Binance Alpha Points ဆိုတာက Users တွေအတွက် early-stage Web3 opportunities တွေမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းသစ်တစ်ခုဖြစ်ပြီးတော့ Airdrop ဒါမှမဟုတ် Token Launch (TGE) တွေမှာ ဘယ်သူတွေပါဝင်ခွင့်ရရှိမလဲဆိုတာကို ဆုံးဖြတ်ပေးတဲ့အပြင် မိမိရရှိမယ့် rewards ပမာဏကိုပါသတ်မှတ်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။
ဆိုလိုတာက မိမိမှာ Binance Alpha Points များများပိုင်ဆိုင်လေ လာမယ့် Web3 project တွေရဲ့ Airdrop တွေနဲ့ Token အစောပိုင်းရောင်းချပွဲတွေမှာ ပါဝင်ခွင့်ရဖို့ အခွင့်အလမ်းပိုများလေဖြစ်ပြီး ရရှိမယ့် rewards ပမာဏဟာလည်း ပိုများနိုင်မှာဖြစ်ပါတယ်။
Alpha Points ဆိုတာဘာလဲ?
Alpha Points တွေဆိုတာ Binance Alpha Ecosystem အတွင်းမှာ မိမိဘယ်လောက်ပါဝင်ပတ်သက်နေလဲဆိုတာကိုပြသတဲ့ မှတ်တမ်းလို့ဆိုနိုင်ပြီး ဒီလိုပါဝင်ပတ်သက်မှုကို Trading လုပ်ဆောင်တာတွေ Token ကိုင်ဆောင်တာတွေအပါအဝင် Binance Wallet က Web3 လှုပ်ရှားမှုတွေနဲ့ တိုင်းတာလေ့ရှိပါတယ်။
အဆိုပါ Points တွေကိုတော့ 15 ရက် တောက်လျှောက်တွက်ချက်တဲ့စနစ်နဲ့ တိုင်းတာတာဖြစ်တဲ့အတွက် မိမိရရှိတဲ့ စုစုပေါင်း Points ဟာ 15 ရက်အတွင်းက မိမိရဲ့ Volume နဲ့ Balance ပေါ်မှာ မူတည်နေမှာဖြစ်သလို 15 ရက် ကျော်သွားတိုင်း အရင်ရက်တွေရဲ့အချက်အလက်တွေအနေနဲ့ တွက်ချက်မှုကနေဖယ်ရှားခံရကာ နောက်ထပ်ရက်သစ်ရဲ့ အချက်အလက်တွေ အစားထိုးဝင်ရောက်လာမှာ ဖြစ်တဲ့အတွက် သက်တမ်းမကုန်ခင်တော့ အသုံးပြုဖို့လိုအပ်ပါလိမ့်မယ်။
Alpha Points ဘယ်လိုရယူမလဲ?
1. Balance Points (နေ့စဉ် ပိုင်ဆိုင်မှုတန်ဖိုး): 15 ရက်အတွင်း မိမိရဲ့ Binance account မှာ ရှိတဲ့ Token တွေရဲ့ လက်ကျန်ပမာဏကို ထည့်သွင်းတွက်ချက်တာဖြစ်ပါတယ်။
* $100 – $999 = တစ်ရက်လျှင် 1 point
* $1K – $9.9K = တစ်ရက်လျှင် 2 points
* $10K – $99K = တစ်ရက်လျှင် 3 points
* $100K+ = တစ်ရက်လျှင် 4 points
2. Volume Points (Alpha Tokens စုဆောင်းဝယ်ယူမှု): 15 ရက်အတွင်း မိမိဘယ်လောက် Alpha Token တွေမှာ ဝယ်ယူမှုပြုလုပ်ခဲ့လဲဆိုတာကို ထည့်သွင်းတွက်ချက်တာဖြစ်ပါတယ်။
* $2 = 1 point
* $4 = 2 points
* $8 = 3 points
* နှစ်ဆတိုးတိုင်း +1 point (ဥပမာ: $512 = 9 points)
ဒါပေမယ့် Alpha Points တွေတွက်ချက်တဲ့အခါ Binance Wallet ဒါမှမဟုတ် Binance Exchange ကနေ တစ်ဆင့်ဝယ်ယူတဲ့ Alpha Token တွေသာ အကျုံးဝင်တာဖြစ်တဲ့အတွက် အခြား Wallet တွေဆီကနေ ပြောင်းရွှေ့ထားတဲ့ Token တွေနဲ့ စာရင်းမတင်ရသေးတဲ့ Token တွေကတော့ အကျုံးဝင်မှာမဟုတ်ပါဘူး။
Alpha Points ကို ဘယ်လိုအသုံးပြုမလဲ?
Alpha Points တွေကို Megadrop Events, TGEs နဲ့ Alpha Airdrops တွေမှာအသုံးပြုလို့ရနိုင်ပြီးတော့ ဒီ Event တွေမှာပါဝင်ဖို့ဆိုတာက မဖြစ်မနေလုပ်ရမယ့်အရာတစ်ခုမဟုတ်ဘဲ မိမိစိတ်ဝင်စားမှသာ ပါဝင်နိုင်မှာဖြစ်တဲ့အပြင် Alpha Points တွေဆိုတာက Event တွေမှာပါဝင်ရုံနဲ့ ကိုယ့်မှာရှိတဲ့ Points တွေလျော့သွားတာမျိုးမဟုတ်ဘဲ Event တစ်ခုမှာပါဝင်ပြီး ရရှိလာတဲ့ rewards တွေကို Claim လုပ်တဲ့အချိန်မှသာ မိမိရဲ့ Alpha Points တွေ လျော့သွားတာဖြစ်တဲ့အတွက် မိမိအနေနဲ့ ကိုယ်မပါဝင်ချင်တဲ့ Events မှာ ပါလိုက်မိလို့ဆိုပြီးတော့စိတ်ပူနေဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာတစ်ခုရှိတာက မိမိရရှိထားတဲ့ Alpha Points တွေကို 15 ရက်အတွင်း မသုံးရင်တော့ အလိုအလျောက်ပျက်သွားမှာ ဖြစ်တဲ့အတွက် အမြဲတမ်းအသုံးပြုနေဖို့ လိုအပ်မှာပဲဖြစ်ပါတယ်။
* Snapshot Time: နေ့စဉ် 23:59:59 UTC
* Airdrops: Claim လုပ်ပြီး 1-2 ရက်အတွင်း ထည့်သွင်းပေးပါလိမ့်မယ်။