Crypto လောကထဲကို အခုမှစဝင်မဲ့သူတွေက ပိုက်ဆံအများကြီး ဘယ်သူမှထည့်ချင်မှာမဟုတ်ပါဘူး။ အဲ့တာကြောင့်ပဲ ဒီနေ့မှာ $၁၀၀ (မြန်မာငွေ ၄ သိန်းခွဲခန့်) နဲ့ Crypto Portfolio ကောင်းတစ်ခုကို ဘယ်လိုတည်ဆောက်သင့်သလဲဆိုတာကို ကျွန်တော့်ရဲ့ အတွေ့အကြုံအရ Sharing လုပ်ပေးချင်ပါတယ်။ 

စာကတိုတိုလေးမို့ အချိန်ပေးပြီး ဖတ်ပေးစေချင်ပါတယ်ခင်ဗျာ…. 

အရင်ဆုံး “Crypto Portfolio” ဆိုတာဘာလဲမသိသေးရင် “ကိုယ်ပိုင်ဆိုင်တဲ့ Crypto စုစည်းမှု” လို့ အလွယ်တွေးနိုင်ပါတယ်။ ကိုယ့်မှာ ဘာ Crypto တွေဝယ်ထားသလဲပေါ့ဗျာ။ 

ဒါဆို ဘယ်လိုစုသင့်လဲ အဆင့် ၄ ဆင့်နဲ့ ရှင်းပြမယ်နော်။

အဆင့် ၁: Portfolio ကို အမျိုးအစားခွဲပါ (Diversify Your Portfolio)

ပိုက်ဆံအကုန်လုံးကို Coin တစ်ခုတည်းမှာ မထည့်ပါနဲ့၊ ဒါက အခုမှ စလုပ်တဲ့လူတော်တော်များများ မှားတတ်တဲ့အမှားပါ။  ကိုယ့်ရဲ့ ဒေါ်လာ ၁၀၀ ကို ၆၀-၃၀-၁၀ နည်းနဲ့ခွဲပါ။ 

📌 60% ကို လုံးဝ Market Cap များပြီး ဈေးတည်ငြိမ်တဲ့ Coin တွေ (ဥပမာ- Bitcoin ဒါမှမဟုတ် Ethereum) မှာ ထည့်ပါ။

📌 30% ကို Utility လို့ခေါ်တဲ့ Coin မှာအသုံးဝင်မှုရှိတဲ့ Altcoin ကောင်းကောင်းတွေမှာ ထည့်ပါ။ ဥပမာ- BNB ဆိုရင် Binance Ecosystem Staking လုပ်ဖို့အတွက်မှာမရှိမဖြစ်လိုတယ်မလား။ အဲ့လိုအသုံးဝင်တာကိုပြောချင်တာပါ။ 

📌 10% ကို AI Token ဒါမှမဟုတ် Real-World Assets (RWA) လိုမျိုး ခေတ်စားနေတဲ့ အသစ်အဆန်းတွေကို စမ်းသပ်ဖို့ ထားပါ။ 

ဒီလိုခွဲလိုက်တာက Coin တစ်ခုခု ဈေးကျသွားရင် ဖြစ်ပေါ်လာနိုင်တဲ့ Risk ကို လျှော့ချပေးပါတယ်။

အဆင့် ၂: လုံခြုံရေးကို ဦးစားပေးပါ (Prioritize Security)

Crypto ဆိုတာ ထိန်းချုပ်မှုနဲ့ ပတ်သက်တာဖြစ်လို့ လုံခြုံရေးက အဓိကပဲ။ Binance လိုမျိုး ယုံကြည်ရတဲ့ Exchange တွေကို အသုံးပြုပါ။ Two-factor authentication (2FA) ကို အမြဲဖွင့်ထားပါ။ 

အကြာကြီးစုချင်တဲ့သူဆို ကိုယ့်ရဲ့ Crypto တွေကို လုံခြုံတဲ့ wallet (Hardware Wallet ဒါမှမဟုတ် ယုံကြည်ရတဲ့ Software Wallet) မှာ သိမ်းကိုသိမ်းထားသင့်ပါတယ်ဗျ။

