Ethereum mainnet ပေါ်မှာ Transaction လုပ်ရင်း ကြာလို့ စိတ်မရှည်ဖြစ်ဖူးလား? အားလုံး ဖြစ်ဖူးကြမှာပါ။ ဒါပေမဲ့ ကိုယ့်အတွက် သီးသန့် Ethereum ကို ပိုမြန် ပိုတန်အောင်သုံးနိုင်တဲ့ နည်းလမ်းရှိရင်ရော ဘယ်လောက်ကောင်းမလဲ?

အဲဒါကို Caldera က အခု လုပ်နေတာပါ။ ဒီနေ့မှာတော့ Binance HODLER Airdrop ကနေ Token တွေ အလကားပေးသွားတဲ့ အမှန်အကန် Project “Caldera” အကြောင်းကို လိုတိုရှင်းပြောပြသွားပါမယ်။

🟥 Caldera ဆိုတာဘာလဲ

 ဒီကောင်က Ethereum ကို ပိုမြန် ပိုတန်အောင်သုံးနိုင်အောင် လုပ်ပေးတဲ့ Project မျိုးပဲ။ ဒါကို "Internet of Rollups" လို့ခေါ်ပါတယ်။

Caldera က developer တွေကို မြန်နှုန်းမြင့်ပြီး ကုန်ကျစရိတ်နည်းတဲ့ ကိုယ်ပိုင် blockchain (Rollup လို့ခေါ်တယ်) တွေကို မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်အောင် လုပ်ပေးပါတယ်။ ပြီးတော့ အဲ့ဒီ Rollup တွေအားလုံးကို Metalayer ဆိုတဲ့ cross-chain နည်းပညာနဲ့ ပြန်ချိတ်ဆက်ပေးထားတော့ ပိုင်ဆိုင်မှု (assets) တွေ၊ ဒေတာတွေက ဟိုဘက်ဒီဘက် လွတ်လွတ်လပ်လပ် ကူးလူးနိုင်သွားတာပေါ့။

မြင်ယောင်ကြည့်လိုက်ပါ... blockchain အသေးလေးတွေ အများကြီးကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားပြီး တစ်ခုချင်းစီက သူ့ကဏ္ဍနဲ့သူ အကောင်းဆုံးဖြစ်အောင် လုပ်ထားတဲ့ ပုံစံမျိုးပေါ့။ ဥပမာ - Gaming အတွက် သီးသန့် Rollup၊ DeFi အတွက် သီးသန့် Rollup၊ NFT အတွက် သီးသန့် Rollup စသည်ဖြင့်ပေါ့။

 💸 ERA Token နဲ့ ဘာတွေလုပ်လို့ရလဲ?

 ERA token ဆိုတာ Caldera ရဲ့ Native Token

 ဘယ်လိုအလုပ်လုပ်လဲဆိုတော့…

 1. Rollup တွေအားလုံးမှာ Gas Fee အဖြစ်သုံးတယ်

2. Staking လုပ်ပြီး Network ကို လုံခြုံအောင်ကူညီမယ်

3. မဲပေးခွင့် (Governance) ရှိမယ်

 📦 Tokenomics အကျဉ်းချုပ်

Total Supply: 1 Billion ERA

Airdrop: 2% (20 သန်း) ကို Binance မှာ BNB ကိုင်ထားသူတွေအတွက်

Marketing Reserve: 2% (၆ လ lock လုပ်ထားမယ်)

ဈေးကွက်ထဲ စရောက်မယ့် Supply (Initial Circulating Supply): ~14.85% (148.5 သန်း)

ဒါက Market ထဲ ခဏဝင်ကစားပြီး ထွက်သွားဖို့ ထုတ်ထားတဲ့ Token မဟုတ်ပါဘူး။ Staking, Governance, အချိန်နဲ့အမျှ ဖြည်းဖြည်းချင်း unlock လုပ်မယ့် ပုံစံတွေက ရေရှည်အတွက် ရည်ရွယ်ထားတာကို ပြ‌နေပါတယ်။ Team ကဖြစ်ဖြစ်၊ Vendor ကဖြစ်ဖြစ် အလွယ်တကူ ရောင်းချမှာကို စိုးရိမ်စရာမရှိပါဘူး။

 🎯 Binance Airdrop ကို ဘယ်သူတွေရလဲ?

