Cryptocurrency ဈေးကွက်တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ ဒီ Digital ငွေကြေးလောကထဲကိုဝင်ရောက်ဖို့ စိတ်ဝင်စားသူတွေပိုများလာတယ်ဆိုပေမယ့် အတွေ့အကြုံမရှိသေးတဲ့ Beginner တွေအတွက် ရွေးချယ်စရာ Exchange တွေအများကြီးရှိနေတာကြောင့် ဘယ်တစ်ခုကိုရွေးရမလဲဆိုပြီး ရွေးချယ်ရခက်နေစေတတ်ပါတယ်။ နောက်ပြီး ဒီလိုရွေးချယ်တဲ့အခါမှာလည်း လုံခြုံမှုရှိပြီးတော့ ငွေကုန်ကြေးကျသက်သာကာ ကောင်းမွန်တဲ့အရောင်းအဝယ်အတွေ့အကြုံရဖို့သင့်တော်တဲ့ Exchange တစ်ခုကိုရှာတွေ့ဖို့ကလည်းအလွန်အရေးကြီးပြန်ပါသေးတယ်။ ဒါကြောင့် Cryptocurrency အရောင်းအဝယ်စတင်မယ့်သူတွေအနေနဲ့ Exchange တစ်ခုကိုရွေးချယ်တော့မယ်ဆိုရင် အခြေခံကျတဲ့ Security, Fees, Ease of Use တွေနဲ့ Liquidity, Fiat Support, Staking Options တို့လို အဓိကအချက်တွေကိုထည့်သွင်းစဥ်းစားပြီးတော့ ကိုယ်နဲ့ကိုက်မယ့် အဆင်ပြေမယ့် Exchange တစ်ခုကိုရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။


Security ပိုင်းရဲ့ အရေးကြီးမှု

Cryptocurrency တွေဆိုတာ Digital Assets တွေဖြစ်တဲ့အတွက် Hackers တွေနဲ့ လိမ်လည်သူတွေရဲ့ပစ်မှတ်ထားတာကိုခံရနိုင်တာကြောင့် Beginner တွေအနေနဲ့ Exchange တစ်ခုရွေးချယ်တော့မယ်ဆိုရင် မိမိအကောင့်ထဲကို ခွင့်ပြုချက်မရှိဘဲဝင်ရောက်တာကနေကာကွယ်ပေးနိုင်တဲ့ Two-Factor Authentication (2FA) ရှိမရှိ၊ Digital Assets အများစုကို အင်တာနက်နဲ့ချိတ်ဆက်မှုမရှိတဲ့နေရာ (Cold Storage) မှာ သိမ်းဆည်းထားမထား၊ သုံးစွဲသူတွေကို ဆုံးရှုံးမှုအမျိုးအစားအချို့ကနေ ကာကွယ်ပေးထားတဲ့အာမခံ (Insurance) ပါမပါ နဲ့ Exchange တစ်ခုရဲ့ယုံကြည်စိတ်ချရမှုကိုသိရှိနိုင်တဲ့လုံခြုံရေးဖြစ်စဥ်မှတ်တမ်း (Security Breach History) ကောင်းမကောင်းအပါအဝင် အဆင့်မြင့်လုံခြုံရေးစနစ်တွေရှိတဲ့ Exchange တွေကို ဦးစားပေးရွေးချယ်ဖို့လိုအပ်ပါတယ်။


Fees တွေရော အရမ်းကြိတ်လား


တစ်ဆက်တည်းမှာပဲ ဝန်ဆောင်ခ (Fees) တွေကလည်း Beginner တွေရဲ့အမြတ်အစွန်း၊ အထူးသဖြင့် ပမာဏနည်းနည်းနဲ့ စတင်အရောင်းအဝယ်လုပ်သူတွေအပေါ်သက်ရောက်မှုရှိနိုင်တာကြောင့် ဝယ်ရောင်းပြုလုပ်ရာမှာပေးဆောင်ရတဲ့ အရောင်းအဝယ်ဝန်ဆောင်ခ (Trading Fees)၊ Exchange ထဲကို ငွေထည့်တာနဲ့ထုတ်ယူတာမှာ‌ပေးရတဲ့ ငွေသွင်းငွေထုတ်ဝန်ဆောင်ခ (Deposit/Withdrawal Fees) စတာတွေအပြင် အချို့ Exchange တွေရဲ့ကိုယ်ပိုင် Token (ဥပမာ- Binance ရဲ့ BNB) ကြောင့် ဝန်ဆောင်ခလျှော့စျေးပေးတာတွေကိုပါ ထည့်သွင်းစဥ်းစားရမှာပဲဖြစ်ပါတယ်။


