*အချိန်နဲ့တပြေးညီခြေရာခံတယ် (Real-Time Tracking) ဆိုတာဘာလဲ?


သင့်အနေနဲ့ ရန်ကုန်ကနေဘန်ကောက်ကို ခရီးသွားဖို့စီစဉ်နေပြီး လေယာဉ်လက်မှတ်ဝယ်ယူဖို့ လေယာဥ်ဈေးနှုန်းကို အချိန်တိုင်းစောင့်ကြည့်နေတယ်ဆိုပါစို့။

ပုံမှန်အားဖြင့် လက်မှတ်တစ်စောင်ကို ဒေါ်လာ 200 ခန့် ပေးရတယ်လို့သိထားပေမယ့် 24 နာရီအတွင်းသာအကျုံးဝင်မယ့် အထူးလျှော့စျေး (flash sale) ကြောင့် ရုတ်တရက် လက်မှတ်ဈေးနှုန်း ဒေါ်လာ 150 အထိ ကျဆင်းသွားတဲ့အချိန်မှာသာ သင့်အနေနဲ့ အချိန်နဲ့တစ်ပြေးညီ ဈေးနှုန်းတွေကို စောင့်ကြည့်နိုင်တဲ့ Mobile App ဒါမှမဟုတ် Website (ဥပမာ- Skyscanner, Google Flights) တစ်ခုခုကို အသုံးပြုနေခဲ့မယ်ဆိုရင် ဈေးနှုန်းလျှော့ချလိုက်တာကို ချက်ချင်းသိရှိပြီး သတ်မှတ်ထားတဲ့အချိန်မကုန်ခင် အဆိုပါလက်မှတ်ကိုဝယ်ယူလိုက်နိုင်မှာဖြစ်ပါတယ်။

အကယ်လို့ အဲလိုမဟုတ်ဘဲ လေယာဉ်လက်မှတ် ဈေးနှုန်းတွေ တက်တော့မယ်လို့ သတင်းအချက်အလက်တွေ (ဥပမာ- ရာသီဥတုအပြောင်းအလဲ သို့မဟုတ် ရုံးပိတ်ရက်နီးလာခြင်း) အရ သိရှိရတယ်ဆိုရင်လည်း ထိုနည်း၎င်းပဲ ဈေးနှုန်းစတင်မြင့်တက်လာတာကို ချက်ချင်းသိရှိပြီး ဈေးနှုန်းတွေပိုမိုမတက်ခင် အသင့်တော်ဆုံးအချိန်မှာ လက်မှတ်ကိုဝယ်ယူလိုက်နိုင်မှာဖြစ်ပါတယ်။

ဒီနည်းနဲ့ သင်ဟာ လေယာဉ်လက်မှတ်ဖိုး ဒေါ်လာ 50 အထိ သက်သာခွင့်ရရှိသွားနိုင်သလို နောက်ပိုင်းမှာ ဈေးပိုပေးရမယ့် အခြေအနေကနေလည်း ရှောင်ရှားနိုင်မှာဖြစ်တာကြောင့် အချိန်နဲ့တပြေးညီခြေရာခံတာက ရုတ်တရက်ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေကို လက်လွတ်မခံရအောင် ကူညီပေးနိုင်ပြီး နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုပါ ရှောင်ရှားနိုင်စေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။

*အချိန်နဲ့တပြေးညီခြေရာခံခြင်းရဲ့အရေးပါမှု


Cryptocurrency ဈေးကွက်မှာလည်း အလားတူပဲ အချိန်နဲ့တပြေးညီခြေရာခံခြင်းက ဈေးနှုန်းတွေမြင့်တက်လာမယ့်အလားအလာကို ကြိုတင်သိရှိပြီး စောစီးစွာဝယ်ယူခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ အကျိုးအမြတ်ကို ရရှိစေနိုင်သလို ဈေးနှုန်းတွေရုတ်တရက်ကျဆင်းချိန်မှာလည်း ဆုံးရှုံးမှုကိုလျှော့ချဖို့အတွက် အချိန်မီရောင်းထုတ်နိုင်စေတာကြောင့် ရင်းနှီးမြှုပ်နှံမှုအန္တရာယ်ကို ထိရောက်စွာစီမံခန့်ခွဲနိုင်စေပါတယ်။


