Cryptocurrency စျေးကွက်ဟာ အလွန်အတက်အကျမြန်တာကြောင့် စျေးနှုန်းတွေမြင့်တက်တဲ့အခါ စိတ်လှုပ်ရှားစရာကောင်းသလို ရုတ်တရက်ကျဆင်းတဲ့အခါမှာလည်း စိတ်ပျက်စရာကောင်းလှပါတယ်။ Crypto လောကမှာပုံမှန်ဖြစ်လေ့ရှိတဲ့ စျေးကွက်ကျဆင်းမှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေကြားမှာ ကြောက်ရွံ့မှုနဲ့ အခွင့်အရေးဆိုတဲ့ စိတ်ခံစားချက်နှစ်ခုရောထွေးနေတတ်ပြီး ဒီလိုအချိန်တွေမှာ မကြာခဏမေးလေ့ရှိတာကတော့ စျေးကျတဲ့အချိန် Crypto ဝယ်တာကောင်းလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။
Crypto အရောင်းအဝယ်တွေမှာတွေ့ရလေ့ရှိတဲ့ Market Dip (စျေးကွက်ကျဆင်းခြင်း) ဆိုတာ Digital Assets တွေရဲ့ဈေးနှုန်းတွေ အချိန်တိုအတွင်း သိသိသာသာကျဆင်းသွားတဲ့ အခြေအနေကိုဆိုလိုတာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ဈေးနှုန်းတွေ အနည်းငယ်အတက်အကျဖြစ်တာထက် ဈေးကွက်တစ်ခုလုံးရဲ့အာရုံစိုက်မှုကို ဖမ်းစားနိုင်လောက်တဲ့အထိ သိသိသာသာကျဆင်းသွားတဲ့ အခြေအနေမှာဖြစ်ပေါ်လာတာဖြစ်ပါတယ်။
စျေးကွက်ကျဆင်းမှုကိုဖြစ်စေနိုင်တဲ့ အချက်တွေအများကြီးရှိပြီး အဓိကအားဖြင့် အမြတ်ထုတ်တာတွေ၊ စျေးကွက်ရဲ့စိတ်ခံစားချက်သက်ရောက်မှုတွေနဲ့ ပြင်ပဖြစ်ရပ်လိုကိစ္စမျိုးတွေ ပါဝင်နေတတ်ပါတယ်။
အမြတ်ထုတ် (Profit-taking) တဲ့အခြေအနေဆိုတာ ရင်းနှီးမြှုပ်နှံသူတွေက Market ဈေးနှုန်းသိသိသာသာမြင့်တက်လာတဲ့အချိန် သူတို့အမြတ်ရဖို့အတွက် ရုတ်တရက်ရောင်းချလိုက်ကြတာကြောင့် ဈေးနှုန်းတွေကျဆင်းသွားတဲ့အခြေအနေကိုဆိုလိုတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ရင်းနှီးမြှုပ်နှံသူတွေရဲ့စိတ်ခံစားချက် (Market Sentiment) ကလည်း Market မှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပြီး မကောင်းတဲ့သတင်းတွေ၊ Market ရဲ့အခြေအနေတွေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာစိုးရိမ်ပူပန်မှုတွေ အစရှိတဲ့ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေပေါ်လိုက်ပြီး ရောင်းချမှုတွေဖြစ်ပေါ်စေနိုင်တဲ့အတွက် ဈေးနှုန်းတွေကျဆင်းစေနိုင်ပါတယ်။
နောက်ပြီး Crypto လောကရဲ့အပြင်ဘက်ကဖြစ်ရပ်တွေ (External Events) ကြောင့်လည်း စျေးနှုန်းတွေကျဆင်းတတ်ပြီးတော့ ကျဆင်းရတဲ့အကြောင်းရင်းတွေထဲမှာ စီးပွားရေးဆိုင်ရာကိစ္စတွေ၊ နိုင်ငံရေးဆိုင်ရာဖြစ်ရပ်တွေ ဒါမှမဟုတ် ဘဏ္ဍာရေးစျေးကွက်တွေရဲ့သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေ ပါဝင်နေတတ်ပါတယ်။
အခုလိုမသေချာမှုတွေနဲ့ အန္တရာယ်များနေတဲ့အချိန်မှာ အချို့သောရင်းနှီးမြှုပ်နှံသူတွေက ဈေးကျတဲ့အချိန်ဝယ်ပြီးအမြတ်ထုတ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ရင်းနှီးမြှုပ်နှံတာဟာ လွယ်ကူတဲ့ဆုံးဖြတ်ချက်မဟုတ်တဲ့အပြင် ဈေးနှုန်းတွေ ဆက်လက်ကျဆင်းနိုင်တဲ့ အန္တရာယ်လည်းရှိသလို ပြန်တက်လာခဲ့ရင်လည်း ကြီးမားတဲ့အမြတ်အစွန်းကိုရနိုင်တဲ့ အခွင့်အရေးလည်းရှိနေတာကြောင့် အသွားနှစ်ဖက်ပါတဲ့ဓားကိုကိုင်ထားသလိုဖြစ်နေပါလိမ့်မယ်။ အထူးသဖြင့် DCA လိုမျိုး ရေရှည်ရင်းနှီးမြှုပ်နှံမှုဗျူဟာအတွက် စျေးကျချိန်တွေဟာအားသာချက်လို့ဆိုရမှာဖြစ်ပေမယ့် လေ့လာမှုနဲ့စွန့်စားနိုင်မှုအပေါ် မိမိရဲ့ခံနိုင်ရည်ကိုထည့်သွင်းစဉ်းစားပြီးတော့ ဈေးနှုန်းတွေဆက်လက်ကျဆင်းနေခဲ့မယ်ဆိုရင် ဘယ်လောက်အထိ အဆုံးရှုံးခံနိုင်မလဲဆိုတာကိုလည်း တွက်ချက်ထားရမှာဖြစ်တာကြောင့် အတော်လေးအန္တရာယ်များတယ်လို့ဆိုရမှာပါ။
