HODLer Airdrop လာပြန်ပါပြီ။ BNB ကိုင်ထားသူတွေကတော့ ပျော်တပြုံးပြုံးဖြစ်နေမှာပေမယ့် BNB မကိုင်ထားသူတွေကတော့ အံတကြိတ်ကြိတ်ဖြစ်နေကြမှာပါ။ ဒီတခေါက်ကတော့ dApp တွေအတွက် foundation layer protocol Sign ကို မိတ်ဆက်လာတာပါ။

.

Sign ဟာ digital data တွေကို ကမ္ဘာနဲ့ချီပြီး verify လုပ်လို့ရနိုင်အောင် ဖန်တီးပေးထားပြီး digital ID တွေကိုသုံးပြီး distribute လုပ်တာတွေ ဖန်တီးလို့ရနိုင်အောင် လုပ်ပေးပါတယ်။ ဥပမာ ငလျင်လှုပ်တာလိုမျိုး အရေးပေါ်အခြေအနေတွေမှာ ID ရှိထားရုံနဲ့ ID ပိုင်ရှင်တိုင်းကို ငွေကြေးထောက်ပံ့ကူညီတာမျိုးတွေ လုပ်လို့ရနိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလိုလုပ်ဖို့ဆိုတာကတော့ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေ အများကြီးရှိနေသေးတာကြောင့် အတော်ကြီးခဲယဉ်းနေပါသေးတယ်။ .Sign protocol မှာ အဓိက feature တခုကတော့ TokenTable ဖြစ်ပြီးတော့ ဒီ TokenTable မှာ airdrop တွေကို blockchain ပေါင်းစုံကနေ distribute လုပ်လို့ရနိုင်မယ့်အပြင် vesting ကာလတွေ သတ်မှတ်ဖို့တွေပါ ပါဝင်ပါတယ်။

.

Funding အနေနဲ့ကတော့ YZi Labs (Binance Labs) နဲ့ Sequoia Capital တို့အပါအဝင် လုပ်ငန်းစုကြီးတွေကနေ ရင်းနှီးမြှုပ်နှံငွေပေါင်း $32 million အထိ ရရှိထားပါတယ်။ .Sign ဟာ အာရပ်စော်ဘွားများပြည်ထောင်စု၊ ထိုင်းနိုင်ငံနဲ့ စီရာလီယွန်နိုင်ငံတွေမှာ သုံးလို့ရနိုင်နေတဲ့ လက်တွေ့အသုံးချ project တခုဖြစ်နေပြီဖြစ်သလို ဘာဘာဒိုစ်နဲ့ စင်ကာပူနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း 20 ကျော်မှာ အသုံးချလို့ရနိုင်ဖို့ကို တိုးချဲ့စီစဉ်နေပါတယ်။ 2024 ခုနှစ်ထဲမှာ $15 million အထိ အကျိုးအမြတ်ရခဲ့ပြီးဖြစ်တာကြောင့် အလားအလာကောင်းတဲ့ project တခုပါပဲ။

.

2024 ခုနှစ်ထဲမှာတင်ပဲ user base ဟာလည်း အသိအမှတ်ပြုစာရွက်စာတမ်းပေါင်းဟာလည်း 685,000 ကနေ 6 million ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ .SIGN ကတော့ Sign protocol ရဲ့ native token ဖြစ်ပြီး Sign ပေါ်က activity တိုင်းမှာ SIGN ကို သုံးလို့ရနိုင်နေမှာပါ။ SIGN ရဲ့ total supply ကတော့ 10 billion ရှိပြီး Binance မှာ list ပြီးနောက် circulation supply ကတော့ 1.2 billion ရှိလာမှာပါ။

.

Binance HODLer Airdrop တွေဟာ user တွေကို surprise တိုက်တာဖြစ်ပြီး Simple Earn product တွေထဲမှာ BNB အမြဲ stake ထားသူတွေအတွက် လက်ဆောင်တခုလိုပါပဲ။ အခု SIGN အတွက် airdrop တွက်ပုံကတော့ April လ 15 ရက်နေ့ကနေ 19 ရက်နေ့အတွင်း Simple Earn product တွေထဲ BNB stake ထားသူတွေကို airdrop ပေးသွားခဲ့တာပါ။

.

ဒါကြောင့် HODLer Airdrop လိုချင်ရင် BNB တွေကို Simple Earn ထဲ ထည့် HODL ထားရုံကလွဲပြီး ဘာမှလုပ်စရာမလိုပါဘူး။.ဒီတခေါက်မှာ BNB တွေ Simple Earn ထဲ မထည့်ထားမိလို့ SIGN မရလိုက်သူတွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့။ အခုတည်းက BNB တွေကို Flexible ဒါမှမဟုတ် Locked Staking တွေထဲ ထည့်ထားရင်း နောက်တခါ HODLer airdrop အတွက် ကြိုတင်ပြင်ဆင်လို့ရသလို Megadrop ရော၊ Launchpool တွေရောအတွက်ပါ တခါတည်း ပြင်ဆင်ပြီးသားဖြစ်သွားမှာပါ။

.

#HODLerAirdrop #BinanceSquareFamily