Binance ကနေ NEWT ကို Binance HODLER Airdrop ရဲ့ ၂၄ ကြိမ်မြောက် Project အဖြစ်ကြေညာလိုက်ပါပြီ။
Simple Earn ထဲ Crypto ထည့်ထားရုံနဲ့ အလကားရမှာဖြစ်ပြီးတော့… Crypto အကြောင်း စိတ်ဝင်စားပေမယ့် ဘာမှ မသိသေးတဲ့ သူတွေအတွက် $NEWT ဆိုတာ ဘာလဲ၊ Binance airdrop ကို ဘယ်လို claim ရမလဲ၊ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်ရဲ့လားဆိုတာတွေကို ရှင်းပြပေးပါမယ်။
📌 NEWT ဆိုတာ ဘာလဲ။
Newton ဆိုတာ Blockchain အသစ်တစ်ခုလို့ အလွယ်မှတ်ထားလို့ရပါတယ်။ သူက AI Assistant (Proxy လို့ခေါ်တယ်) တွေနဲ့ တည်ဆောက်ထားတာပါ။
သူ့ကို ChatGPT ပဲ ဒါပေမဲ့ ကိုယ့်အစား Crypto လဲတာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေကို ကူပေးတဲ့ AI သဘောတွေးလို့ရပါတယ်။
အဓိကရည်ရွယ်ချက်ကတော့Crypto ကို သုံးရတာ လွယ်အောင်၊ လုံခြုံမှုရှိ Secure ဖြစ်အောင်၊ Error နည်းအောင်ပါ။
👨💻 ဘယ်သူတွေ တည်ဆောက်တာလဲ?
Crypto ကိုသိတာကြာပြီဆို Magic Labs ကိုကြားဖူးမှာပါ။ Coinbase နဲ့ Uber က Ex-staff တွေနဲ့ဖွဲ့ထားတယ်။ PayPal Ventures, Polygon Ventures တို့က ထောက်ပံ့ထားတဲ့ Team ဖြစ်ပါတယ်ခင်ဗျ။
🪙 $NEWT သုံးစွဲမှု (Token Utilities)
• Governance — Protocol မှာ ဘာထည့်သင့်သလဲ မဲပေးခွင့်ရှိမယ်။
• Rewards — Proxy / User တွေကိုဆုချတဲ့အခါ $NEWT နဲ့ပေးမှာပါ။
• Payment — AI Proxy Product အသုံးပြုမှုတွေကို $NEWT နဲ့ရှင်းလို့ရပါမယ်ဗျ။
🎯 Binance Airdrop မှာ Newton ($NEWT) ကိုဘယ်လိုယူရမလဲ?
📌 ဒီ HODLER Airdrop မှာ ပါဝင်ဖို့အတွက်
ဇွန် ၁၄ – ဇွန် ၁၇ အတွင်း
BNB ကို Binance Simple Earn (သို့) BNB Vault ထဲမှာ ထားထားဖို့ လိုပါတယ်။
အခုမှလုပ်ဖို့တော့မလွယ်တော့ပါဘူး။ ဒါကြောင့် နောက်တစ်ခေါက်အတွက် ကြိုတင် HODL လုပ်ထားဖို့ အရေးကြီး ပါတယ်ဗျ။
✅ HODLER Program မှာ ဘယ်လိုပါဝင်မလဲ?
၁။ Binance Account (KYC လုပ်ပြီးဖြစ်ရမယ်)
🔗 အသစ်ဖွင့်မယ်ဆိုရင်
https://accounts.binance.info/en/register?ref=HKGNEVE8
သို့မဟုတ်
Referral Code: HKGNEVE8 ကိုသုံးပြီး ဖွင့်ထားရင် ➜ Trading Fees 20% Discount အပြင် Code နဲ့ဖွင့်ထားတဲ့သူသီးသန့်ပေးမဲ့ Giveaway တွေပါ ကံစမ်းနိုင်ဦးမှာဖြစ်ပါတယ်။
၂။ BNB ကို Stake လုပ်ပါ
Binance Simple Earn ထဲက Flexible သို့မဟုတ် Locked မှာ Stake လုပ်လို့ရပါတယ်။
➡️ HODL လုပ်ထားတဲ့ BNB အရေအတွက်နဲ့ ကြာချိန်ပေါ်မူတည်ပြီး Rewards ကို အော်တိုရမှာပါ။
🧮 Tokenomics
• စုစုပေါင်းထုတ်မဲ့အရေအတွက် Supply: 1B $NEWT
• Magic Airdrop: 7.5M (0.75%)
• Referral/Bonus: up to 5M (0.5%)
• Binance HODLer Airdrop: 12.5M (1.25%)
📌 NEWTON ကအောင်မြင်နိုင်လား?
အောင်မြင်နိုင်မဲ့အကြောင်းကတော့… ပထမဆုံး သူတို့ Team က Crypto မှာနာမည်ရပြီးသားပါ။ အခုတောင် User တွေထဲ အပြောများနေပါတယ်။ သူ့ AI ကလည်းအခု AI ခေတ်သာပြန်ထရင် အခြေအနေကောင်းနိုင်ပါတယ်။
ဒါပေမဲ့… သူ့ AI ကတည်ဆောက်ထားတာ ရှုပ်ထွေးတဲ့ထဲပါပါတယ်။ AI Proxy တွေကို အသုံးပြုမှု တကယ်ဖြစ်လာမှာလားဆိုတာ မသေချာသေးပါဘူး။ User တွေကြိုက်မလားဆိုတာ ဆက်စောင့်ကြည့်မှရမယ်။
📌 စိတ်ဝင်စားလာပြီဆိုရင်တော့ NEWTON ရဲ့ Website, Whitepaper, Official Channels တွေစစ်ဆေးပြီး သက်ဆိုင်တဲ့ အချက်အလက်တွေ ဖတ်ထားဖို့လိုပါတယ်နော်။
▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰
📛 Disclaimer:
Crypto Mate ရဲ့ content တွေဟာ ဗဟုသုတရစေဖို့အတွက်သာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံရေးအတွက် အကြံဉာဏ် (Financial Advice) မဟုတ်ပါ။
ငွေပေးပြီး ရင်းနှီးမယ်ဆိုရင် ကိုယ့်ဘက်က သေချာလေ့လာပြီးမှ ဖြစ်သင့်ပါတယ်။
🚨 DYOR (Do Your Own Research)
▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