တကယ်လို့ ဇူလိုင် ၁ ရက်နေ့ကနေ ၅ ရက်နေ့ (2025) အတွင်း Binance Simple Earn ဒါမှမဟုတ် On-Chain Yields မှာ BNB ကိုင်ထားခဲ့တယ်ဆိုရင် Auto ဒီ Airdrop ထဲ ပါသွားပါပြီ။ ဘာမှနှိပ်စရာမလို၊ Claim စရာမလိုပါဘူး။

 Airdrop ရတဲ့ ERA token တွေက ဇူလိုင် ၁၇ ရက်၊ 14:30 UTC (မြန်မာစံတော်ချိန် ည ၉ နာရီ) မှာ User ရဲ့ Binance spot wallet ထဲကို ရောက်နေပါပြီ။ Trading မစခင် တစ်နာရီအလိုမှာ ရောက်တာပါ။

🔮 Caldera က တကယ် အလားအလာ ရှိရဲ့လား?

အချက်အလက်တွေနဲ့ ကြည့်ရအောင်။

◽Rollup ၅၀ ကျော် launch လုပ်ပြီးပြီ

◽TVL (Total Value Locked) ဒေါ်လာ သန်း ၄၀၀ နဲ့ ၆၀၀ ကြားရှိတယ်

◽Wallet ပေါင်းက ၂၇ သန်း

◽နာမည်ကြီး ရင်းနှီးမြှုပ်နှံသူတွေဖြစ်တဲ့ Sequoia, Dragonfly, Founders Fund တို့လို Backer တွေရှိတယ်

◽ နည်းပညာပိုင်းမှာ Metalayer နဲ့ Hyperlane ကိုပေါင်းပြီး Cross-chain အတွေ့အကြုံကို Smooth ဖြစ်အောင်လုပ်ထားတယ်

Rollup လောကက ပြိုင်ဆိုင်မှုပြင်းထန်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ Caldera က blockchain အမြန်တွေပဲ တည်ဆောက်နေတာမဟုတ်ဘဲ၊ developer တွေရဲ့ တကယ့်လက်တွေ့အခက်အခဲတွေကို ဖြေရှင်းပေးမယ့် smartကျတဲ့ blockchain တွေကို တည်ဆောက်ပြီး ချိတ်ဆက်ပေးနေတာဆိုတော့ တစ်မျိုးလေးပေါ့။

အရှည်ကြီး မဖတ်ချင်သူတွေအတွက် (ကွန်ကလူးရှင်း):

▶️ Caldera = Rollup တွေကို အလွယ်တကူဆောက်လို့ရတဲ့နေရာ + အချင်းချင်းပြန်ချိတ်ပေးတဲ့ layer.

▶️ ERA = Gas Fee, Staking, မဲပေးခွင့် Token.

▶️ Total Supply 1 Billion | Binance ကနေ 2% Airdrop ချပေးခဲ့။

▶️ ဇူလိုင် ၁-၅ ရက် အတွင်း BNB ကိုင်ထားခဲ့ရင် Airdrop ရနိုင်။

▶️ Fundamentally ကောင်းသလို Backer အကြီးကြီးတွေလည်း ရှိလို့ အလားအလာကောင်း။

🚨 Main Point ကတော့ ဒီလို Airdrop တွေရဖို့ Binance Account ရှိကိုရှိရမှာပါ

 Binance မှာ Trading လုပ်တိုင်း Trading Fee 20%  Lifetime Discount ရဖို့နဲ့… Member သီးသန့် လက်ဆောင်တွေရဖို့

👇🏼 ဒီ Link ကနေ Account ဖွင့်ပြီးတော့ပဲဖြစ်ဖြစ်...

https://accounts.binance.info/en/register?ref=HKGNEVE8

Referral Code - HKGNEVE8 …ကိုသုံးပြီးတော့ပဲဖြစ်ဖြစ် Binance Account ဖွင့်ထားဖို့ လိုပါတယ်ခင်ဗျာ…

Code မသုံးထားတဲ့ Account နဲ့ဆို ရေရှည်မှာ ကိုယ်ပေးရတဲ့ Trading Fee နဲ့တင် တိုက်ဆောက်လို့ရသွားမှာမို့လို့ Code သုံးပြီး ပြန်ဖွင့်တာ ပိုပြီးကောင်းပါတယ် ✌🏼

#Caldera #ERA #hodlerairdrop