Binance ဟာ Trading Volume အရ ကမ္ဘာ့အကြီးဆုံး Cryptocurrency Exchange တစ်ခုဖြစ်တာကြောင့် Regulators နဲ့ Market Analysts တွေရဲ့ အမြဲတမ်းစောင့်ကြည့်တာကို ခံနေရတာပါ။


Binance ရောင်းတော့မယ်ဆိုတဲ့ Rumor က Industry မှာ ပြန့်နှံ့နေပြီး အဆိုပါ Rumor က အထူးသဖြင့် X ပေါ်က Crypto ကဏ္ဍဝင်တွေနဲ့ အရောင်းအဝယ်လုပ်ငန်းတွေကြားမှာ ပြန့်နေခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် February 17 ရက်နေ့မှာ Former CEO Zhao က Stock ရှယ်ယာရှင်တစ်ဦးအနေနဲ့ Binance ကို ရောင်းချမှာမဟုတ်ဘူးလို့ပြောခဲ့ပြီး Co-founder Yi He ကလည်း တူညီတဲ့စကားဆိုခဲ့ကာ အဆိုပါ Rumor ဟာ ပြိုင်ဘက်တွေရဲ့ PR Strategy ကနေ စတင်ပေါ်‌ပေါက်လာတာဖြစ်ပြီးတော့ Binance အနေနဲ့ Exchange ကို ရောင်းချမှာမဟုတ်ဘဲ အခြား Exchange လုပ်ငန်းတွေက သူတို့ကိုရောင်းချဖို့ စဉ်းစားမိခဲ့ရင် Binance ဘက်က ဝယ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။


အဆိုပါ Rumor အပြင် February 11 ရက်နေ့က Bitcoin အပါအဝင် Binance ရဲ့ ငွေကြေးအရင်းအနှီးတွေ အတော်များများလျှော့ချလိုက်တာကြောင့်လည်း ကုမ္ပဏီရဲ့ဘဏ္ဍာရေးအနေအထားကို သံသယဖြစ်စေခဲ့တာဖြစ်ပြီး Binance ဘက်ကတော့ ဒါဟာ သူတို့ရဲ့ Treasury’s Accounting Process ပြင်ဆင်မှုသာဖြစ်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။


Binance အနေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြတ်သန်းရင်း နည်းပညာနဲ့ ဈေးကွက်ဦးဆောင်မှုကို အပြိုင်အဆိုင်မြှင့်တင်လျက်ရှိနေတာကြောင့် Binance ရောင်းတော့မယ်ဆိုတဲ့ Rumor တွေဟာ ယာယီသာဖြစ်ပြီး 2025 ခုနှစ်မှာလည်း Binance ရဲ့ ဈေးကွက်ဦးဆောင်မှုက‌တော့ ဆက်လက်တည်ရှိနေမှာပါ။

Binance Account ဖွင့်ရန်