ဘယ်ကမှန်းမသိတဲ့ မသင်္ကာစရာ link တွေကို ဝင်တာတွေ ဒါမှမဟုတ် ဘာမှန်းမသိတဲ့ Telegram Group တွေကို ဝင်တာ ရှောင်ပါခင်ဗျာ။ တစ်ခုခုဆို Link ရဲ့ URL ကိုစာလုံးပေါင်းသေချာစစ်ပြီးမှဝင်သင့်ပါတယ်။ 

အဆင့် ၃: ဘာကို ရင်းနှီးမြှုပ်နှံနေလဲဆိုတာ သိပါ (Know What You’re Investing In)

ပမာဏနည်းနည်းလေးပဲ ဖြစ်နေရင်တောင် ကိုယ်ဝယ်မဲ့ Crypto ရဲ့အခြေခံတွေကို လေ့လာထားတာ ကောင်းပါတယ်။

📌 ဒီ coin က ဘယ်ပြဿနာကို ဖြေရှင်းပေးတာလဲ။

📌 ဒီ project ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ။

📌 တကယ့် community ဒါမှမဟုတ် ecosystem ရှိရဲ့လား။

ပွင့်လင်းမြင်သာပြီး တကယ်ကို Team ဘက်က စိတ်ပါပါနဲ့ တည်ဆောက်နေတဲ့ project တွေထဲပဲ ထည့်သင့်ပါတယ်။ 

အဆင့် ၄: ဆုံးရှုံးရင်လည်း ခံနိုင်ရည်ရှိတဲ့ ပမာဏကိုသာ ရင်းနှီးမြှုပ်နှံပါ (Invest Only What You Can Afford to Lose)

Crypto ဟာ အကျိုးအမြတ်များနိုင်သလို၊ အရှုံးလည်းများတဲ့အချိန် ရှိပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ဖိစီးမှု မပေးပါနဲ့။ ကိုယ့်ထည့်မဲ့ပမာဏသာ ဆုံးမယ်ဆိုရင်… စားဝတ်နေရေးပါ ခက်ခဲသွားမှာလား အရင်တွေးပါ။ 

နည်းနည်းလေးနဲ့ စတင်ပါ၊ လေ့လာပါ၊ ပြီးတော့ အမှားတွေကနေ သင်ခန်းစာယူပြီး တိုးတက်အောင်လုပ်ပါ။

ဒါကတော့ ကျွန်တော်ပေးချင်တဲ့ အဓိက Message ပါပဲဗျ။ သိချင်တာရှိရင်လည်း မေးခဲ့လို့ရပါတယ်။ 

Binance Price

📌 Portfolio အတွက်စမ်းချင်တယ် ဘယ်လိုလုပ်ရမလဲ? 

Binance Account မရှိသေးရင် အကောင့်ဖွင့်ရန် Link: 

https://accounts.binance.info/en/register?ref=HKGNEVE8 

Binance Referral Code: HKGNEVE8

ကျွန်တော်ပေးတဲ့ လင့်ကနေ အကောင့်ဖွင့်ထားရင် နောက်လုပ်မယ့် Exclusive Campaign တွေဝင် Join နိုင်မှာဖြစ်သလို Trade တိုင်းလည်း Life Time Discount 20% ရဦးမှာပါ။ 

Crypto အခြေခံတွေအပြင် သတင်းတွေနဲ့ ပတ်သက်ပြီး ဖတ်ချင်ရင် Crypto Mate ကို follow လုပ်ထားပါဦးဗျ။ 

🔹 Crypto မှာလည်း Risk ရှိပါတယ်။ ဒါ့ကြောင့် အမြဲတမ်းလိုလို ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် ကိုယ်တိုင် သေချာစဉ်းစားပြီးမှ ပြုလုပ်သင့်ပါတယ်။ Not Financial Advice. DYOR! 

#binance #cryptomate #cryptoportfolio #bnb #btc