Bitcoin၊ Ethereum၊ USDT၊ DOGE စသဖြင့် crypto နဲ့ပတ်သက်တဲ့အရာတခုခုအကြောင်းပြောကြပြီဆိုရင် စကားလမ်းကြောင်းတဝက်မပြည့်ခင်မှာ Binance ရဲ့အကြောင်း ပါဝင်လာတတ်ပါတယ်။

“Bitcoin ဝယ်ချင်တာလား? Binance မှာရတယ်လေ”
“USDT အရောင်းအဝယ်လုပ်ချင်လို့လား? Binance မှာ P2P ရှိတယ်လေ”
“Crypto တွေနဲ့ လောင်းကစားလုပ် အဲ Futures trading လုပ်ချင်တာလား?” “Binance ရှိတယ်လေ”

စသဖြင့် crypto နဲ့ပတ်သက်တဲ့ စကားဝိုင်းတွေမှာ Binance အကြောင်း မပါမဖြစ် ဖြစ်လာရလောက်အောင် Binance ရဲ့ လွှမ်းမိုးထားနိုင်မှုဟာ crypto industry ထဲမှာ ကြီးလှပါတယ်။ အထူးသဖြင့် အရှေ့တိုင်းဈေးကွက်တွေမှာ Binance ရဲ့ လွှမ်းမိုးမှုက ပိုကြီးပြီးတော့ အခြား exchange တွေနဲ့ Binance ရဲ့ကြားမှာလည်း ကိန်းဂဏန်းကွာဟချက်အများကြီးနဲ့ ဖြတ်ချထားနိုင်ပါတယ်။
.
ဒီလိုဖြတ်ချထားနိုင်တယ်ဆိုပေမယ့် Binance ဟာ တနေရာတည်းမှာ ရပ်နေတာမျိုး မဟုတ်ဘဲ development တွေအများကြီး ဆက်လုပ်နေပါတယ်။ Trend တွေနောက်လည်း အဆက်မပြတ်လိုက်နေသလို product အသစ်တွေကိုလည်း တခုပြီးတခု ထုတ်ပြလာနိုင်တာကတော့ ချီးကျူးဖို့ အတော်ကောင်းပါတယ်။ ဒါပေမယ့် တချို့ product တွေကတော့ အချိန်တခုမှာပဲ လူသိများခဲ့ပြီး ရေရှည်ဆက်မသွားနိုင်တာကိုတော့ သိပ်အားမရလှပါဘူး။
ဒါကလည်း Binance ရဲ့ မူအပြောင်းအလဲတွေ၊ product အသစ်ကို ဦးစားပေးရတာမျိုးတွေကြောင့် ဖြစ်နိုင်ပြီး user တွေကို ထိခိုက်မှုမရှိခဲ့တာကြောင့် အပြစ်သိပ်ဆိုလို့မရပြန်ပါဘူး။ Binance ရဲ့ ကိန်းဂဏန်းတွေထဲတခုကို ထုတ်ပြောရမယ်ဆိုရင် Binance Futures trading ကို ကြည့်လို့ရပါတယ်။ Binance ပေါ်မှာ အတော်များများသုံးဖြစ်ကြတဲ့ Futures trading ဟာ 2025 ခုနှစ်မှာလည်း ရွှေထီးဆောင်းနေမြဲပါ။