စျေးကွက်ကျဆင်းချိန်တွေမှာ ဝယ်ယူဖို့စဉ်းစားတဲ့အခါ စျေးကွက်ရဲ့ခံစားချက်နဲ့ ခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းတွေက ရင်းနှီးမြှုပ်နှံမှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့အတွက် ဒီအချက်တွေကိုနားလည်ထားမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။
စျေးကျနေချိန်မှာ Crypto တွေကို ဝယ်ယူလို့ရပေမယ့် အန္တရာယ်တွေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကိုသိဖို့ အရေးကြီးပါတယ်။ အဓိကအန္တရာယ်အနေနဲ့ စျေးကျတာဟာ ယာယီကျဆင်းတာမျိုးမဟုတ်ဘဲ ရေရှည်ကျဆင်းတဲ့လမ်းကြောင်းရဲ့အစဖြစ်နိုင်တဲ့အတွက် ဈေးကျတဲ့အချိန် အောက်မှာဝယ်ပြီးတာတောင် မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဆက်ပြီးကျနေနိုင်ပါတယ်။ အဆိုပါအန္တရာယ်ကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့အတွက် မတူညီတဲ့ Crypto တွေမှာ မိမိရဲ့ ရင်းနှီးမြှုပ်နှံမှုကို Portfolio ခွဲထားတာမျိုးတွေ၊ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိတဲ့ပမာဏကို ကြိုတင်ဆုံးဖြတ်ပြီး ဈေးကွက်လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အလျင်စလိုဆုံးဖြတ်ချက်တွေကို ရှောင်ရှားတာမျိုးတွေနဲ့ DCA (Dollar-Cost Averaging) နည်းလမ်းကိုအသုံးပြုပြီး ဈေးနှုန်းအတက်အကျကိုဂရုမစိုက်ဘဲ သတ်မှတ်ထားတဲ့ ငွေပမာဏကို ပုံမှန်ရင်းနှီးမြှုပ်နှံတာမျိုးတွေ အစရှိတဲ့ ဗျူဟာတွေကိုအသုံးပြုပြီးတော့ ကာကွယ်နိုင်ပါတယ်။
သမိုင်းကြောင်းအရ ကမ္ဘာ့စျေးကွက်ဟာ 2020 ခုနှစ်အစောပိုင်းမှာ ကပ်ရောဂါကြောင့် မသေချာမရေရာမှုတွေနဲ့ရင်ဆိုင်နေရချိန် Bitcoin ရဲ့ဈေးနှုန်းဟာလည်း 3700 EUR လောက်အထိကို သိသိသာသာကျဆင်းသွားခဲ့ဖူးပါတယ်။ ဒါပေမယ့် Bitcoin ပြန်လည်ကောင်းမွန်လာနိုင်တဲ့ အလားအလာကို သိရှိတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်က ဒီလိုဈေးကျနေတဲ့အချိန်မှာ Bitcoin ကို ဝယ်ယူခဲ့ပါတယ်။ ဝယ်ယူပြီး နောက်တစ်နှစ်အကြာမှာ Bitcoin ဈေးနှုန်းဟာ 60,000 EUR နီးပါးအထိမြင့်တက်သွားခဲ့တာကြောင့် သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုကနေ အတော်လေးကြီးမားတဲ့အကျိုးအမြတ်ကို ရရှိသွားခဲ့ဖူးပါတယ်။ ဒါပေမယ့် Bitcoin ဈေးနှုန်းသာ ပြန်ပြီးမတက်လာခဲ့ဘူးဆိုရင် သူ့ရဲ့ဆုံးရှုံးမှုဟာ အတော်လေး ကြီးမားနိုင်ကြောင်းကိုလည်း သတိပြုသင့်ပါတယ်။
စျေးကျချိန်မှာ Crypto ဝယ်သင့်လားဆိုတဲ့မေးခွန်းဟာ ရင်းနှီးမြှုပ်နှံသူရဲ့စွန့်စားနိုင်စွမ်း၊ ရင်းနှီးမြှုပ်နှံရတဲ့ရည်မှန်းချက်နဲ့ စျေးကွက်ကျဆင်းမှုရဲ့ အခြေအနေတွေအပေါ် မူတည်နေတာကြောင့် အမြတ်ရနိုင်တဲ့အခွင့်အရေးတွေရှိပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ဆက်စပ်နေတဲ့ အန္တရာယ်တွေက ကြီးမားတဲ့အတွက်ကြောင့် ပေါ့ပေါ့တန်တန် သဘောထားလို့တော့မရပါဘူး။
ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဈေးကွက်ကျဆင်းရတဲ့အကြောင်းအရင်း၊ မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမယ့်ဗျူဟာသက်ရောက်မှုနဲ့ အတွေ့အကြုံရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ချဉ်းကပ်ပုံတွေကိုလေ့လာပြီးမှသာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဈေးကျတဲ့ဒဏ်ခံနိုင်မယ့် မိမိရဲ့ရင်းနှီးမြှုပ်နှံမှုပုံစံကို DYOR (Do Your Own Research) လုပ်ပြီး သေသေချာချာရွေးချယ်သင့်ပါတယ်။
Crypto တွေကို စိတ်ချမ်းသာစွာ နဲ့ အဆင်ပြေပြေရောင်းဝယ်ချင်တယ်ဆိုရင်တော့ ကမ္ဘာ့အကြီးဆုံး Crypto Exchange ဖြစ်တဲ့ Binance ကိုပဲ Recommend ပေးပါရစေ။