Binance က HODLer Airdrop နောက်တစ်ခုပေးလိုက်ပါပြီ။ MyShell ဆိုတဲ့ AI project တခုပါ။ AI ဆိုတာ developer တွေအတွက်ပဲ ဖြစ်မယ်ထင်ရပေမယ့် MyShell ကတော့ user တွေပါ ပါဝင်နိုင်မယ့် decentralized platform တခု ဖြစ်ပါတယ်။ AI model တွေ, AI agent တွေကို တနေရာတည်းမှာ စုပေါင်းပေးထားတဲ့ platform ပုံစံလည်း ဖြစ်ပါတယ်။

.

MyShell မှာ team ဖန်တီးထားတဲ့ open-source AI agent တွေ ရှိသလို user တွေဖန်တီးထားတဲ့ AI agent တွေလည်း ပါပါတယ်။ ဥပမာ Elon Musk AI agent တခုလုပ်လိုက်ရင် Elon Musk ရဲ့ စကားပြောဟန်, အမူအကျင့်တွေ ကို AI နဲ့ ပြန်ဖန်တီးနိုင်ပါတယ်။ Elon နဲ့တကယ် စကားပြောနေတာလို feeling ဖြစ်အောင် ဖန်တီးနိုင်တာကြောင့် chatbot တွေထက် ပို advanced ဖြစ်ပါတယ်။

နောက်ထပ် feature တွေထဲမှာ text-to-speech, large language models တွေလည်း ပါလာပြီး AI နဲ့ ကိုယ့်ပုံစံမျိုးစုံ ပြောင်းနိုင်တဲ့ tools တွေလည်း ပါဝင်လာပါပြီ။

MyShell ဟာ creator တွေအတွက် reward system တခုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ AI agent တွေဖန်တီးပြီး, လူသုံးများလေလေ, ပို reward ရနိုင်တဲ့ system ပါ။ SHELL token က native token ဖြစ်ပြီး AI tools ဝယ်တာ, ads တွေ promote လုပ်တာမှာ အသုံးပြုနိုင်ပါတယ်။

.

MyShell ရဲ့ လက်ရှိ data တွေအရတော့

🔹 5M+ user တွေရှိပြီး 200K+ creator တွေ ရှိနေပါတယ်။

🔹 AI agent ပေါင်းလည်း 20k ကျော်အထိ ရှိနေပါတယ်။

🔹 AI agent တခုနဲ့တောင် တလကို $4,000 ရနေသူတွေလည်း ရှိတာကြောင့် စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်။

🔹 DeepSeek V3 & R1 ကို 4 နာရီအတွင်း MyShell မှာ integrate နိုင်ခဲ့တာကြောင့် user တွေချီးကျူးမှုတွေ ရထားပါသေးတယ်။

.

Funding အနေနဲ့ကတော့ $16.6M အထိ ရထားပြီး Binance Labs နဲ့ HashKey Capital တို့လို နာမည်ကြီးလုပ်ငန်းစုကြီးတွေ ပါဝင်ရင်းနှီးမြှုပ်နှံထားပါတယ်။

Total Supply ကတော့ 1B SHELL ရှိပြီး Binance မှာ list ပြီးနောက် circulating supply ကတော့ 270M SHELL အထိ ရှိလာမှာပါ။

.

Binance HODLer Airdrop တွေဟာ user တွေကို surprise တိုက်တာဖြစ်ပြီး Simple Earn product တွေထဲမှာ BNB အမြဲ stake ထားသူတွေအတွက် လက်ဆောင်တခုလိုပါပဲ။ အခု SHELL အတွက် airdrop တွက်ပုံကတော့ February လ 14 ရက်နေ့ကနေ 18 ရက်နေ့အတွင်း Simple Earn product တွေထဲ BNB stake ထားသူတွေကို airdrop ပေးသွားခဲ့တာပါ။ ဒါကြောင့် HODLer Airdrop လိုချင်ရင် BNB တွေကို Simple Earn ထဲ ထည့် HODL ထားရုံကလွဲပြီး ဘာမှလုပ်စရာမလိုပါဘူး။

.

အခုတခေါက် HODLer Airdrop မှာ SHELL token ပေါင်း 25 million အထိ ပေးခဲ့တာဖြစ်ပေမယ့် Binance Spot မှာ list ပြီး 6 လအကြာမှာ နောက်ထပ် 25 million SHELL ထပ်ပေးသွားမှာဖြစ်ကြောင်းလည်း Binance ဖက်က ဆိုထားပြီး အသေးစိတ်ကိုတော့ ကြေငြာချက်သက်သက်ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရပါတယ်။

.

ဒီတခေါက်မှာ BNB တွေ Simple Earn ထဲ မထည့်ထားမိလို့ SHELL မရလိုက်သူတွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့။ အခုတည်းက BNB တွေကို Flexible ဒါမှမဟုတ် Locked Staking တွေထဲ ထည့်ထားရင်း နောက်တခါ HODLer airdrop အတွက် ကြိုတင်ပြင်ဆင်ထားလိုက်ရအောင်ပါ။

#HODLerAirdrop #MyShell