2025 ခုနှစ်ဟာ crypto တွေ တခေတ်ပြန်ထလာတဲ့ခေတ်လို့ ဆိုနိုင်ပါတယ်။ US သမ္မတ Trump ရဲ့ အားပေးထောက်ခံမှုတွေနဲ့အတူ US Bitcoin Reserve တွေ၊ stablecoin ဥပဒေတွေ၊ crypto ဥပဒေတွေ ထွက်လာပြီးတော့ စီးပွားရေးလုပ်ငန်းကြီးတွေကလည်း Bitcoin အပါအဝင် cryptocurrency တွေမှာ ရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စားလာကြပါတယ်။ US ရဲ့ လွှမ်းမိုးမှုရှိနေတဲ့ နိုင်ငံအတော်များများမှာလည်း Bitcoin reserve တွေ ဝယ်ကိုင်ထားဖို့ အဆိုပြုချက်တွေ ရှိလာနေပြီး crypto ပိုင်းနဲ့ပတ်သက်တဲ့ ဥပဒေတွေကို အာရုံစိုက်လာနေကြပါတယ်။

မလွယ်သော်လည်း မခက်ပါဘူး

မြန်မာရဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေဟာဆိုရင်လည်း နှစ်အနည်းငယ်အတွင်းမှာတင် crypto နဲ့ပတ်သက်တဲ့ တိုးတက်မှုတွေ အတော်များများကို ဖော်ဆောင်လာနိုင်နေတာမြင်ရတာကြောင့် ကိုယ့်နိုင်ငံက အုပ်ချုပ်သူ အသုံးမကျလို့ ဥပဒေရေးရာ ရှေ့မဆက်နိုင်ဘူးဆိုရင်တောင် တကိုယ်ရည် crypto ဗဟုသုတဝမ်းစာကိုတော့ လက်လှမ်းမှီသလောက် လေ့လာပြီး ဖြည့်ထားလို့ရနိုင်ပါတယ်။ Crypto လေ့လာတဲ့အခါမှာလည်း အကုန်လုံးကို သိနားလည်ဖို့ ကြိုးစားနေတာမျိုးထက် အဓိကကျတဲ့အချက်တွေ၊ ကိုယ်စိတ်ဝင်စားတဲ့အချက်တွေကိုပဲ နားလည်အောင်လေ့လာဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ crypto ဆိုတာကြီးက ရှုပ်ထွေးလိုက်တာဆိုတဲ့ အတွေးတွေနဲ့ ခေါင်းမူးပြီး စိတ်ပျက်အားလျော့သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဘာတွေသိထားရမလဲ

ပထမဆုံးအချက်ကတော့ CEX နဲ့ DEX တွေကို ကွဲကွဲပြားပြား သိထားဖို့ လိုပါတယ်။ CEX (Centralized Exchange) ဆိုတာကတော့ အခု မြန်မာမှာ လူသုံးများတဲ့ Binance၊ Bitget နဲ့ Bybit တို့လိုမျိုး crypto exchange တွေပါ။ Company တခု၊ အဖွဲ့အစည်းတခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ exchange တွေဖြစ်ပြီးတော့ ဒီ exchange တွေပေါ်မှာ သွားအပ်ထားတဲ့ ငွေတွေကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းကနေ စိတ်ကြိုက်ခြယ်လှယ်လို့ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က အမှုတခုခုနဲ့ မတော်တဆဆက်စပ်မိသွားတာမျိုးဖြစ်ဖြစ်၊ ကိုယ့်ဆီဝင်လာတဲ့ငွေတွေက ငွေမည်းဖြစ်နေတာမျိုးဖြစ်ဖြစ် CEX ပေါ်မှာ ရှိနေတဲ့ ကိုယ့်ငွေတွေကို freeze လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ မြန်မာမှာ အတော်များများ ဖြစ်တတ်ကြတဲ့ mobile banking ထဲကငွေတွေ freeze ခံရသလိုမျိုးပါပဲ။ ဒါကြောင့် ဒီလိုမျိုးဖြစ်တာတွေကို မကြိုက်ဘူးဆိုရင်တော့ CEX တွေထဲမှာ trading မလုပ်ဘဲ DEX (Decentralized Exchange) တွေထဲမှာ ငွေထည့်ပြီး trading လုပ်လို့ရနိုင်ပါတယ်။
.
DEX တွေကတော့ ကိုယ့်ငွေကို ကိုယ့်ဘာသာ စီမံရတာဖြစ်လို့ crypto wallet နဲ့ပတ်သက်တဲ့ လုံခြုံရေးအသိတွေကို သေချာသိထားဖို့ လိုအပ်ပါတယ်။ Crypto wallet ဖွင့်တဲ့အခါမှာ seedphrase တွေကို သေချာမှတ်ထားဖို့၊ ဘယ်သူ့ကိုမှ ပေးမသိဖို့၊ ယုံကြည်စိတ်ချရတဲ့ DEX တွေနဲ့သာ crypto wallet တွေကို ချိတ်ဆက်ဖို့ဆိုတာလိုမျိုး အခြေခံ လုံခြုံရေးဆိုင်ရာတွေကို သေချာသိထားဖို့ အရေးကြီးပါတယ်။
.
တကယ်လို့ ကိုယ်က အခြေခံတွေကို လေ့လာထားပေမယ့်လည်း DEX တွေသုံးရမှာကြောက်တယ်၊ မသုံးရဲသေးဘူးဆိုရင်လည်း CEX တွေကိုပဲ သုံးလို့ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် ID၊ ကိုယ်ပိုင်အချက်အလက်တွေနဲ့ ဖွင့်ထားတဲ့ account ကိုပဲသုံးဖို့ အရေးကြီးသလို သူများ ID နဲ့ဖွင့်ထားတဲ့ account မျိုးတွေဆိုရင် တချိန်ချိန်မှာ facial verification ပြန်တောင်းတဲ့အခါ ဒုက္ခများနိုင်တာကိုလည်း သိထားဖို့ လိုပါတယ်။