UI နဲ့ Educational Resources တွေ


နောက်ပြီး Beginner တွေဆိုတာ အခုမှ Digital ငွေကြေးလောကထဲစတင်ဝင်ရောက်လာသူတွေဖြစ်တဲ့အတွက် ရှုပ်ထွေးမှုမရှိဘဲလွယ်ကူစွာအသုံးပြုနိုင်မယ့် ရိုးရှင်းပြီးအလိုလိုနားလည်စေနိုင်တဲ့ User Interface (UI) ရှိဖို့ အရေးကြီးတဲ့အပြင် Platform အကြောင်းနဲ့ Trading အခြေခံတွေကိုနားလည်အောင်ကူညီပေးနိုင်မယ့် ပညာရပ်ဆိုင်ရာအထောက်အကူပြုသင်ခန်းစာ (Educational Resources) တွေနဲ့ အချိန်မရွေး နေရာမရွေး Trading ပြုလုပ်နိုင်မယ့် Mobile App ပါရှိတာကလည်းပဲ Beginner တွေအတွက် အရေးပါတဲ့အချက်တွေဖြစ်ပါတယ်။

Liquidity နဲ့ Support

အဆိုပါအချက်တွေအပြင် Cryptocurrency တွေကို ဈေးနှုန်းသိသိသာသာအပြောင်းအလဲမရှိဘဲ အလွယ်တကူဝယ်ရောင်းလုပ်နိုင်မယ့် Liquidity၊ Exchange ထဲကို အလွယ်တကူငွေထည့်သွင်းတာနဲ့ ထုတ်ယူတာတွေပြုလုပ်နိုင်မယ့် Fiat Support အပါအဝင် Cryptocurrency တွေကိုင်ထားရုံနဲ့ အမြတ်ငွေရရှိနိုင်မယ့် Passive Income ရှာလိုတဲ့ Beginner တွေအတွက် Staking Options ကလည်း Exchange တစ်ခုရွေးချယ်ရာမှာထည့်သွင်းစဥ်းစားရမယ့်အဓိကအချက်တွေထဲမှာပါဝင်နေပါတယ်။

တစ်ဖက်မှာလည်း ဆန့်ကျင်ဘက်အနေနဲ့ Exchange တစ်ခုကိုရွေးချယ်တဲ့အခါမှာ Hidden Fees လို မရှင်းလင်းတဲ့အခွန်တွေကြောင့် မိမိရဲ့အမြတ်အစွန်းမလျှော့သွားရလေအောင် ဝန်ဆောင်ခစာရင်းကိုသေချာစွာစစ်ဆေးဖို့လိုအပ်သလို Usersတွေရဲ့ငွေကြေးကိုအန္တရာယ်ဖြစ်စေနိုင်မယ့် လုံခြုံရေးမှတ်တမ်းမကောင်းတဲ့ ဒါမှမဟုတ် အကြီးအကျယ်ချိုးဖောက်ခံရမှုတွေရှိခဲ့တဲ့ Exchange တွေကိုလည်း အထူးသတိထားရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် Customer Support၊ Platform ရဲ့ယုံကြည်စိတ်ချရမှုနဲ့ ငွေထုတ်ယူလွယ်ကူမှု အစရှိတဲ့ပြဿနာတွေကိုပါ ကြိုတင်သိရှိနိုင်ဖို့အတွက် User Reviews and Complaints ကိုလည်း သေချာဖတ်ရှုထားဖို့လိုအပ်ပြီး Customer ဝန်ဆောင်မှုနှေးကွေးတာ ဒါမှမဟုတ် အကြောင်းမပြန်တာမျိုးက Beginner တွေအတွက် အခက်အခဲအများကြီးဖြစ်စေနိုင်တဲ့အတွက် ဒီအချက်တွေကိုလည်း အထူးအလေးထားသတိပြုဖို့လိုအပ်ပါတယ်။

အခုလို Cryptocurrency လောကကိုစတင်ခြေချမယ့် Beginner တွေအတွက် စိတ်ချယုံကြည်ရပြီးအသုံးပြုရလွယ်ကူတဲ့ Exchange ကိုရှာနေတယ်ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်း Cryptocurrency Exchange တစ်ခုဖြစ်တဲ့ Binance က Beginner တွေရော ကျွမ်းကျင်သူတွေပါအသုံးပြုနိုင်မယ့် ပြည့်စုံတဲ့ Feature တွေပါရှိတဲ့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ နောက်ပြီး Binance ရဲ့လုံခြုံရေးစနစ်ထဲမှာ SAFU (Secure Asset Fund for Users) လို့ခေါ်တဲ့ အရေးပေါ်ရန်ပုံငွေ၊ စကားဝှက်အပြင်ကိုမှ ဒုတိယအတည်ပြုချက်ထည့်သွင်းရတဲ့ Two-Factor Authentication (2FA)၊Cryptocurrency အများစုကို Hackers တိုက်ခိုက်မှုတွေကနေကာကွယ်ဖို့ အင်တာနက်နဲ့မချိတ်ဆက်ဘဲသိမ်းဆည်းထားတဲ့ Cold Storage နဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကို ချက်ချင်းတုံ့ပြန်နိုင်ဖို့ 24 နာရီပတ်လုံး စဥ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးနေတဲ့ Real-time Monitoring စတဲ့ လုံခြုံရေးစနစ်တွေပါဝင်တဲ့အတွက် လုံခြုံရေးနဲ့ပတ်သက်လို့အတော်လေးခိုင်မာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် Binance မှာ သူ့ရဲ့ BNB Token ကိုအသုံးပြုပြီးတော့ ဝန်ဆောင်ခလျှော့စျေးတွေရရှိနိုင်သလို သုံးစွဲသူအမျိုးမျိုးအတွက် အသုံးပြုရလွယ်ကူအောင်ပြုလုပ်ထားတဲ့ Design ကြောင့် Beginner တွေအတွက် ရှုပ်ထွေးမှုရှိမှာမဟုတ်ဘဲ Binance Academy လို သင်ခန်းစာတွေကလည်း Beginner တွေကို ကူညီပေးနိုင်ပါလိမ့်မယ်။

