Binance Launchpool မှာ RedStone ဆိုတဲ့ project အသစ်ကို မိတ်ဆက်လာပါပြီ။ ဒီ project လေးက DeFi ကို blockchain မျိုးစုံပေါ်မှာ လွယ်လွယ်ကူကူ သုံးနိုင်အောင် support ပေးတဲ့ oracle platform တခုပါ။ Ethereum, Polygon တို့လို EVM compatible chains တွေမှာ သုံးလို့ရသလို, TON တို့လို EVM မဖြစ်တဲ့ chains တွေမှာပါ DeFi data solution တွေကို ပေးစွမ်းနိုင်မယ့် project တခုဖြစ်ပါတယ်။
RedStone ဟာ သာမန် oracle တွေနဲ့မတူတဲ့ အကြောင်းက data ကို အမြဲမထည့်ဘဲ လိုချင်မှပဲ ဆွဲယူတာမျိုးကြောင့်ပါပဲ။ ဒါကြောင့် gas fee သက်သာလာပြီး, network congestion နည်းသွားနိုင်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ EVM chains နဲ့ Non-EVM chains နှစ်ဖက်လုံးမှာ support လုပ်နိုင်တာဖြစ်ပြီး Project တွေအနေနဲ့လည်း သူ့ရဲ့ data feed တွေကို လိုအပ်သလို customization လုပ်လို့ရပါတယ်။
RedStone project ရဲ့ funding အနေနဲ့တော့ $22.87 million ရရှိထားပြီး funding round ပေါင်း 4 ခု အထိ ရှိခဲ့ပါတယ်။ အဓိကရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ကတော့ Arrington Capital, Amber Group, Coinbase Ventures တို့လို ကြီးကြီးမားမား VC firm တွေ ပါဝင်ပါတယ်။
.
အခု Binance Launchpool မှာ မိတ်ဆက်လာတဲ့ RED ကတော့ RedStone ရဲ့ native token ဖြစ်ပြီး, Governance, Staking, Platform fees စသဖြင့် project မှာ သုံးလို့ရနိုင်မယ့် utility token ဖြစ်ပါတယ်။ Total supply က 1 billion ဖြစ်ပြီး Binance မှာ listing တော့ 280 million tokens circulation ထဲမှာ ရှိလာပါမယ်။
.
Tokenomics အသေးစိတ်အနေနဲ့
31.7% - Early Investors
20% - Core Contributors
4% - Binance Launchpool
10% - Community & Genesis
24.3% - Ecosystem & Data Providers
10% - Protocol Development စီ သတ်မှတ်ထားပါတယ်။
.
Binance Launchpool မှာတော့ Feb 26, 2025 မနက် 6 နာရီခွဲကနေ Feb 28 မနက် 6 နာရီခွဲအထိ BNB၊ USDC နဲ့ FDUSD တွေ stake ပြီး RED token တွေ farm လို့ရမှာပါ။
Launchpool ဟာ BNB holder တွေအတွက် အဓိကလုပ်ထားတာဖြစ်တဲ့အတွက် BNB Pool မှာ 32 million RED ပါဝင်ပြီး, FDUSD နဲ့ USDC Pool မှာတော့ 4 million RED စီ ပါပါတယ်။
.
BNB နဲ့ farm ရင် 1 နာရီမှာ အများဆုံး 66,666 RED ရနိုင်ပြီး
FDUSD နဲ့ USDC သုံးပြီး farm ရင်တော့ - 1 နာရီ မှာ အများဆုံး 8,333 RED စီရနိုင်ပါတယ်။
.
Feb 28 ရက် ညနေ 4 နာရီခွဲမှာတော့ Binance Spot - Pre-Market မှာ trading လုပ်လို့ရနိုင်မှာပါ။ ဒါပေမယ့် Pre-Market မှာ Price-Cap mechanism တခု ထည့်လာတာကြောင့် trade လုပ်လို့ရနိုင်မယ့် price မှာ အကန့်အသတ်တွေ ရှိလာတော့မှာဖြစ်ပါတယ်။
.
Pre-Market Price Limit တွေအနေနဲ့
Feb 28 ညနေ 4 နာရီခွဲကနေ
Mar 1 ရက် ညနေ 4 နာရီခွဲအတွင်းမှာ pre-market အဖွင့်ဈေးရဲ့ 200% အတွင်းသာ trade လုပ်ခွင့်ရှိမှာဖြစ်ပြီး
Mar 1 ရက်နေ့ Mar 2 အတွင်းမှာတော့ 300% နဲ့
Mar 2 ရက်ကနေ Mar 3 ရက်အတွင်းမှာတော့ 400% သာ trading လုပ်ခွင့်ရမှာပါ။
ဒါပေမယ့် Mar 3 ရက် ညနေ 4 နာရီခွဲ နောက်ပိုင်းမှာတော့ price limit မရှိတော့ဘဲ စိတ်ကြိုက် trading လုပ်လို့ရနိုင်ပါပြီ။
ဒီ Price-Cap မျိုးသုံးတာက price manipulation မဖြစ်ဖို့နဲ့ ဈေးကစားတာတွေ ကာကွယ်ဖို့ ဖြစ်နိုင်ပါတယ်။
.
အဓိက သိသင့်တာတွေကတော့
RED Token ကို Launchpool မှာ farm လို့ရနေပြီဖြစ်ပြီး BNB နဲ့ဆိုရင် ပိုရနိုင်ပါတယ်။
Pre-Market Trading မှာ Price Cap သတ်မှတ်ထားတာကြောင့် 72 နာရီအတွင်း trading ဈေးတွေ အကန့်အသတ် ရှိနေမှာပေမယ့် March 3 ရက်နေ့ နောက်ပိုင်းမှာတော့ ပုံမှန်ပြန်ဖြစ်သွားမှာပါ။
Binance Launchpool ကို https://launchpad.binance.com/en/launchpool/RED_BNB ကနေ ပါဝင်နိုင်ပါတယ်။