Future Trading

2025 ခုနှစ် April လမှာ Binance ရဲ့ Futures trading volume ဟာ $1.04 trillion အထိ ရောက်ခဲ့ပြီး ရှေ့လတွေတုန်းက စံချိန်တွေဖြစ်တဲ့ February မှာ $962 billion volume နဲ့ March မှာ $683 billion volume တွေကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် 2025 ခုနှစ်ရဲ့ ပထမဆုံးလလည်းဖြစ်သလို Trump တယောက် US သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး crypto နယ်ပယ်ထဲမှာ အပြောင်းအလဲကြီးကြီးမားမားတွေဖြစ်လာနိုင်မယ်လို့ ခန့်မှန်းခဲ့ကြတဲ့ January လမှာတော့ Futures trading volume ဟာ $1.08 trillion အထိတောင် ရောက်ခဲ့ပါတယ်။
ဒါဟာ ဒေသတွင်းပြိုင်ဖက် exchange တွေနဲ့ ထက်ဝက်လောက်ကွာနေတာကြောင့် အပြတ်အသတ်ဖြတ်ထားနိုင်တဲ့သဘောပါပဲ။
.
ဈေးကွက်လွှမ်းမိုးနိုင်မှုအရ ပြန်ကြည့်မယ်ဆိုရင်လည်း 2025 ခုနှစ်ရဲ့ ပထမ 3 လပတ်မှာ ကမ္ဘာတဝှမ်းလုံးက derivatives trading ဈေးကွက်ရဲ့ 30.3% ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။
Futures တင်မကပါဘူး။ Spot မှာဆိုရင်လည်း 2025 ခုနှစ်ရဲ့ ပထမ 3 လပတ် data တွေအရ ကမ္ဘာ့ crypto spot market ရဲ့ 45% ကိုလွှမ်းမိုးထားနိုင်ပြီး ကမ္ဘာမှာ အကြီးဆုံး crypto exchange ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းထားနိုင်ဆဲပါ။
ဒါဆိုရင် trader တွေအနေနဲ့ ဘာလို့ Binance ကို ရွေးချယ်ကြတာပါလဲ? မြန်မာ trader တွေရဲ့ အမြင်ကိုလည်း သိချင်တာကြောင့် comment မှာ ဆွေးနွေးပေးသွားကြပါဦး။
.
ကျနော်တို့အမြင်အရဆိုရင်တော့ ယုံကြည််မှုတခုနဲ့စခဲ့ပြီးနောက် သုံးရင်းနဲ့ အဆင်ပြေတာကြောင့် ဆက်သုံးဖြစ်နေတာမျိုး ဖြစ်နိုင်ပါလိမ့်မယ်။ Binance ပေါ်မှာ token အတော်များများကို pair အစုံနဲ့ trade လို့ရနိုင်ပြီးတော့ Binance ပေါ်မှာ မရှိတဲ့ လူကြိုက်များတဲ့ crypto ဆိုတာ မရှိသလောက်ရှားပါတယ်။
ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး exchange ဖြစ်တာကြောင့် liquidity ကလည်း ပြောစရာမလိုအောင် တောင့်တင်းပြီး အခြား အသေးစားအချက်တွေဖြစ်တဲ့ UI/UX ပိုင်းတွေ၊ customer service ပိုင်းတွေကလည်း အဆင့်အတန်းတခုမှာ ရှိနေတာကြောင့် ရွေးချယ်ဖြစ်ကြတယ်လို့ သုံးသပ်မိပါတယ်။

စည်းမျဥ်းစည်းကမ်း

အခုနောက်ပိုင်းမှာဆိုရင်လည်း Binance အနေနဲ့ အစိုးရတွေနဲ့ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာတွေမှာ အရင်ကထက် ပူးပေါင်းမှုတွေ ပိုတွေ့လာရတာကြောင့် အစိုးရတွေရဲ့ ယုံကြည်မှုကိုရော၊ user တွေရဲ့ ယုံကြည်မှုကိုပါ ပိုပြီး ရယူလာနိုင်ပါတယ်။
.
အချုပ်ဆိုရရင်တော့ Binance ဟာ စတည်ထောင်ပြီး သိပ်မကြာခင်မှာတင် ကမ္ဘာ့အကြီးဆုံး crypto exchange ဆိုတဲ့နေရာကို ရောက်လာခဲ့သလို အခု 8 နှစ်ပြည့်ပြီးတဲ့အထိကို ကမ္ဘာ့အကြီးဆုံး crypto exchange တခုအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်နေဆဲပါ။ ဒါကြောင့် Binance ပြိုလဲဖို့ဆိုတာ အတော်ခဲယဉ်းပြီး ဒီအချက်ကြောင့်လည်း trader တွေအနေနဲ့ Binance ပေါ်မှာ trading ကို ယုံယုံကြည်ကြည်နဲ့ လုပ်နိုင်နေကြတာြဖစ်ပါလိမ့်မယ်။ ဒါပေမယ့် Binance ပြိုလဲဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ဆိုလိုတာမျိုးမဟုတ်သလို ဗဟိုချုပ်ကိုင်မှုရှိနေသရွေ့၊ အစိုးရအပြောင်းအလဲတွေ၊ ဥပဒေအပြောင်းအလဲတွေ ရှိနေသရွေ့ ဘာမဆိုဖြစ်သွားနိုင်တာကြောင့် exchange ကို exchange လိုပဲ သုံးစွဲကြဖို့ကိုတော့ အကြံပြုလိုပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL