ဒီနေ့မှာ Crypto Newbie တွေအတွက် လုံးဝကိုလုပ်ထားသင့်တဲ့ Binance ထဲမှာပဲ Point စုရင်း Airdrop ပါရနိုင်တဲ့ “Binance Alpha” အကြောင်း ဂဃနဏသိသွားအောင် ရှင်းပြပေးပါရစေဗျ။ 

📌 Binance Alpha Points ဆိုတာဘာလဲ။

Alpha Points ဆိုတာ Binance ပေါ်ကရတဲ့ Reward စေရမဲ့ Point တွေပါ။ ဒီ points တွေက ဘာလုပ်လို့ရလဲဆိုတော့:

👉🏻 Project အသစ်တွေမှာ စောစောစီးစီး ပါဝင်ခွင့်ရမယ် (Early Access)

👉🏻 Binance ပေါ်မှာ Crypto Project အသစ်တွေ Launch (စတင်မိတ်ဆက်) လုပ်တဲ့အခါ၊ အဲဒီ Project ရဲ့ Token တွေကို တခြားသူတွေ မဝယ်ရသေးခင် စောစောစီးစီး ရနိုင်ဖို့ အခွင့်အရေးရမယ်။

Binance ရဲ့ Megadrop လို Platform တွေကနေ Launch တဲ့ Project တွေမှာ အထူးသဖြင့် ပိုအသုံးဝင်ပါတယ်။

👉🏻 သီးသန့် Allocation တွေ ရမယ် (Exclusive Allocation)

ဆိုလိုတာကတော့ အဲဒီ Project ရဲ့ Token တွေကို တချို့သော User တွေပဲ ဝယ်ခွင့်/ရခွင့်ရှိတဲ့ အပိုင်း (Portion) ထဲမှာ ပါဝင်ခွင့် ရမယ်ပေါ့။ 

ဒါက အားလုံးအတွက် မဟုတ်ဘဲ Alpha Points ရှိတဲ့သူတွေအတွက် သီးသန့်ပေးတာမျိုးပါ။

တိုတိုပြောရရင် Alpha Points ဆိုတာ Binance ပေါ်က "မကြာခင် ထွက်လာမယ့် အလားအလာရှိတဲ့ crypto project တွေမှာ ပါဝင်ခွင့်ရဖို့အတွက်" VIP လက်မှတ်တွေ လိုပဲ မှတ်ထားလို့ရပါတယ်။ ဒီ Point တွေ များလေလေ၊ ကောင်းတဲ့အခွင့်အရေးတွေ ပိုရလေလေပါပဲ။

📌 Binance Alpha Points ဘယ်လိုရနိုင်လဲ။ 

Alpha Points ရဖို့ အဓိက နည်းလမ်း (၂) ခု ရှိတယ်ဗျ။

၁။ Task တွေ လုပ်ရမယ်။ 

• လုပ်ရမှာတွေကို Binance Megadrop Section ထဲမှာ တွေ့ရပါလိမ့်မယ်။

• Task တွေက ဘာတွေလဲဆိုတော့ နေ့တိုင်း Log In ဝင်တာ၊ ပညာပေး Video တွေ ကြည့်တာ၊ Quiz တွေ ဖြေတာနဲ့၊ Project တွေကို Social Media မှာ Follow လုပ်တာဖြစ်ပါတယ်။ 

ဒီ Task တွေက အင်မတန် လွယ်ကူပါတယ်ဗျာ။ ဒါလေးတွေလုပ်တာနဲ့ Point ရမှာပါ။ 

၂။ BNB ကို Stake လုပ်တာ ဒါမှမဟုတ် BNB Locked Products တွေကို သုံးရမယ်။ 

• ကိုယ့်ရဲ့ Simple Earn ထဲမှာ BNB တွေကို Stake လုပ်ထားလို့ရပါတယ်။

• ကြာကြာ Stake လုပ်လေ၊ များများ Stake လုပ်လေ၊ Alpha Points တွေကို အလိုလို ပိုစုမိလေပါပဲ။

ဒါက ကိုယ့် crypto ကို စမတ်ကျကျ သုံးရုံနဲ့ Loyalty Point တွေ ရနေသလိုပါပဲဗျာ။

📌 Alpha Points တွေကို ဘယ်လိုသုံးလဲ။

Alpha Points တွေက Binance Megadrop Launch တွေမှာ မိတ်ဆွေတို့ရဲ့ Allocation ကို တိုးမြှင့်ဖို့အတွက် အသုံးပြုရတာပါ။

ဘယ်လိုအလုပ်လုပ်လဲ… 

• Binance ကနေ Megadrop ကနေတစ်ဆင့် project အသစ်တစ်ခု Launch တော့မယ်ဆိုရင်၊ Alpha Points ပေါ်မူတည်ပြီး Binance အသုံးပြုသူတွေက Free Airdrop တွေ ယူ Claim နိုင်မှာပါခင်ဗျာ။ 

• Alpha Points များလေလေ၊ ကိုယ့်ရဲ့ Rank (အဆင့်) မြင့်လေလေပါပဲ။ ဒါဆို Airdrop ဖြစ်လာတဲ့အခါ Token ပိုရတာပေါ့။

ဆိုတော့... Alpha Points များရင် Airdrop အတွက် ရှယ်ယာ ပိုကြီးမယ်ပေါ့ဗျာ။ 

📌 Alpha Points တွေကို Megadrop, TGEs နဲ့ Alpha Airdrops တွေမှာ ဘယ်လိုသုံးမလဲ?

ဒီတစ်ခါတော့ Alpha Points တွေကို ဘယ်နေရာတွေမှာ သုံးလို့ရလဲ ဆိုတာကို ပိုရှင်းအောင် ထပ်ပြောပြပါမယ်။

👉🏻  Megadrop ဆိုတာ Binance ရဲ့ Launchpad (အသစ်တွေ မိတ်ဆက်တဲ့နေရာ) ပါ။ အဲဒီမှာ ကိုယ့်ရဲ့ Alpha Points တွေကို သုံးပြီး Free Crypto တွေ Claim (ထုတ်ယူ) လို့ရပါတယ်။

 👉🏻 TGE (Token Generation Events) တွေအတွက်ဆိုရင်၊ Project ရဲ့ Token စတင် ရောင်းချ/ထုတ်ဝေတဲ့အချိန်မှာ သာမန်လူတွေအတွက် Trading မစခင်ထဲက  Alpha Points တွေနဲ့ Token တွေကို ရယူနိုင်ပါတယ်။

👉🏻  Alpha Airdrops တွေကတော့ သီးသန့်ပေးတဲ့ Giveaway တွေပါ။ Alpha Points အလုံအလောက်ရှိတဲ့ User တွေပဲ ပါဝင်ပြီး ပိုကြီးတဲ့ Reward တွေ ရနိုင်ပါတယ်။

Alpha Points တွေက Airdrip တွေ Claim တာ ဒါမှမဟုတ် တစ်ခုခုမှာ ပါဝင်တဲ့အခါ အသုံးပြုပြီးသား ဖြစ်သွားပါတယ်ဗျာ။ 

ပြီးတော့ ဒီ Points တွေက ရက် 15 ရက်အကြာမှာ သက်တမ်းကုန်ဆုံးပါတယ် (Expire ဖြစ်နိုင်ပါတယ်)။ 

ဒါကြောင့် ပညာသားပါပါ အသုံးပြုဖို့ လိုပါတယ်နော်။

🔗 ပိုပြီး လေ့လာချင်ရင်

အသေးစိတ်အချက်အလက်တွေနဲ့ Update တွေ သိချင်ရင် Binance ရဲ့ Official အမေးအဖြေတွေကို ဒီမှာကြည့်လို့ရပါတယ်ဗျာ:

👉 Binance Alpha Points FAQ: https://www.binance.com/en/support/faq/detail/12e7f2e555704f9c8e852d1c1afb032a

📌 Binance Account မရှိသေးရင် အကောင့်ဖွင့်ရန် Link: 

https://accounts.binance.info/en/register?ref=HKGNEVE8 

Binance Referral Code: HKGNEVE8

ကျွန်တော်ပေးတဲ့ လင့်ကနေ အကောင့်ဖွင့်ထားရင် နောက်လုပ်မယ့် Exclusive Campaign တွေဝင် Join နိုင်မှာဖြစ်သလို Trade တိုင်းလည်း Life Time Discount 20% ရဦးမှာပါ။ 

Crypto အခြေခံတွေအပြင် သတင်းတွေနဲ့ ပတ်သက်ပြီး ဖတ်ချင်ရင် Crypto Mate ကို follow လုပ်ထားပါဦးဗျ။ 

🔹 Crypto မှာလည်း Risk ရှိပါတယ်။ ဒါ့ကြောင့် အမြဲတမ်းလိုလို ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် ကိုယ်တိုင် သေချာစဉ်းစားပြီးမှ ပြုလုပ်သင့်ပါတယ်။ Not Financial Advice. DYOR! 

#binance #crypto #alphapoints #megadrop #alphaairdrop