကတော့ crypto ဈေးတွေကို မျက်ခြည်မပြတ်ဖို့ လိုအပ်တယ်ဆိုတဲ့အချက်ပါပဲ။ Cryptocurrency တွေဟာ နည်းပညာအသစ်တခုဖြစ်တဲ့အပြင် လူတွေရဲ့ ယုံကြည်မှုကို ရတဝက်၊ မရတဝက်ဖြစ်နေသလို scam ကြီးပါဆိုပြီး သတ်မှတ်ထားကြသူတွေ အများကြီးရှိနေဆဲပါ။ ဒါကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတို့လိုမျိုး သတင်းကြီးမျိုးတွေကအစ crypto နယ်ပယ်အတွင်းမှာ ဩဇာလွှမ်းမိုးမှုကြီးတဲ့ company တွေ၊ လူပုဂ္ဂိုလ်တွေရဲ့ tweet လေးတချက်အဆုံး အကြောင်းအချက်အလက်တွေအတော်များများဟာ crypto တွေရဲ့ ဈေးအတက်အကျကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။
.
တချို့ကိစ္စတွေက ရုတ်တရက်ထဖြစ်တာမျိုးမို့လို့ ရှောင်လွှဲမရပေမယ့် တချို့အကြောင်းအရာတွေကတော့ ကြိုသိထားတာကြောင့် trader တွေဖက်ကနေ အသင့်အနေအထားနဲ့ trade လို့ရနိုင်ပါတယ်။
ရှောင်လွှဲမရတဲ့ကိစ္စတွေထဲက လောလောလတ်လတ်ဥပမာတခုအဖြစ် ဒီရက်ပိုင်းတွေအတွင်း တအုံနွေးနွေးဖြစ်လာနေတဲ့ Elon Musk နဲ့ သမ္မတ Trump တို့ကြားက ကတောက်ကဆကို ကြည့်နိုင်ပါတယ်။
Trump vs Elon
သမ္မတ Trump ဖက်က Elon Musk ကို အလွန်အင်မတန်စိတ်ပျက်နေပြီဖြစ်ကြောင်း စပြောလိုက်ချိန်တည်းက ဈေးတွေ စကျခဲ့သလို Elon Musk ဖက်က Epstein file တွေနဲ့ပတ်သက်ပြီး Trump ကို ပြန်စွပ်စွဲလိုက်ချိန်ပြီးနောက် နှစ်ဖက် အပြန်အလှန် online ရန်ပွဲဖြစ်ခဲ့ကြချိန်မှာတော့ crypto ဈေးတွေ တောက်လျှောက်ထိုးဆင်းခဲ့ပါတယ်။
.
ဘာဆိုင်လဲမေးရင်တော့ ဘာမှသိပ်မဆိုင်လှပါဘူး။ ဒါပေမယ့် သတင်းဆိုးတခုခုထွက်တာနဲ့ ကိုင်ထားတဲ့ crypto တွေကို အရင်ဆုံးပြေးရောင်းတတ်ကြတဲ့အဖွဲ့က သက်သက်ကိုရှိပါတယ်။ သူတို့ရဲ့အမြင်မှာတော့ crypto တွေဟာ risk များတဲ့ asset တခုဖြစ်တာကြောင့် သူများတွေရောင်းလို့ ဈေးမကျခင် ကိုယ်ရောင်းထားမှ တော်ကာကျမယ်ဆိုပြီး ထုတ်ရောင်းကြပုံပါပဲ။ ဒါပေမယ့် သူတို့လိုလူတွေများလာတဲ့အခါမှာ ရောင်းအားပိုများပြီး ဈေးက ကျသထက်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။
.
Elon Musk နဲ့ Trump ရန်ပွဲအကြောင်းပြုပြီး ဈေးကျသွားတဲ့ crypto တွေထဲမှာ Elon Musk ရဲ့ DOGE က 7% နဲ့ Trump ရဲ့ TRUMP က 10% ကျော် ဈေးထိုးဆင်းသွားတာကို ကြည့်ခြင်းအားဖြင့် ဒီ token တွေဟာ ဒီပုဂ္ဂိုလ်တွေရဲ့ အရှိန်အဝါကိုမှီပြီး ရပ်တည်နေကြတယ်ဆိုတာ ထင်ရှားစေပါတယ်။
.
Elon Musk နဲ့ Trump အပြင် crypto platform တခုခု hack ခံရတဲ့သတင်းတွေ၊ crypto company ကြီးတခုခု ဒေဝါလီခံရတာလိုမျိုး ပြင်းအားကြီးသတင်းတွေ ရုတ်တရက်ထွက်လာခဲ့ရင်လည်း ဈေးတွေကျတတ်ပါတယ်။ အလားတူပဲ အစိုးရတရပ်ရပ်က crypto တွေနဲ့ပတ်သက်လို့ စီမံကိန်းတွေချပြလာတာမျိုး၊ company ကြီးတခုခုက crypto တွေ $ million နဲ့ချီပြီး ဝယ်လိုက်တာမျိုးတို့ဆိုရင်လည်း crypto ဈေးတွေထိုးတက်လေ့ရှိပြန်တာကြောင့် အတော်လေးကို စိတ်နုနယ်တဲ့ crypto ဈေးကွက်လို့ ဆိုရမှာပါပဲ။
.