Binance ဟာ ကမ္ဘာ့အကြီးဆုံး Exchange တွေထဲကတစ်ခုဖြစ်တာနဲ့အညီ Liquidity အလွန်မြင့်မားတဲ့အတွက် အရောင်းအဝယ်တွေကို မြန်ဆန်ချောမွေ့စွာပြုလုပ်နိုင်တဲ့အပြင် P2P (Peer-to-Peer) Marketplace နဲ့ Credit/Debit Card ကနေတစ်ဆင့် ငွေသွင်းငွေထုတ်တာတွေအပါအဝင် Fiat ငွေကြေးအမျိုးမျိုးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ထောက်ပံ့ပေးထားပြီးတော့ Passive Income ရှာလိုတဲ့ Beginner တွေအတွက်လည်း မတူညီတဲ့ APY နဲ့ Lock-up Staking Options တို့လို အားသာချက်တွေအများကြီးရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အခုလို Binance မှာ ဝန်ဆောင်ခနည်းပါးတာ၊ Cryptocurrency အမျိုးအစားများစွာရှိတာ၊ Liquidity မြင့်မားတာ၊ လုံခြုံရေး Feature တွေကောင်းမွန်တာနဲ့ ဝင်ငွေရှာဖွေနိုင်တဲ့နည်းလမ်းမျိုးစုံရှိတာအစရှိသဖြင့် အားသာချက်တွေ အများကြီးရှိပေမယ့် Beginner တွေအနေနဲ့ အချို့ဒေသတွေမှာ ဥပဒေစည်းမျဥ်းနဲ့ပတ်သက်တဲ့ အခက်အခဲတွေရှိနိုင်ပြီးတော့ တဖက်မှာလည်း Binance ရဲ့ Feature တွေကများပြားလွန်းလှတဲ့အတွက် Platform ကရှုပ်ထွေးနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် Beginner တွေအတွက် အကောင်းဆုံး Cryptocurrency Exchange ကို ရွေးချယ်ဖို့ဆိုရင် လုံခြုံရေး၊ ဝန်ဆောင်ခ၊ အသုံးပြုရလွယ်ကူမှု၊ Liquidity၊ Fiat Support နဲ့ Staking Options စတဲ့အချက်တွေကို သေချာထည့်သွင်းစဉ်းစားဖို့လိုအပ်ပြီးတော့ ခိုင်မာတဲ့လုံခြုံရေးစနစ်နဲ့ ပွင့်လင်းမြင်သာတဲ့ဝန်ဆောင်ခစနစ်တွေရှိတဲ့ Platform တွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ အခြား Exchange တွေမှာ ကိုယ်ပိုင်အားသာချက်တွေရှိကြပေမယ့် Binance ကတော့ သူ့ရဲ့ပြည့်စုံတဲ့ Feature တွေ၊ သက်သာတဲ့ဝန်ဆောင်ခတွေနဲ့ Liquidity မြင့်မားမှုတွေကြောင့် အကောင်းဆုံးရွေးချယ်မှုတစ်ခုလို့ဆိုနိုင်သော်ငြားလည်း ကိုယ့်ရဲ့လိုအပ်ချက်နဲ့ နှစ်သက်မှုပေါ်မူတည်ပြီး Beginner တွေအနေနဲ့ သေချာလေ့လာ research လုပ်တာ၊ Exchange အများအပြားကိုနှိုင်းယှဉ်တာနဲ့ နည်းနည်းချင်းစီစတင်ပြီး အရောင်းအဝယ်လုပ်တာတွေကိုပြုလုပ်သင့်ပါတယ်။ ဒါမှသာ သတိထားရမယ့်အချက်တွေကိုသိရှိပြီးတော့ Cryptocurrency ရင်းနှီးမြှုပ်နှံမှုလောကထဲကို ပိုမိုယုံကြည်စိတ်ချစွာဝင်ရောက်လာနိုင်ကာ ကိုယ့်ရဲ့ငွေကြေးရည်မှန်းချက်တွေနဲ့ကိုက်ညီတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဒီနယ်ပယ်မှာခိုင်ခိုင်မာမာရပ်တည်လာနိုင်မှာဖြစ်ပါတယ်။


Binance Account ဖွင့်ရန်