Cryptocurrency ဈေးကွက်ဆိုတာက မတည်ငြိမ်မှု‌တွေများပြားပြီး စျေးနှုန်းတွေအနေနဲ့လည်း အချိန်တိုအတွင်း အတက်အကျအပြောင်းအလဲမြန်ဆန်တာကြောင့် မတည်ငြိမ်တဲ့စျေးကွက်တစ်ခုက Cryptocurrency စျေးနှုန်းတွေကို အချိန်နဲ့တစ်ပြေးညီခြေရာခံဖို့ မရှိမဖြစ်လိုအပ်သလို အချိန်နဲ့တစ်ပြေးညီ ခြေရာခံခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှာဖြစ်ပြီးတော့ စျေးကွက်အခြေအနေတွေကိုလည်း လျင်မြန်စွာတုံ့ပြန်နိုင်မှာဖြစ်ပါတယ်။


ဒါ့အပြင် Crypto စျေးကွက်က ကုန်သွယ်ရေးအတွက် အချိန်သတ်မှတ်ချက်မရှိဘဲ 24 နာရီပတ်လုံး လည်ပတ်နေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေကို ကမ္ဘာ့မည်သည့်နေရာကနေမဆို အချိန်မရွေးအရောင်းအဝယ်ပြုလုပ်လို့ရစေနိုင်တယ်ဆိုပေမယ့် ဒီအချက်ကြောင့်ပဲ မိမိအိပ်ပျော်နေချိန်မှာတောင် စျေးနှုန်းသိသာစွာပြောင်းလဲသွားနိုင်တဲ့အတွက် စျေးကွက်အပေါ် အချိန်နဲ့တစ်ပြေးညီ ခြေရာခံဖို့ မရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်။

*အချိန်နဲ့တပြေးညီခြေရာခံတာက ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွေကို ဘယ်လိုပံ့ပိုးပေးလဲ?


အချိန်နဲ့တစ်ပြေးညီ Crypto စျေးနှုန်းတွေကိုခြေရာခံတာက ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်ပြီးတော့ စျေးကွက်အပြောင်းအလဲတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနေခြင်းက စျေးကွက်ပြောင်းလဲမှုတွေ (market shifts) ကို လျင်မြန်စွာတုံ့ပြန်နိုင်စေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကို market ထဲ အဝင်အထွက် (smarter entry and exit points) မှန်မှန်ကန်ကန် သတ်မှတ်နိုင်စေဖို့ကူညီပေးပြီး ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေပါတယ်။


ဥပမာအားဖြင့် Crypto စျေးနှုန်းတွေကိုခြေရာခံပြီး စျေးနှုန်းမကျဆင်းမီ (downtrend) ရင်းနှီးမြှုပ်နှံမှုတွေကို ရောင်းချတာ ဒါမှမဟုတ် စျေးနှုန်းမတက်ခင် (uptrend) ဝယ်ယူတာတို့ ပြုလုပ်နိုင်တဲ့အပြင် real-time data တွေက နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု (technical analysis) ပြုလုပ်ရာမှာလည်း များစွာအထောက်အကူပြုတဲ့အတွက် စျေးနှုန်းပြောင်းလဲမှုပုံစံတွေကို ဖော်ထုတ်နိုင်ခြင်းဖြင့် အနာဂတ်စျေးနှုန်းခန့်မှန်းချက်တွေအတွက် အထောက်အကူရရှိနိုင်စေမှာဖြစ်ပါတယ်။


နိဂုံးချုပ်အားဖြင့်ဆိုရရင် မတည်ငြိမ်တဲ့ Cryptocurrency စျေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ ရှင်သန်နိုင်ဖို့ဆိုရင် အချိန်နဲ့တပြေးညီ စျေးနှုန်းတွေကိုခြေရာခံဖို့ မရှိမဖြစ်လိုအပ်ပြီး ဈေးနှုန်းတွေကိုစောင့်ကြည့်ဖို့အတွက် တိကျတဲ့အချက်အလက်တွေ၊ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ဇယားတွေနဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေကိုပံ့ပိုးပေးတဲ့ Binance လို platform တွေကို ရွေးချယ်ဖို့အရေးကြီးသလို အချိန်နဲ့တစ်ပြေးညီ အချက်အလက်တွေရရှိခြင်းအားဖြင့် စျေးကွက်ပြောင်းလဲမှုတွေကို လျင်မြန်စွာတုံ့ပြန်ကာ ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွေချမှတ်နိုင်မှာဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို ပိုမိုထိရောက်စွာစီမံခန့်ခွဲစေနိုင်မှာပဲ ဖြစ်ပါတယ်။


Binance Account ဖွင့်ရန်