Binance ကနေ HODLER Airdrop ရဲ့ ၂၃ ကြိမ်မြောက် Project အနေနဲ့ SPARK ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

အဓိကကတော့…Simple Earn ထဲမှာ Crypto ထည့်ထားရုံနဲ့ အလကားအဖြစ်ရနိုင်တယ်။

ဒါဆို SPARK ဆိုတာဘာလဲ? ဘယ်လိုရအောင်လုပ်ရမလဲ? အနာဂတ်မှာဘာကြောင့် စိတ်ဝင်စားဖို့ကောင်းတာလဲဆိုတာ လိုက်လေ့လာကြရအောင်…

🔹 SPARK ဆိုတာဘာလဲ?

SPARK ကတော့ ကိုယ့်ရဲ့ crypto တွေကို အမြတ်ရနိုင်မယ့်နေရာတွေကို အလိုအလျောက်ရွှေ့ပေးမယ့် နည်းပညာအခြေခံထားတဲ့ Crypto Project တစ်ခုပါခင်ဗျာ။ 

သူ့မှာ ရင်းနှီးနိုင်တဲ့ နေရာတွေကတော့ –

• DeFi (Decentralized Finance)

• CeFi (Centralized Finance)

• Real-World Assets (တကယ့်ဘဝက ပစ္စည်းတွေ)

ဆိုတော့ ကိုယ့်ရဲ့ digital assets တွေကို ဒီတိုင်းကြီးစားမဲ့အစား… အလုပ်လုပ်အောင်လုပ်ပေးမဲ့ ပလက်ဖောင်းတစ်ခုလို့ သဘောပေါက်လို့ရပါတယ်။

SPARK Ecosystem ရဲ့ အဓိက Token ကတော့ $SPK ပါ။

🔸 $SPK Token သုံးလို့ရတာတွေကဘာတွေရှိလဲ?

$SPK ဟာ သာမန် token တစ်ခုမဟုတ်ပဲ

သုံးစွဲသူအနေနဲ့ အကျိုးခံစားခွင့် အများကြီးပါပါတယ်။ 

1️⃣ Spark Project မှာ governance (မဲပေးဆုံးဖြတ်ခြင်း) မှာ ပါဝင်နိုင်တယ်။ 

2️⃣ အမြတ်အစွန်းတွေနဲ့ reward တွေ ခံစားခွင့်ရတယ်။ 

3️⃣ Platform ထဲက features တွေကို SPK နဲ့အသုံးပြုလို့ရတယ်ပါခင်ဗျာ…. 

🎯 Binance Airdrop မှာ Spark ($SPK) ကိုဘယ်လိုယူရမလဲ? 

📌 ဒီ HODLER Airdrop မှာ ပါဝင်ဖို့အတွက်

ဇွန် ၁၀ – ဇွန် ၁၄ အတွင်း BNB ကို Binance Simple Earn (သို့) BNB Vault ထဲမှာ ထားထားဖို့ လိုပါတယ်။

အခုမှလုပ်ဖို့တော့မလွယ်တော့ပါဘူး။

ဒါကြောင့် နောက်တစ်ခေါက်အတွက် ကြိုတင် HODL လုပ်ထားဖို့ အရေးကြီး ပါတယ်ဗျ။ 

✅ HODLER Program မှာ ဘယ်လိုပါဝင်မလဲ?

၁။ Binance Account (KYC လုပ်ပြီးဖြစ်ရမယ်)

🔗 အသစ်ဖွင့်မယ်ဆိုရင်

https://accounts.binance.info/en/register?ref=HKGNEVE8

သို့မဟုတ်

Referral Code: HKGNEVE8

ကိုသုံးပြီး ဖွင့်ထားရင် ➜ Trading Fees 20% Discount အပြင် Code နဲ့ဖွင့်ထားတဲ့သူသီးသန့်ပေးမဲ့ Giveaway တွေပါ ကံစမ်းနိုင်ဦးမှာဖြစ်ပါတယ်။ 

၂။ BNB ကို Stake လုပ်ပါ

Binance Simple Earn ထဲက Flexible 

သို့မဟုတ် Locked မှာ Stake လုပ်လို့ရပါတယ်။

➡️ HODL လုပ်ထားတဲ့ BNB အရေအတွက်နဲ့ ကြာချိန်ပေါ်မူတည်ပြီး Rewards ကို အော်တိုရမှာပါ။ 

📊 $SPK Tokenomics

• တိုကင်အရေအတွက်စုစုပေါင်း: 10 ဘီလီယံ SPK

• စစချင်း Market ထဲရှိလာမဲ့ Token ပေါင်း: 1.7 ဘီလီယံ SPK

• Binance Airdrop Rewards: 200M SPK (2%)

• Marketing Allocation: 50M SPK

ဆိုတော့ စတင်ချိန်မှာတော့ နည်းနည်းလေးပဲ supply ထွက်လာမှာဖြစ်ပြီး နောက်ပိုင်းမှာ Project အတွက်ထုတ်သုံးမှာပါ။ 

⚡️$SPK က Hype လာနိုင်လား? 

SPARK က Binance နဲ့ MakerDAO တို့နဲ့ Partnership တွေရှိလို့ သုံးစွဲသူယုံကြည်မှု ရှိပြီးသားပါ။

သူ့ရဲ့ Vision က Crypto Capital ကို အမြတ်ရနိုင်တဲ့နေရာမှာ အလိုအလျောက် ထည့်ပေးဖို့ ဖြစ်တာမို့ Market မှာ စိတ်ဝင်စားမှုလည်း တော်တော်များပါတယ်။

ဒါပေမဲ့ ဒီ Concept ဟာ အသစ်မဟုတ်ပါဘူး။ သူနဲ့ လုပ်ငန်းတူပြိုင်ဘက်တွေရှိပါတယ်။ 

အဓိကမေးခွန်းကတော့ SPARK ဟာ hype ပဲဖြစ်မလား၊ ဒါမှမဟုတ် တကယ့် အသုံးဝင်တဲ့ project တစ်ခုဖြစ်လာမလား။

ဒါကြောင့် listing လုပ်ပြီးတဲ့နောက်မှာ စောင့်ကြည့်သင့်ပါတယ်။

📌 စိတ်ဝင်စားလာပြီဆိုရင်တော့

SPARK ရဲ့ Website, Whitepaper, Official Channels တွေစစ်ဆေးပြီး သက်ဆိုင်တဲ့ အချက်အလက်တွေ သိမ်းထားဖို့ လိုပါတယ်နော်။

▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰

📛 Disclaimer:

Crypto Mate ရဲ့ content တွေဟာ ဗဟုသုတရစေဖို့အတွက်သာ ဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံရေးအတွက် အကြံဉာဏ် (Financial Advice) မဟုတ်ပါ။

ငွေပေးပြီး ရင်းနှီးမယ်ဆိုရင် ကိုယ့်ဘက်က သေချာလေ့လာပြီးမှ ဖြစ်သင့်ပါတယ်။

🚨 DYOR (Do Your Own Research)

▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰

 #BinanceHODLer #SparkBinanceHODLerAirdrop BNB #Spark #Binance