Binance Charity နဲ့ Changpeng Zhao တို့ဟာ မြန်မာနဲ့ ထိုင်းနိုင်ငံတွေက ငလျင်ဘေးသင့် user တွေအတွက် $1.5 million ကို ပူးပေါင်းလှူဒါန်းထားခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်းငလျင်ကို တုံ့ပြန်တဲ့အနေနဲ့ Binance Charity နဲ့ Binance co-founder လည်းဖြစ်သလို CEO ဟောင်းလည်းဖြစ်တဲ့ Changpeng Zhao (CZ) တို့ဟာ $1.5 million နဲ့ ညီမျှတဲ့ BNB တွေကို Binance နဲ့ BinanceTH user တွေဆီကို airdrop ချပေးသွားဖို့ ရှိပါတယ်။ မြန်မာနဲ့ထိုင်းနိုင်ငံတွေက ငလျင်ဘေးသင့်ဒေသတွေမှာ နေထိုင်ကြောင်း အတည်ပြုနိုင်တဲ့ Binance နဲ့ BinanceTH user တွေဆီကို သက်သာရာရကြောင်း အကူအညီတွေအဖြစ် BNB airdrop တွေ ပေးသွားမှာဖြစ်ပါတယ်။

User တွေကို အတည်ပြုဖို့အတွက်ကိုတော့ KYC (Identity Verification) ဒါမှမဟုတ် POA (Proof-of-address) အချက်အလက်တွေကို အခြေခံသွားမှာဖြစ်ပြီး March လ 31 ရက်နေ့မတိုင်ခင် KYC တင်နိုင်တဲ့ ဒါမှမဟုတ် POA ပြနိုင်တဲ့ user တွေဟာ Reward Hub ထဲမှာ BNB token voucher တွေ ရရှိနိုင်မှာပါ။

တနိုင်ငံစီအတွက် ပေးသွားမယ့် distribution criteria ကိုတော့ အောက်မှာ ရှင်းပြပေးထားပါတယ်။

.

မြန်မာနိုင်ငံအတွက်ကတော့

Account ကို လက်ရှိသုံးနေဆဲဖြစ်သလို KYC အောင်ထားပြီးသား user တွေအတွက် $5 ဖိုး BNB

KYC လည်းအောင်ထားပြီး ငလျင်ဘေးသင့်ဒေသတွေမှာ ရှိနေကြောင်း POA လည်းပြနိုင်တဲ့ user တွေအတွက် $50 ဖိုး BNB ပေးသွားမှာပါ။

.

ထိုင်းနိုင်ငံအတွက်ကတော့ (“Binance TH by Gulf Binance” user တွေအတွက် သီးသန့်ဖြစ်ပါတယ်):

ထိုင်းနိုင်ငံမှာ နေထိုင်ကြောင်းလိပ်စာနဲ့ KYC အောင်ထားတဲ့ “Gulf Binance user” တိုင်းအတွက် $5 ဖိုး BNB

ထိုင်းနိုင်ငံရဲ့ ငလျင်ဘေးသင့်ဒေသတွေမှာ နေထိုင်နေကြောင်း လိပ်စာနဲ့ KYC အောင်ထားတဲ့ “Gulf Binance user” တိုင်းအတွက် $5 ဖိုး BNB စီ ပေးသွားမှာ ဖြစ်ပါတယ်။

.

အကျုံးဝင်တဲ့ user တွေဆီကို 2025 ခုနှစ် April လ 14 ရက်နေ့ နောက်ဆုံးထားပြီး ဆုတွေပေးသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။

.

ဒီကနဦးအစီအစဉ်ကို မြန်မာနဲ့ ထိုင်းနိုင်ငံတွေကို 500 BNB စီ လှူဒါန်းမယ်လို့ ကြေငြာထားတဲ့ CZ နဲ့ Binance Charity တို့ပူးပေါင်းဖန်တီးတာဖြစ်ပြီးတော့ ပြင်းထန်သဘာဝဘေးမှာ ဒုက္ခရောက်ခဲ့ကြတဲ့ user တွေကို တတပ်တအား ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

.

CZ ကတော့ “ကပ်ဘေးကြီးဖြစ်နေချိန်မှာ စက္ကန့်တိုင်းဟာ အရေးပါပါတယ်” လို့ ဆိုခဲ့သလို “Blockchain တွေနဲ့ digital asset တွေဟာ ကပ်ဘေးဒုက္ခသည်တွေအတွက် ဘဏ္ဍာရေးဆိုင်ရာအကူအညီတွေ ထောက်ပို့ပေးရာမှာ အရေးပါအရာရောက်ပါတယ်၊ အကူအညီလိုအပ်နေပြီး ကံဆိုးကြသူတွေကို ကူညီပေးဖို့ လက်တစုံအတွက်လည်း တခြားသူတွေကိုလည်း ကျနော်တို့နဲ့အတူ တတ်အားသရွေ့ ပါဝင်ပေးကြစေလိုပါတယ်" လို့လည်း ဆိုထားပါတယ်။

Binance CEO Richard Teng ကတော့ “မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ပတ်ဝန်းကျင်ဒေသတွေကို ရိုက်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အထူးကြေကွဲဝမ်းနည်းရပါတယ်။ ငလျင်ဘေးသင့်ပြည်သူတွေနဲ့ သူတို့မိသားစုဝင်တွေ၊ ငလျင်ဒဏ်ခံရသူတွေအားလုံးကို ကျနော်တို့ရဲ့ ဆုတောင်းစကားတွေကိုပေးပို့ပါတယ်။ Binance ဟာလည်း လူမှုအဖွဲ့အစည်းတွေနဲ့အတူ တသားတည်း ရပ်တည်သလို အခုလိုမျိုး စိန်ခေါ်မှုတွေများပြားနေချိန်မှာ ကျနော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ သက်သာချောင်ချိရေးတစုံတရာ ရနိုင်ပါစေကြောင်း မျှော်လင့်ပါတယ်။" လို့လည်း ဆိုထားပါတယ်။

.

အခုချိန်မှာလည်း Binance user အချို့ရဲ့ rewards hub ထဲမှာ $50 ဖိုး BNB voucher တွေ ရောက်နေပြီဖြစ်လို့ စစ်ကြည့်ကြနိုင်ပါပြီ။

.

Binance Charity ဟာ အကူအညီလိုအပ်နေသူတွေကို blockchain နည်းပညာသုံးပြီး ခိုင်မာတဲ့အထောက်အပံ့တွေ ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာလည်း စပိန်၊ တူရကီ၊ အာဂျင်တီးနား၊ လစ်ဗျား၊ ဗီယက်နမ်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်းများစွာမှာ အကူအညီအထောက်အပံ့အစီအစဉ်တွေ အများကြီး ဖန်တီးပေးခဲ့ပြီး ဖြစ်ပါတယ်။

.

#Binance #AirdropAlert