Stablecoin များအကြောင်း

နောက်တချက်ကတော့ stablecoin တွေအကြောင်းပါ။ Stablecoin တွေဟာ crypto နဲ့ MMK၊ THB၊ USD တို့လိုမျိုး နိုင်ငံသုံးငွေကြေးတွေကြားက ပေါင်းကူးတံတားတခုပါ။ နိုင်ငံငွေကြေးတခုနဲ့ 1:1 တန်ဖိုး တူညီနေအောင် ဖန်တီးထားတဲ့ ငွေတွေဖြစ်ပြီး အခုချိန်မှာ USD stablecoin တွေကတော့ လူသုံးအများဆုံးဖြစ်နေပါတယ်။ USD stablecoin တွေထဲမှာမှ USDT နဲ့ USDC တို့က လူသုံးအများဆုံးဖြစ်ပြီး crypto တွေကို အရောင်းအဝယ်လုပ်ရာမှာ ဒီ stablecoin တွေနဲ့ အဓိကအရောင်းအဝယ်လုပ်ကြပါတယ်။

P2P အကြောင်း

နောက်တချက်ကလည်း stablecoin တွေနဲ့ ဆက်စပ်ပါတယ်။ Binance တို့လိုမျိုး CEX တွေမှာ P2P (Peer to Peer) platform တွေကနေတဆင့် crypto အရောင်းအဝယ်လုပ်လို့ရနိုင်ပါတယ်။ နိုင်ငံသုံးငွေကြေး MMK ကို USDT၊ USDT ကို MMK အဖြစ် အပြောင်းအလဲလုပ်လို့ရနိုင်တဲ့နေရာလည်း ဖြစ်ပြီး P2P မှာ အရောင်းအဝယ်လုပ်တဲ့အခါ USDT ကိုပဲ အရောင်းအဝယ်လုပ်တာ အကောင်းဆုံးပါ။ ဆိုလိုချင်တာကတော့ P2P ကနေ Bitcoin တန်းဝယ်ပစ်လိုက်တာမျိုး၊ Ethereum တန်းဝယ်လိုက်တာမျိုးတွေ မလုပ်သင့်ဘဲ P2P မှာ USDT ဝယ်ပြီးတော့မှ Spot Trading မှာ ကိုယ်နှစ်သက်ရာ cryptocurrency ကို နှစ်သက်ရာဈေးနဲ့ ထပ်ဝယ်လိုက်တာမျိုးပဲ လုပ်သင့်ပါတယ်။

တကယ်လို့ ကိုယ်က P2P လည်းဝယ်တတ်သွားပြီ၊ Spot trading မှာလည်း အရောင်းအဝယ်လုပ်တတ်ပြီဆိုရင်တော့ Futures trading ကို စမ်းကြည့်ချင်လာပါလိမ့်မယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးမစမ်းသင့်ဘဲ လုံလောက်တဲ့ လေ့လာပြင်ဆင်မှုတွေရှိပြီးမှသာ Futures trading ကို စမ်းသပ်သင့်ပါတယ်။