ကြိုတင်ခန့်မှန်းလို့ရတဲ့သတင်းတွေထဲမှာတော့ US အစိုးရ agency တခုခုကနေ အတိုးနှုန်းတွေဖြစ်ဖြစ်၊ စားသုံးသူဈေးနှုန်းအညွှန်းကိန်းတွေဖြစ်ဖြစ်၊ အလုပ်အကိုင်ဖန်တီးနိုင်မှုအညွှန်းကိန်းတွေဖြစ်ဖြစ် အရေးပါတဲ့ ကိန်းဂဏန်းအချက်အလက်တွေ ကြေငြာမယ်ဆိုတဲ့ သတင်းတွေပါဝင်ပြီး ဒီကြေငြာချက်မှာပြောလာမယ့် ကိန်းဂဏန်းတွေအပေါ် မူတည်ပြီး trade ကြတာဖြစ်ပါတယ်။
.
ဒီလိုမျိုး သက်ရောက်မှုကြီးတဲ့ သတင်းတွေကို ဖန်တီးနိုင်တာဟာလည်း များသောအားဖြင့် အနောက်အရပ်က ပုဂ္ဂိုလ်တွေဖြစ်ကြတာကြောင့် အရှေ့တိုင်းသားတွေ အိပ်ရေးပျက်ခံပြီး trade ရတဲ့ညတွေ ပိုများတာကိုလည်း ငြင်းမရပါဘူး။
.
ဒီလိုမျိုး သတင်းအချက်အလက်တွေကို မျက်ခြည်မပြတ်စေဖို့အတွက်ကတော့ X ကို သေချာသုံးတတ်ဖို့လိုပါတယ်။ အနောက်အရပ်က ပုဂ္ဂိုလ်အများစုဟာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးကစလို့ ကလေးတွေလိုမျိုး တယောက်တခွန်းရန်ဖြစ်ကြတာအဆုံး X ပေါ်မှာဖြစ်ကြလေ့ရှိပါတယ်။ ဒါကြောင့် crypto နဲ့ပတ်သက်တဲ့ သတင်းတွေအပြင် တကမ္ဘာလုံးကသတင်းတွေကို မျက်ခြည်မပြတ်နိုင်ဖို့ဆိုရင် X သုံးပြီး၊ crypto နဲ့ပတ်သက်တဲ့ အထင်ကရပုဂ္ဂိုလ်တွေ၊ company တွေ၊ သတင်းဌာနတွေအပြင် မကြာခဏပွဲရှာတတ်တဲ့သူတွေရဲ့ account တွေကို follow လုပ်ထားသင့်ပါတယ်။ ဒါမှသာ ပွဲစကပြီဆိုတာနဲ့ position ဝင်ဖို့ အဆင်သင့်ဖြစ်စေမှာပါ။
.
နောက်တချက်ကတော့ သတင်းတွေမထူးဘဲ ငြိမ်နေတဲ့အခါမျိုးတွေမှာ technical indicator တွေကို သုံးတတ်အောင် လေ့ကျင့်ပါ။ Technical ပိုင်းဆိုင်ရာတွေကိုတော့ Myan Crypto – MCM page မှာ ပုံမှန်တင်ပေးနေတာကြောင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
.
နောက်ဆုံးတချက်အနေနဲ့ကတော့ risk management ကို ပိုင်နိုင်အောင် လေ့ကျင့်ပါ။ Market ကို မျက်ခြည်မပြတ်လိုက်ကြည့်နေရင်း၊ လိုက် trade နေရင်းနဲ့ တခါတလေမှာ လောဘ၊ ဒေါသ၊ မောဟတွေ မထိန်းနိုင်တာကြောင့် မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် Take Profit နဲ့ Stop Loss သေချာထားပြီး စည်းကမ်းရှိရှိ trade ဖို့လိုအပ်ပါတယ်။
နိဂုံး
Crypto ဈေးကွက်ဆိုတာ ကမ္ဘာပေါ်မှာဖြစ်နေသမျှအကြောင်းအရာတွေလာစိုက်ရာ မြေနိမ့်လေးဖြစ်တာကြောင့် အန္တရာယ်များပါတယ်။ အထူးသဖြင့် leverage တွေယူပြီး trade ကြတဲ့ Futures trading အမျိုးအစားဟာ ပိုပြီး အန္တရာယ်များတာကြောင့် သတင်းတွေကို မျက်ခြည်မပြတ်ဖို့ လိုအပ်သလို ကိုယ် trade နေကျ cryptocurrency တခုက ရုတ်တရက် ဈေးထိုးကျတာမျိုး၊ မူမမှန်တာမျိုးတွေ တွေ့လာရပြီဆိုရင် X ပေါ်မှာ ဒါမှမဟုတ် Google မှာ သတင်းထူးတွေ ဘာရှိမလဲဆိုတာကို ရှာကြည့်ပြီး အကြောင်းအရာအလိုက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အရေးကြီးပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL