ကျွန်တော်တို့ Crypto လောကမှာ "Airdrop" ဆိုတာက အလကားရတဲ့ ပိုက်ဆံလိုမျိုးဖြစ်လို့ ကိုယ့် wallet ထဲကို token အလကားတွေ ရောက်လာတာ ဘယ်သူမဆို သဘောကျကြတာပါပဲ
❗️ဒါပေမဲ့ အလကားရတိုင်းလည်း အကုန်မကောင်းနိုင်ပါဘူး
အခု 2025 လို Crypto လောက အရမ်းကို ရှုပ်ထွေးလာတဲ့အချိန်မှာ Airdrop အတုတွေ၊ Scam တွေက အရမ်းကို ပေါများလာပါတယ်
ဒီတော့ ကိုယ့်ဆီရောက်လာတဲ့ Airdrop တွေက အစစ်လား အတုလား ဘယ်လိုခွဲခြားမလဲ
မတော်တဆ လက်ခံလိုက်မိရင်ရော ကိုယ့်ပိုက်ဆံတွေအတွက် အန္တရာယ်ရှိလားဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ လူတိုင်း နားလည်လွယ်အောင် ရှင်းပြပေးသွားပါမယ်
Airdrop အတုတွေကို ဘယ်လိုခွဲခြားသိနိုင်မလဲ
Crypto Scammer တွေက နည်းလမ်းပေါင်းစုံနဲ့ လိမ်ညာဖို့ ကြိုးစားနေကြတော့ ကျွန်တော်တို့ကလည်း သတိရှိရှိနဲ့ ကာကွယ်သင့်ပါတယ်
ဒီတော့ Airdrop တစ်ခုက အတုဖြစ်နိုင်တယ် ဆိုတာကို ဒီအချက်တွေကနေ သိနိုင်ပါတယ်
📣 တရားဝင် မကြေညာထားခြင်း
Airdrop အစစ်အမှန်တွေက သူတို့ရဲ့ တရားဝင် Website, Twitter (X), Discord, Telegram Channel တွေမှာ သေသေချာချာ ကြေညာလေ့ရှိပါတယ်
ဘယ်နေရာမှာမှ ကြေညာထားတာမတွေ့ဘဲ ကိုယ့်ဆီ တန်းရောက်လာရင် သတိထားဖို့ လိုအပ်ပါတယ်
……………………………
🗝️ Private Key ဒါမှမဟုတ် Seed Phrase တောင်းခြင်း
ဒါကတော့ အရေးအကြီးဆုံးပါပဲ
ဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ့်ရဲ့ Private Key ဒါမှမဟုတ် Seed Phrase ကို တခြားသူကို လုံးဝ မပေးပါနဲ့
ဒါတွေဟာ 100% Scam ဖြစ်ပြီးတော့ တကယ့်Airdrop အစစ်တွေက ဒါတွေကို ဘယ်တော့မှ မတောင်းပါဘူး
…………………………..
💴 ပိုက်ဆံကြိုတောင်းခြင်း
Airdrop အစစ်တွေက အလကားပေးတာပါ
"Gas Fee" အတွက် ဘာညာ ဆိုပြီး တခြားအကြောင်းပြချက် တစ်ခုခုနဲ့ ပိုက်ဆံကြိုတောင်းရင် အဲ့ဒါ Airdrop အတုပါ။
…………………………
🌍 မသင်္ကာစရာ Webiste လိပ်စာ
ဒါကတော့ claim လုပ်ခိုင်းတဲ့ လင့်ခ်ရဲ့ URL ကို သေချာစစ်ဖို့ လိုအပ်ပါတယ်
စာလုံးပေါင်းမှားနေတာမျိုး (ဥပမာ - ".com" အစား ".xyz" ဖြစ်နေတာ)၊ စာလုံးအပိုတွေပါနေတာမျိုးဆိုရင် Scam ဖြစ်နိုင်ခြေများပါတယ်
…………………………
💰 လက်တွေ့မကျတဲ့ ဆုကြေးတွေ
ဒေါ်လာ ၂,၀၀၀ တန်ဖိုးရှိတဲ့ Token ကိုချက်ချင်း ယူလိုက်ပါ " ဆိုတာမျိုး၊ မဖြစ်နိုင်လောက်အောင် များပြားတဲ့ ပိုက်ဆံတွေနဲ့ မက်လုံးပေးလာရင်လည်း ဒါဟာ Scam ဖြစ်နိုင်လို့ သေချာသတိထားပါ