ငါးမြှားချိတ်ကိုလဲ မြင်တတ်ရမယ်

စတုတ္ထအချက်ကတော့ လူလိမ်တွေကိစ္စပါ။ လူလိမ်တွေနဲ့ပတ်သက်လို့ ကြုံရင်ကြုံသလို အမြဲပြောဖြစ်ခဲ့ပေမယ့် အခုလည်း ထပ်ပြောရဦးမှာပါပဲ။ Crypto ဆိုတာ အခုမှ မြန်မာလူထုကြားမှာ စိတ်ဝင်စားမှုမြင့်တက်လာတဲ့ နည်းပညာတခုပါ။ အရင်ကလည်း သိကြသူတွေ၊ လေ့လာကြသူတွေရှိပေမယ့် လူနည်းစုလောက်ပဲရှိခဲ့ပါတယ်။ 2020 ခုနှစ် Covid ကာလနဲ့ 2021 ခုနှစ် စစ်အာဏာလုပြီးနောက်ပိုင်းတွေမှာတော့ ငွေကြေးဖောင်းပွမှု၊ ငွေကြေးထိန်းချုပ်ခံရတာတွေကို ကာကွယ်လိုမှု၊ ကိုယ့်ငွေကိုယ်တိုင် စီမံခန့်ခွဲချင်မှုတွေ အပါအဝင် အကြောင်းအရင်းအမျိုးမျိုးနဲ့ crypto နယ်ပယ်ထဲ ဝင်လာကြသူတွေရှိပါတယ်။
.
ဒီအခါမှာ မသိနားမလည်သူတွေကို ကူညီပေးသလိုနဲ့ လိမ်လည်ဖို့ ကြိုးစားခဲ့သူတွေအများကြီးရှိခဲ့သလို အခုထိလည်း လိမ်လည်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြဆဲပါ။ ဒါကြောင့် လိုတိုရှင်းသိထားရမှာကတော့ ကိုယ့်ရဲ့ အချက်အလက်တွေကို ဘယ်သူ့ကိုမှမပေးပါနဲ့။ $100 ထည့်ရင် တလအတိုး 20% ပြန်ရမယ်ဆိုတဲ့ လောဘနဲ့မျှားတာမျိုးကိုလည်း မယုံပါနဲ့။ အမျိုးသားထုကြီးအနေနဲ့လည်း DM မှာ ကောင်မလေးချောချောလေးတွေက စကားလာပြော၊ ရင်းနှီးအောင်လုပ်ပြီး crypto လွှဲခိုင်းတာတွေ၊ သူတို့ရဲ့ လုပ်ငန်းမှာ ပါဖို့ ဆွယ်တာမျိုးတွေဆို ဖြစ်နိုင်၊ မဖြစ်နိုင်ကို သေချာဆန်းစစ်သင့်ပါတယ်။ အချုပ်ဆိုရရင်တော့ crypto နယ်ပယ်မှာ ဘယ်သူ့ကိုမှ အယုံမလွယ်ဖို့ပါပဲ။

အမြဲ နောက်ဆုံးသတင်းတွေကိုလဲ လေ့လာရမယ်

နောက်ဆုံးတချက်ကတော့ သတင်းတွေကို မျက်ခြည်မပြတ်ပါစေနဲ့။ အရင်တုန်းက ကျနော်တို့ စနောက်ပြီးပြောနေကျ စကားတခုရှိပါတယ်။ “ပိုက်ဆံတွေ ပိုနေရင် crypto တွေဝယ်ထားလိုက်၊ ဘာမှလှည့်ကြည့်စရာမလိုဘူး၊ နောက် 5 နှစ်လောက်ဆို သူဌေးဖြစ်ပြီ” ဆိုတာပါ။ ဝယ်လိုက်မိတဲ့ crypto က LUNA ဖြစ်ပြီး FTX မှာ သိမ်းထားမိလိုက်တယ်ဆိုရင်တော့ သူဌေးရဲ့ ဆန့်ကျင်ဖက်ဖြစ်သွားမှာပါ။
.
ဒါကြောင့် crypto တွေကို မဝယ်ခင်တိုင်းမှာ သေချာလေ့လာဆန်းစစ်သုံးသပ်ဖို့ လိုအပ်ပြီး ဝယ်ပြီးနောက်ပိုင်းမှာလည်း သတင်းတွေကို နားစွင့်နေဖို့ လိုအပ်ပါတယ်။ အခြေအနေအရပ်ရပ်ကို လိုက်ပြီး ဆွေးနွေးဖို့အတွက် ပြည်တွင်းပြည်ပက crypto community တွေထဲလည်း ဝင်ထားသင့်ပါတယ်။
.
အချုပ်ဆိုရရင်တော့ cryptocurrency တွေဆိုတာ အတက်ကြမ်းအကျကြမ်းတဲ့သဘာဝရှိသလို သတိကြီးကြီးထားပြီး ရင်းနှီးမြှုပ်နှံသင့်တဲ့ ရင်းနှီးမြှုပ်နှံမှုအမျိုးအစားတခုဖြစ်ပါတယ်။ သုံးတတ်ရင်ဆေးဖြစ်သလို မသုံးတတ်ရင်လည်း ဘေးဖြစ်တာကြောင့် စဉ်းစားချင့်ချိန်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့်ပုံစံမျိုးနဲ့ အသုံးချသင့်ပါတယ်။

.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL