Binance ရဲ့ 69 ခုမြောက် Launchpool လာပါပြီ။ ဒီတခါမှာတော့ Decentralized data warehouse ဖြစ်တဲ့ Space and Time project ကို မိတ်ဆက်လာတာဖြစ်ပြီး warehouse ဆိုတဲ့အတိုင်း smart contract တွေ၊ AI model တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် blockchain data တွေ နဲ့ blockchain မဟုတ်တဲ့ off-chain data တွေကို သိမ်းဆည်းပေးတာ၊ bridge လုပ်ပေးတာတွေကို ဝန်ဆောင်မှုပေးမှာပါ။
.
SXT ဖက်က support ပေးထားတဲ့ blockchain တွေထဲမှာ Ethereum၊ Bitcoin၊ Polygon တို့လို သက်တမ်းရင့် blockchain တွေအပြင် နောက်ပေါက် blockchain တွေဖြစ်တဲ့ Sui၊ Sei နဲ့ Aptos တို့လို blockchain တွေပါ ပါဝင်ပါတယ်။
.
SXTဟာ on-chain အနေနဲ့ရော၊ off-chain အနေနဲ့ပါ လည်ပတ်တာကြောင့် data အကြီးစားတွေကို off-chain ယူ၊ process လုပ်ပြီး on-chain နဲ့ပြန်ချိတ်ဆက်ပေးနိုင်လို့ မြန်မြန်တန်တန်ဖြစ်စေမှာပါ။
SXT ရဲ့ funding အနေနဲ့ကတော့ $50 million အထိရှိပြီး Microsoft၊ Chainlink၊ Polygon တို့အပါအဝင် နည်းပညာလုပ်ငန်းစုကြီးတွေဖက်က ရင်းနှီးမြှုပ်နှံမှုတွေရထားပါတယ်။
.
SXT ကတော့ Space and Time ရဲ့ native token ဖြစ်ပြီး gas fees တွေ၊ staking တွေနဲ့ delegation reward တွေအတွက် အသုံးပြုပါတယ်။ SXT token မှာ တန်ဖိုးကျသွားတာကို လျှော့ချနိုင်ဖို့အတွက် deflation mechanism လည်းပါဝင်ပြီးတော့ fees အဖြစ်ပေးလိုက်တဲ့ SXT token အချို့ကို burn သွားမှာပါ။
SXT ရဲ့ total supply ကတော့ 5 billion ရှိပြီး Binance မှာ list ပြီးနောက် circulating supply ကတော့ 125 million ရှိလာမှာဖြစ်ပါတယ်။
.
Launchpool တွေဟာ BNB holder တွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ BNB pool ထဲမှာ 25,500,000 INIT အထိ ပါဝင်ပြီး FDUSD pool ထဲမှာတော့ 1,500,000 INIT နဲ့ USDC pool ထဲမှာတော့ 3,000,000 INIT စီ အသီးသီးပါဝင်ပါတယ်။
.
ဒါကြောင့် BNB တွေ stake ပြီး farm ရင် BNB ပမာဏများရင်များသလို တနာရီကို 106,250,000 SXT အထိ အများဆုံးရနိုင်မှာဖြစ်ပြီး FDUSD နဲ့ farm ရင်တော့ တနာရီကို 6,250,000 SXT နဲ့ USDC နဲ့ farm ရင်တော့ 12,500,000 SXT အထိ အများဆုံးရနိုင်ပါတယ်။ May လ 6 ရက်နေ့ မနက် 6 နာရီခွဲကနေ May လ 8 ရက်နေ့ မနက် 6 နာရီခွဲအထိ farm လို့ရနိုင်မှာဖြစ်ပြီး May လ 8 ရက်နေ့ ညနေ 7 နာရီခွဲမှာတော့ Binance Spot ထဲမှာ SXT ကို စတင် trade လို့ရနိုင်မှာပါ။
.
SXT ဟာ funding အနေနဲ့ ကြည့်မယ်ဆိုရင်လည်း တောင့်တင်းသလို Microsoft လို နည်းပညာလုပ်ငန်းစုကြီးကပါ ပါဝင်ရင်းနှီးမြှပ်နှံထားတာကြောင့် စောင့်ကြည့်သင့်တဲ့ project တခုဖြစ်လာနိုင်ပါတယ်။
.
#BinanceLaunchPool🔥 #BinanceSquareFamily #bnb #USDC #fdusd