Pi Network ကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ ဇွန်လ ၂၈ ရက်နေ့က တော်တော်လေးကို ရင်ခုန်စရာကောင်းတဲ့ နေ့တစ်နေ့ဖြစ်ခဲ့မှာ အသေအချာပါပဲ

📣 အဲဒီနေ့ကို Pi2Day လို့ခေါ်ပြီး Pi Network Community အတွက် အရေးကြီးတဲ့ ကြေညာချက်တွေ၊ အပြောင်းအလဲတွေနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ဆွေးနွေးကြပါတယ်

📃 ဆိုတော့ Pi2Day ဖြစ်တဲ့ ဇွန်လ ၂၈ ရက်နေ့ဟာ Pi Network အတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာကို လူတိုင်းနားလည်အောင် ရှင်းပြပေးပါမယ်

Pi2Day ဆိုတာ ဘာကြီးလဲ?

🎉 Pi Network ကိုစတင်ခဲ့တဲ့ "Pioneers" တွေအတွက် Pi2Day ဆိုတာက နှစ်စဉ် ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲတော်တစ်ခုလိုပါပဲ

နောက်ပြီး သင်္ချာမှာ π (Pi) ရဲ့တန်ဖိုး 3.14 ကိုအစွဲပြုတဲ့ မတ်လ ၁၄ ရက်နေ့ဟာ Pi Day ဖြစ်သလို 2π (6.28) ကိုအစွဲပြုပြီး ဇွန်လ ၂၈ ရက်နေ့ကို Pi2Day အဖြစ် သတ်မှတ်ထားတာပါ။

အဲ့ဒီနေ့မှာ Pi Core Team ကနေပြီးတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ အသစ်ထွက်ရှိလာမယ့် အစီအစဉ်တွေကို Community ကို ချပြကြပါတယ်

🤔 ဇွန်လ ၂၈ ရက်နေ့ ဘာလို့ ဒီလောက်အရေးကြီးတာလဲ?

ဒီနှစ် 2025 ရဲ့ Pi2Day မှာတော့ Pi Network ရဲ့ အနာဂတ်အတွက် အရမ်းကိုအရေးပါတဲ့ ကြေညာချက်တွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ်

အဲဒီထဲကမှ အဓိကအကျဆုံး အချက်တွေကတော့…

 

🤖 GenAI Integration

Pi Network ထဲကို Artificial Intelligence (AI) နည်းပညာတွေ ပေါင်းစပ်ထည့်သွင်းလာတာပါပဲ

ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ Pi App တွေကို AI သုံးပြီး ဖန်တီးနိုင်တော့မှာဖြစ်သလို၊ Developer မဟုတ်တဲ့ သာမန် User တွေတောင်မှ AI အကူအညီနဲ့ ကိုယ်ပိုင် App တွေဖန်တီးနိုင်မယ့် "Pi App Studio" လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ Platform တွေ ပါဝင်လာတာကို တွေ့ရမှာပါ။

……………………………………………..

👥 KYC Sync ဒုတိယလှိုင်း

နောက်ထပ်တစ်ခုကတော့ Pi Network User တွေအတွက် အရေးအကြီးဆုံးအဆင့်ဖြစ်တဲ့ KYC (Know Your Customer) အတည်ပြုခြင်းနဲ့ Mainnet Migration (တကယ့် Network ထဲကို ပြောင်းရွှေ့ခြင်း) ကို လူအများအပြားအတွက် ထပ်မံဖွင့်လှစ်ပေးလိုက်တာပဲဖြစ်ပါတယ်

ဒီတစ်ခေါက်မှာ Pioneerပေါင်း ၅ သိန်းကျော်အတွက် Migration ကို အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး၊ ဒါဟာ Pi Coin တွေကို တကယ်သုံးလို့ရမယ့် Mainnet ထဲကိုရောက်ဖို့ အခွင့်အလမ်းပိုများလာစေပါတယ်

💵 ဆိုတော့ ဒီအပြောင်းအလဲတွေက Pi Coin ဈေးနှုန်းနဲ့ Exchange တွေပေါ် ဘယ်လိုသက်ရောက်နိုင်မလဲ?

အခုလို GenAI နည်းပညာတွေပါဝင်လာပြီး၊ User အများအပြား Mainnet ထဲကိုရောက်လာတာကြောင့် Pi Network Ecosystem က ပိုပြီးခိုင်မာလာမှာပါ

ဒါက ရေရှည်မှာ Pi Coin ရဲ့တန်ဖိုးကို မြင့်တက်လာစေနိုင်တဲ့ အချက်တစ်ချက်ပါပဲ

နောက်ပြီး လောလောဆယ်မှာတော့ Pi Coin ရဲ့ဈေးနှုန်းက အတက်အကျတွေရှိနေသေးပေမဲ့  Binance လိုမျိုး ကမ္ဘာ့အကြီးဆုံး Exchange ကြီးတွေပေါ်မှာ List လုပ်ဖို့အတွက် Community ရဲ့ မျှော်လင့်ချက်တွေကတော့ အရင်ကထက်ပိုပြီး မြင့်တက်နေပါတယ်

ပြောရရင် Poll တွေအရလည်း ၈၅% က Binance မှာ List လုပ်ဖို့ ထောက်ခံထားပါတယ်

ဒါ့အပြင် US နဲ့ ကိုရီးယားက လုပ်ငန်းတချို့မှာ Pi Coin ကို သုံးနေပြီဆိုတဲ့ သတင်းတွေကလည်း Pi Network ရဲ့ Real-World Adoption ကိုပြသနေပါတယ်

နောက်ဆုံးပြောရရင် Pi2Day ကတော့ Pi Network ရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ ခြေလှမ်းသစ်တွေကို ချပြသွားတဲ့ နေ့တစ်နေ့လို့ ပြောလို့ရပါတယ်

ဆိုတော့ AI နည်းပညာတွေ၊ User တွေအတွက် ပိုမိုပွင့်လင်းလာတဲ့ အခွင့်အလမ်းတွေနဲ့အတူ Pi Network က ရှေ့ဆက်ပြီး ဘယ်လိုခရီးဆက်မလဲဆိုတာကိုတော့ ကမ္ဘာတစ်ဝှမ်းက "Pioneers" တွေနဲ့အတူ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြတာပေါ့

#pi #pi2days #GENAI

Link To Check

……………………………………………

🔴 Disclaimer ⚠️

Crypto မှာ ရင်းနှီးမြှုပ်နှံတာက တော်တော်လေးကို အန္တရာယ်များပါတယ်။ စျေးနှုန်းတွေက အရမ်းကို အပြောင်းအလဲမြန်တော့ ဆုံးရှုးနိုင်တဲ့ ပမာဏထက် ပိုပြီး မရင်းနှီးပါနဲ့ခင်ဗျာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် သေချာလေ့လာတာ အကောင်းဆုံးပါ။ ဒီဆောင်းပါးက ရင်းနှီးမြှုပ်နှံဖို အကြံပေးတာ မဟုတ်ပါဘူးနော်။ Crypto ရဲ့ စျေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပြီး မမျှော်လင့်တဲ့ အရာတွေလည်း ဖြစ်လာနိုင်လို သတိထားပြီး ရင်းနှီးမြှုပ်နှံဖို အရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့။