ကိုယ့် Wallet ထဲ ရောက်လာတဲ့ Airdrop တွေကို လက်ခံတာ အန္တရာယ်ကင်းရဲ့လား
ဒီမေးခွန်းရဲ့အဖြေကတော့ နည်းနည်းရှုပ်ထွေးပေမဲ့ ယေဘုယျအနေနဲ့ ကိုယ့် Wallet ထဲကို Token တွေ အလိုလိုရောက်လာတာက ဘာမှအန္တရာယ်မရှိပါဘူး
အဲ့ဒီ Token တွေကို ကိုယ်က ဘာမှသွားမလုပ်ဘဲ ကိုယ့် Wallet ကို သူတို့ဘာမှလုပ်လို့မရပါဘူး
ဒါပေမဲ့ အဲ့ဒီ Token တွေကို ကိုယ်က သွားပြီး "Interact" လုပ်တဲ့အခါမှာတော့ အန္တရာယ်ရှိလာပါပြီ
ဥပမာ -
⛓️ Scam Website တွေနဲ့ ချိတ်ဆက်မိခြင်း:
Airdrop ကနေရတဲ့ Token အတုတွေကို တန်ဖိုးကြီးတဲ့ တခြား Token တွေနဲ့ လဲလှယ်ပေးမယ်ဆိုပြီး လိမ်လည်တဲ့ DApp တွေ၊ Website တွေဆီကို ဝင်ရောက်ပြီး ကိုယ့် Wallet ကို ချိတ်ဆက်လိုက်မိရင် Wallet ထဲက ပိုင်ဆိုင်မှုတွေကို ခိုးယူသွားနိုင်ပါတယ်။
🔓 Token Approval လုပ်ခိုင်းခြင်း
တချို့ Scam Token တွေက သူတို့ကိုရောင်းဖို့ ဒါမှမဟုတ် သုံးဖို့အတွက် Wallet မှာ "Approval" တောင်းပါလိမ့်မယ်
ဒီလို Permission ပေးလိုက်တာဟာ သူခိုးကို အိမ်သော့ပေးလိုက်သလိုပါပဲ
Wallet ထဲက ပိုက်ဆံတွေကို သူတို့ကြိုက်သလို ထုတ်သွားနိုင်ပါတယ်။
ဆိုတော့ အကောင်းဆုံးအကြံပေးရရင် ကိုယ်မသိတဲ့ Token တွေ ကိုယ့် Wallet ထဲ ရောက်လာရင် လုံးဝ လျစ်လျူရှုထားလိုက်ပါ
ဘာမှသွားမလုပ်ပါနဲ့ဘဲ ဖျက်လို့မရရင်လည်း ဒီအတိုင်းပဲ ထားလိုက်ပါ
အဲ့ဒါ အလုံခြုံဆုံးပါပဲ
…………………………….
✅ ဒါပေမဲ့ Binance Mega Drop မှာတော့ လုံခြုံစိတ်ချရတဲ့ Airdrop တွေရှိတဲ့ အပြင် အဲ့ဒီက Airdrop တွေကလည်း Scam လုံးဝမပါဘဲ ကိုယ့်အတွက် Token အလကားရနိုင်တဲ့ အခွင့်အရေးတွေပါပဲ
https://www.binance.com/en/megadrop
ဒါကြောင့် ဒါကို လုံးဝ လက်လွှတ်မခံလိုက်ပါနဲ့
🔴 Disclaimer ⚠️
Crypto မှာ ရင်းနှီးမြှုပ်နှံတာက တော်တော်လေးကို အန္တရာယ်များပါတယ်။ စျေးနှုန်းတွေက အရမ်းကို အပြောင်းအလဲမြန်တော့ ဆုံးရှုးနိုင်တဲ့ ပမာဏထက် ပိုပြီး မရင်းနှီးပါနဲ့ခင်ဗျာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် သေချာလေ့လာတာ အကောင်းဆုံးပါ။ ဒီဆောင်းပါးက ရင်းနှီးမြှုပ်နှံဖို အကြံပေးတာ မဟုတ်ပါဘူးနော်။ Crypto ရဲ့ စျေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပြီး မမျှော်လင့်တဲ့ အရာတွေလည်း ဖြစ်လာနိုင်လို သတိထားပြီး ရင်းနှီးမြှုပ်နှံဖို အရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့။