Binance မှာ July လရဲ့ နောက်ဆုံး HODLer Airdrop အဖြစ် Treehouse project ကို မိတ်ဆက်သွားခဲ့ပါတယ်။ Treehouse ဆိုလို့ ဖန်လုံအိမ်တို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို decentralized ပုံစံနဲ့ သွားတာမျိုးလားလို့ ထင်ခဲ့ပေမယ့် တကယ်တော့ မဟုတ်ပါဘူး။
ပုံသေ အမြတ်ရသွားနိုင်မယ့် DeFi Project
Decentralized fixed-income ဆိုတဲ့ DeFi (Decentralized Finance) layer တခုဖြစ်ပြီး DeFi ပေါ်ကနေ အတိုးနှုန်းတွေအလွယ်တကူဖြန့်ဝေလို့ရအောင်၊ stake လို့ရနိုင်အောင် ဖန်တီးပေးထားတဲ့ layer တခုပါ။ Blockchain တွေပေါ်ကနေ အတိုးနှုန်းတွေကို အခြား yield farming platform တွေထက် ပိုပြီး တည်တည်ငြိမ်ငြိမ်၊ မှန်မှန်ကန်ကန်နဲ့ လည်ပတ်နိုင်အောင် ဖန်တီးပေးဖို့က Treehouse ရဲ့ အဓိကရည်ရွယ်ချက်ပါ။
.
Treehouse ecosystem မှာ ပါဝင်ကြသူတွေအနေနဲ့ GoNuts program ကနေတဆင့် tAsset ဆိုတာတွေကို ကိုင်ထားတာ၊ campaign တွေမှာ ပါဝင်၊ refer တွေခေါ်ပေးတာနဲ့ အခြား badge တွေ ရယူတာကနေ airdrop တွေရနိုင်ဦးမှာဖြစ်သလို လူတယောက်တည်းကနေ airdrop တွေအများကြီးယူနေတာမျိုးမဖြစ်အောင်လည်း sybil ခံထားပါသေးတယ်။
.
ဒါ့အပြင် TSC (Treehouse Squirrel Council) NFT တွေကိုင်ထားပြီးတော့လည်း NFT တခုကို 500 TREE ရနိုင်ပြီးတော့ အခုချိန်မှာဆိုရင် 500 TREE ဟာ $200 လောက်တန်ကြေးရှိနေပါတယ်။
Tree ဆိုတာဘာလဲ?
TREE ဆိုတာကတော့ Treehouse ရဲ့ native token ဖြစ်ပြီး Treehouse ရဲ့နေရာတိုင်းမှာ အသုံးပြုလို့ရနိုင်မှာပါ။ Total supply ကတော့ 1 billion ရှိပြီး Binance ပေါ်မှာ list ပြီးနောက် circulating supply ကတော့ 156.12 million ရှိနေပါတယ်။
Treehouse ရဲ့ funding ကတော့ $20.4 million ရှိပြီး Binance Labs၊ Wintermute တို့အပါအဝင် crypto နယ်ပယ်ထဲက ရင်းနှီးမြှုပ်နှံသူအတော်များများက ပါဝင်ရင်းနှီးမြှုပ်နှံထားကြပါတယ်။
.
Binance HODLer Airdrop တွေဟာ user တွေကို surprise တိုက်တာဖြစ်ပြီး Simple Earn product တွေထဲမှာ BNB အမြဲ stake ထားသူတွေအတွက် လက်ဆောင်တခုလိုပါပဲ။ အခု TREE အတွက် airdrop တွက်ပုံကတော့ July လ 10 ရက်နေ့ကနေ 13 ရက်နေ့အတွင်း Simple Earn product တွေထဲ BNB stake ထားသူတွေကို airdrop ပေးသွားခဲ့တာပါ။ ဒါကြောင့် HODLer Airdrop လိုချင်ရင် BNB တွေကို Simple Earn ထဲ ထည့် HODL ထားရုံကလွဲပြီး ဘာမှလုပ်စရာမလိုပါဘူး။
.
ဒီတခေါက်မှာ BNB တွေ Simple Earn ထဲ မထည့်ထားမိလို့ TREE မရလိုက်သူတွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့။ အခုတည်းက BNB တွေကို Flexible ဒါမှမဟုတ် Locked Staking တွေထဲ ထည့်ထားရင်း နောက်တခါ HODLer airdrop အတွက် ကြိုတင်ပြင်ဆင်လို့ရသလို Megadrop ရော၊ Launchpool တွေရောအတွက်ပါ တခါတည်း ပြင်ဆင်ပြီးသားဖြစ်သွားမှာပါ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL