HODLer Airdrop

အဖော်အပေါင်းနဲ့လာတဲ့အထဲမှာ အကုသိုလ်အပြင် HODLer Airdrop တွေလည်း ပါဝင်ပါတယ်။ အကုသိုလ်ကတော့ မကောင်းတာဆိုပေမယ့် HODLer Airdrop တွေကတော့ ကောင်းပါတယ်။ အထူးသဖြင့် BNB ကိုင်ထားကြသူတွေအတွက်ဖြစ်ပြီး များများကိုင်ထားလေ၊ များများကောင်းလေပါ။ လွန်ခဲ့တဲ့ တရက်ကမှ Resolv project ကို မိတ်ဆက်ခဲ့ပြီးနောက်မှာ HODLer Airdrops ပေါ်မှာ DeFi App ဆိုတဲ့ project ကို မိတ်ဆက်လာပြန်ပါပြီ။
.
Cross chain လို့ဆိုရာမှာ BNB၊ Base နဲ့ Solana တို့ပါဝင်ပြီး ဒီ chain တွေပေါ်မှာ gas fees လည်း ပေးစရာမလို၊ bridge လည်း လုပ်နေစရာမလိုဘဲ trade လို့ရနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် သူ့ရဲ့ SuperApp ecosystem ထဲမှာလည်း wallet တခုတည်းနဲ့ token swap တာတွေ၊ yield framing တွေနဲ့ Futures trading တွေအားလုံးကို လုပ်လို့ရနိုင်မှာြဖစ်တာကြောင့် wallet တခုစီမှာ တခုချင်းစီ လိုက်လုပ်နေစရာမလိုနေတော့ပါဘူး။
.
ဒါ့အပြင် အခုလက်ရှိ support ပေးထားတဲ့ network တွေဟာလည်း လူသုံးများပြီးသား network တွေဖြစ်သလို memecoin တွေ အဓိကအခြေစိုက်ရာ Solana network၊ Binance Alpha အကြောင်းပြုပြီး project အသစ်တွေ အခြေစိုက်ရာ BNB network နဲ့ game ပိုင်းက project တွေအခြေစိုက်လာရာ Base network တို့ဖြစ်လို့ user တွေအတွက် အဆင်ပြေစေမှာပါ။ ဒီ network တွေအပြင် တခြား network အသစ်တွေကိုလည်း ဆက်ပြီး တိုးချဲ့သွားဖို့ရှိနေတာကြောင့် နောက်ပိုင်းမှာ အခြား လူသုံးများတဲ့ network တွေလည်း ပါဝင်လာနိုင်ပါတယ်။

DeFi App

DeFi App ဆိုတဲ့ တကယ့် DeFi App ပါပဲ။ ဒါပေမယ့် Super DeFi App လို့ဆိုထားပြီး gasless cross-chain swap တွေ၊ Futures trading တွေ၊ အတိုးယူလို့ရမယ့် Yield Farming တွေနဲ့ smart wallet တွေပါဝင်ပါတယ်။ DeFi App ရဲ့ အဓိက feature ကတော့ email တခုရှိရုံနဲ့ wallet တခုဖွင့်လို့ရပြီး DeFi app တွေမှာ လုပ်လို့ရနိုင်သမျှအရာတွေကို တနေရာတည်းမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်လုပ်နိုင်တယ်ဆိုတာပါပဲ။ ဒီလို feature ကြောင့်လည်း ကလေးအစ သက်ကြီးရွယ်အိုတွေအဆုံး crypto ကို လွယ်လွယ်ကူကူနဲ့ အရောင်းအဝယ်လုပ်တတ်၊ အကျိုးအမြတ်ရှာလို့ရနိုင်စေဖို့ကို marketing အားသာချက်တခုအဖြစ် အသုံးချထားတာကို တွေ့ရပါတယ်။

Funding

DeFi App ရဲ့ funding ကတော့ $6 million သာရှိပေမယ့် $6 million ကို သုံးပြီး ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။
.
HOME ကတော့ DeFi App ရဲ့ native token ဖြစ်ပြီး DeFi App ပေါ်မှာ ငွေပေးချေဖို့ လိုအပ်တဲ့နေရာတိုင်းမှာ HOME ကို သုံးလို့ရနိုင်မှာပါ။
HOME ရဲ့ total supply ကတော့ 10 billion ရှိပြီး Binance မှာ list ပြီးနောက် circulating supply ဟာ 2.72 billion ရှိလာမှာပါ။
.
Binance HODLer Airdrop တွေဟာ user တွေကို surprise တိုက်တာဖြစ်ပြီး Simple Earn product တွေထဲမှာ BNB အမြဲ stake ထားသူတွေအတွက် လက်ဆောင်တခုလိုပါပဲ။ အခု HOME အတွက် airdrop တွက်ပုံကတော့ June လ 6 ရက်နေ့ကနေ 9 ရက်နေ့အတွင်း Simple Earn product တွေထဲ BNB stake ထားသူတွေကို airdrop ပေးသွားခဲ့တာပါ။ ဒါကြောင့် HODLer Airdrop လိုချင်ရင် BNB တွေကို Simple Earn ထဲ ထည့် HODL ထားရုံကလွဲပြီး ဘာမှလုပ်စရာမလိုပါဘူး။
.
ဒီတခေါက်မှာ BNB တွေ Simple Earn ထဲ မထည့်ထားမိလို့ HOME မရလိုက်သူတွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့။ အခုတည်းက BNB တွေကို Flexible ဒါမှမဟုတ် Locked Staking တွေထဲ ထည့်ထားရင်း နောက်တခါ HODLer airdrop အတွက် ကြိုတင်ပြင်ဆင်လို့ရသလို Megadrop ရော၊ Launchpool တွေရောအတွက်ပါ တခါတည်း ပြင်ဆင်ပြီးသားဖြစ်သွားမှာပါ။

.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL