မကြာသေးခင်က Binance မှာ BNB ကိုင်ထားရုံနဲ့ LA Token တွေ Airdrop ရလိုက်ကြတယ်ဟုတ်? တချို့လည်း ဝယ်ထားကြမယ်။ ဒီတော့ ကိုယ့်လက်ထဲရောက်လာတဲ့ LA ဆိုတာကြီးက ဘာလဲ၊ ဘာလုပ်တဲ့ကောင်လဲ၊ အနာဂတ်မှာရော အလားအလာရှိရဲ့လားဆိုတာ ခေါင်းစားနေရင် ဒါကိုပဲဖတ်လိုက်ပါ။ လုံးဝရှင်းရှင်းလေးနဲ့ straight to the point ပဲ ပြောပြသွားပါမယ်။

🔵 Lagrange (LA) ဆိုတာ ဘာလဲ

ရှင်းရှင်းပြောရရင် Lagrange ဆိုတာက Blockchain တွေ ပိုမြန်မြန်အလုပ်တွေပြီးအောင် ကူပေးတဲ့ Project ပါပဲ။ ဥပမာအနေနဲ့ Ethereum  Blockchain မျိုးဆိုရင် Transaction တစ်ခုကို ပြီးအောင်လုပ်ဖို့ Data တွေမှန်မှန်အတည်ပြုရတာ ကြာတယ်။ ဒါကို Lagrange က Data တွေကို Off-Chain (အလွယ်ပြောရရင် Ethereum Blockchain မဟုတ်တဲ့‌နေရာ) ကို ယူသွားပြီး အမြန်အတည်ပြုပေးပြီးမှ ပြန်ပို့လိုက်တာမျိူးပဲ။ ဒါဆို ပုံမှန် မိနစ် (၂၀) လောက်ကြာမယ်ဆို စက္ကန့်ပိုင်း မိနစ်ပိုင်းနဲ့ ပြီးသွားရောပေါ့။ 

အရေးအကြီးဆုံးအချက်က Data တွေကို Zero-Knowledge Proofs (ZKPs) နည်းပညာသုံးပြီး မသိအောင်လုပ်ထားပေးတာပါ။ Off-Chain ပို့ပြီး အတည်ပြုသိတိုင်အောင် ဘာ Data တွေမှန်း မသိအောင်လုပ်ထားတယ်ဆိုတဲ့သဘောပဲ။ ဆိုတော့ Privacy အတွက် တော်တော်လေး ကောင်းတယ်။

🔵 LA Token နဲ့ ဘာတွေလုပ်လို့ရလဲ?

LA token က ဒီ network ရဲ့ အဓိက gas အဖြစ်ရော၊ reward အဖြစ်ရော သုံးပါတယ်

  • Fee ပေးဖို့

  • Reward ပေးဖို့

  • Stake လုပ်ဖို့သုံးပါတယ်။

    ဆိုတော့ သုံးစွဲမှုများလာလေလေ၊ LA token လိုအပ်ချက်ကလည်း များလာလေလေမို့ သူ့မှာ demand အလိုလိုရှိနေမှာပါ။

🔵 Tokenomics — Token တွေကို ဘယ်လိုခွဲထားလဲ?

  •  စုစုပေါင်း Token အရေအတွက် (Total Supply): 1 billion LA

  •  Inflation: Maximum Cap မရှိဘဲ တစ်နှစ်ကို ၄% လောက် တိုးမယ်

  •  Airdrop: စုစုပေါင်းရဲ့ ၁.၅% (15 million LA)  

  • ဈေးကွက်ထဲရောက်မယ့်အရေအတွက် (Circulating Supply): စစချင်း Launch လုပ်ခါစမှာ ၁၉.၃% (193 million LA) လောက်ရှိပါမယ်။

  • Marketing အတွက်: Listing လုပ်ပြီးချိန်မှာ ၅ သန်း၊ နောက် ၃ လအကြာမှာ နောက်ထပ် ၅ သန်း ထပ်ထုတ်ပါဦးမယ်။

    🔵 Binance Airdrop ကို ဘယ်လိုရခဲ့ကြတာလဲ?

ဒါကတော့ ပြီးသွားပြီဆိုပေမယ့် နောက်နောင်အတွက် ဗဟုသုတပေါ့။ ဇွန်လ ၂၂ ရက်နေ့ 00:00 UTC ကနေ ဇွန်လ ၂၅ ရက်နေ့ 23:59 UTC အတွင်းမှာ Binance Simple Earn (flexible ဖြစ်ဖြစ် locked ဖြစ်ဖြစ်) ဒါမှမဟုတ် On-Chain Yield ထဲမှာ BNB ထည့်ထားခဲ့တယ်ဆိုရင် ဒီ Airdrop ကို ရရှိခဲ့မှာပါ။ 

Binance က အဲ့ဒီရက်တွေအတွင်းမှာ အချိန်နဲ့အမျှ snapshot တွေရိုက်ပြီး ကိုယ့်ရဲ့ ပျမ်းမျှ BNB လက်ကျန်ပေါ်မူတည်ပြီး LA token တွေကို ကိုယ့်ရဲ့ Spot wallet ထဲ trading မစခင် အနည်းဆုံးတစ်နာရီအလို (July 9, 2025, 15:00 UTC) မှာ ထည့်ပေးခဲ့ပါတယ်။

(အဲ့ဒီရက်တွေမှာ Binance Earn product တွေထဲ BNB ကို HODL လုပ်ထားရုံပါပဲ။ တခြားဘာမှလုပ်စရာမလိုပါဘူး။)

🚨 Main Point ကတော့ ဒီလို Airdrop တွေရဖို့ Binance Account ရှိကိုရှိရမှာပါ 

Binance မှာ Trading လုပ်တိုင်း Trading Fee 20%  Lifetime Discount ရဖို့နဲ့… Member သီးသန့် လက်ဆောင်တွေရဖို့ 

👇🏼 ဒီ Link ကနေ Account ဖွင့်ပြီးတော့ပဲဖြစ်ဖြစ်...

https://accounts.binance.com/register?ref=R943VUML

 Referral Code - R943VUML …ကိုသုံးပြီးတော့ပဲဖြစ်ဖြစ် Binance Account ဖွင့်ထားဖို့ လိုပါတယ်ခင်ဗျာ…

Code မသုံးထားတဲ့ Account နဲ့ဆို ရေရှည်မှာ ကိုယ်ပေးရတဲ့ Trading Fee နဲ့တင် တိုက်ဆောက်လို့ရသွားမှာမို့လို့ Code သုံးပြီး ပြန်ဖွင့်တာ ပိုပြီးကောင်းပါတယ် ✌🏼 ဆို‌တော့ Project အကြောင်းဆက်တာပေါ့…

🔵 Lagrange(LA) က အနာဂတ်အလားအလာဘယ်လိုရှိလဲ (Invest သင့်လား)

သူ့ရဲ့‌အားသာချက်တွေကတော့ DeFi app တွေ၊ AI နဲ့ Nvidia, Intel, Polygon, ZKsync တို့လို နာမည်ကြီး player တွေကပါ သုံးနေတာရယ်၊ သူရဲ့ DeepProve နည်းပညာက အရင် zkML system အဟောင်းတွေထက် အဆ ၁၀၀ ကနေ ၁၀၀၀ အထိ ပိုမြန်တာရယ်၊ Community မှာ လူပေါင်း ၁သိန်းခွဲကျော် active ဖြစ်နေပြီး wallet တွေ၊ AI tool တွေနဲ့လည်း အများကြီးချိတ်ထားတာရှိနေတာတွေပါ။

⚠️ သတိထားရမှာတွေကတော့:

သူနဲ့ဆင်တူတဲ့ တခြား Project တွေ ဈေးကွက်ထဲမှာ အများကြီးရှိနေပါတယ်။ Token အရေအတွက်က အကန့်အသတ်မရှိတဲ့အတွက် project ရဲ့ တိုးတက်မှုက inflation ကိုမကျော်နိုင်ရင် တန်ဖိုးကျနိုင်ပါတယ်။

ဈေးနှုန်းမငြိမ်သက်မှုအနေနဲ့ကလည်း Listing လုပ်ပြီးပြီးချင်းမှာပဲ ဈေးက ~$0.676 ကနေ ~$0.416 အထိ ၃၂% လောက် ကျဆင်းခဲ့ပါတယ်။

ဆိုတော့ ဒီလိုဒီလို အားသာချက်နဲ့ သတိထားစရာလေးတွေရှိတယ်ပေါ့ဗျာ။ ဝယ်မဝယ်ကတော့ DYOR ပါဗျ

▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰

#HODLerAirdrop #la #LagrangeLA